Monday, September 22, 2014
ဒါလား..... ပြန်ပေးဆွဲထားတာ???? ထမင်းတောင်ကျွေးလိုက်သေးတယ်...
ဒါလား..... ပြန်ပေးဆွဲထားတာ???? ထမင်းတောင်ကျွေးလိုက်သေးတယ်
22 September 2014
 ဒါလား..... ပြန်ပေးဆွဲထားတာ???? 
ထမင်းတောင်ကျွေးလိုက်သေးတယ်
ပြည်သူတွေဟာ ခေတ်ပညာမတတ်ကျပါဘူး
ဒါပေမဲ့.... ဗုဒ္ဓအဆုံးအမ အတိုင်းနေထိုင်ကျင့်ကြံတယ်
မြန်မာရနံ့ ဘယ်တုန်းကမှ မပျောက်ခဲ့ပါဘူး
ပြည်သူလူထုက ကိုယ့်အိမ်ကိုယ့်ယာကို ကာကွယ်တာ
ပြည်သူလူထုက ကိုယ့်အသက်ရှင်ရပ်တည်မှူ့အတွက် မတရားအနိုင်ကျင့်မှု့ကို ခုခံကာကွယ်တာ
တဖက်စောင်းနင်း မတရားတဲ့အုပ်ချုပ်ရေးစနစ်အောက်မှာ.လူသားဖြစ်တည်မှု့ကို ခုခံကာကွယ်တာကို
အသည်းနှလုံးရှိတဲ့သူတိုင်း နှလုံးသားနဲ့ခံစားပြီး နားလည်ပေးကျမှာဘဲ
အမှန်တရားဘက်ကရပ်တည်တဲ့သူတိုင်း အဖိနှိပ်ခံပြည်သူလူထုဘက်ကရပ်ကျမှာဘဲ
ဒါကို ပြန်ပေးဆွဲသလေး ဘာလေးနဲ့
ဒါ ပြန်ပေးဆွဲတာ မဟုတ်ဘူး ကိုယ့်အိမ်ယာကျူးကျော်လာသူတွေရန်က ခုခံကာကွယ်တာ
ပြည်သူကို ပြည်သူက ပူးပေါင်းဝန်းရံပေးတာကို
သားသမီးချင်း မစာနာ  ပြန်ပေးမှု့နဲ့ ရာဇဝတ်ပုဒ်မတွေတပ်ပြီး မတရားအမှုဆင်တယ်
ဗကသရဲဘော်ဖြူ နှင်းထွေးကို ချက်ချင်းလွှတ်
ဗကသရဲဘော်ဖြူ နှင်းထွေးကို ချက်ချင်းလွှတ်
ဗကသရဲဘော်ဖြူ နှင်းထွေးကို ချက်ချင်းလွှတ်
ဗကသရဲဘော်ဖြူ နှင်းထွေးကို ချက်ချင်းလွှတ်
ဗကသရဲဘော်ဖြူ နှင်းထွေးကို ချက်ချင်းလွှတ်
ဗကသရဲဘော်ဖြူ နှင်းထွေးကို ချက်ချင်းလွှတ်
ဗကသရဲဘော်ဖြူ နှင်းထွေးကို ချက်ချင်းလွှတ်
ဗကသရဲဘော်ဖြူ နှင်းထွေးကို ချက်ချင်းလွှတ်
ဗကသရဲဘော်ဖြူ နှင်းထွေးကို ချက်ချင်းလွှတ်
စစ်အာဏာရှင်စနစ် ကျဆုံးပါစေ ။
အဓမ္မ၀ါဒီများ ကျဆုံးပါစေ ။
ပြည်သူ့ဒီမိုကရေစီတိုက်ပွဲ အောင်မြင်ပါစေ ။
ဗကသ အဓွန့်ရှည်ပါစေ ။
ပြည်သူတွေဟာ ခေတ်ပညာမတတ်ကျပါဘူး
ဒါပေမဲ့.... ဗုဒ္ဓအဆုံးအမ အတိုင်းနေထိုင်ကျင့်ကြံတယ်
မြန်မာရနံ့ ဘယ်တုန်းကမှ မပျောက်ခဲ့ပါဘူး...
ပြည်သူလူထုက ကိုယ့်အိမ်ကိုယ့်ယာကို ကာကွယ်တာ
ပြည်သူလူထုက ကိုယ့်အသက်ရှင်ရပ်တည်မှူ့အတွက် မတရားအနိုင်ကျင့်မှု့ကို ခုခံကာကွယ်တာ
တဖက်စောင်းနင်း မတရားတဲ့အုပ်ချုပ်ရေးစနစ်အောက်မှာ.လူသားဖြစ်တည်မှု့ကို ခုခံကာကွယ်တာကို
အသည်းနှလုံးရှိတဲ့သူတိုင်း နှလုံးသားနဲ့ခံစားပြီး နားလည်ပေးကျမှာဘဲ
အမှန်တရားဘက်ကရပ်တည်တဲ့သူတိုင်း အဖိနှိပ်ခံပြည်သူလူထုဘက်ကရပ်ကျမှာဘဲ
ဒါကို ပြန်ပေးဆွဲသလေး ဘာလေးနဲ့
ဒါ ပြန်ပေးဆွဲတာ မဟုတ်ဘူး ကိုယ့်အိမ်ယာကျူးကျော်လာသူတွေရန်က ခုခံကာကွယ်တာ
ပြည်သူကို ပြည်သူက ပူးပေါင်းဝန်းရံပေးတာကို
သားသမီးချင်း မစာနာ ပြန်ပေးမှု့နဲ့ ရာဇဝတ်ပုဒ်မတွေတပ်ပြီး မတရားအမှုဆင်တယ်
ဗကသရဲဘော်ဖြူ နှင်းထွေးကို ချက်ချင်းလွှတ်
ဗကသရဲဘော်ဖြူ နှင်းထွေးကို ချက်ချင်းလွှတ်
ဗကသရဲဘော်ဖြူ နှင်းထွေးကို ချက်ချင်းလွှတ်
ဗကသရဲဘော်ဖြူ နှင်းထွေးကို ချက်ချင်းလွှတ်
ဗကသရဲဘော်ဖြူ နှင်းထွေးကို ချက်ချင်းလွှတ်
ဗကသရဲဘော်ဖြူ နှင်းထွေးကို ချက်ချင်းလွှတ်
ဗကသရဲဘော်ဖြူ နှင်းထွေးကို ချက်ချင်းလွှတ်
ဗကသရဲဘော်ဖြူ နှင်းထွေးကို ချက်ချင်းလွှတ်
ဗကသရဲဘော်ဖြူ နှင်းထွေးကို ချက်ချင်းလွှတ်
စစ်အာဏာရှင်စနစ် ကျဆုံးပါစေ ။
အဓမ္မ၀ါဒီများ ကျဆုံးပါစေ ။
ပြည်သူ့ဒီမိုကရေစီတိုက်ပွဲ အောင်မြင်ပါစေ ။
ဗကသ အဓွန့်ရှည်ပါစေ ။
ဒေသတွင်းမှာလည်း မြန်မာ နောက်ကျနေပြီ
ဒေသတွင်းမှာလည်း မြန်မာ နောက်ကျနေပြီ
(Written By: နေထွန်းနိုင်)
22 September 2014
 (၁)
အာဆီယံဒေသဟာ တည်ငြိမ်ပြီး တိုးတက်မှုရှိတယ်လို့ အာဆီယံခေါင်းဆောင်တွေက ပြောလေ့ရှိပါတယ်။ အမေရိကန် အပါအဝင် အင်အားကြီး ဥရောပနိုင်ငံတွေက အာရှပစိဖိတ်ဒေကို အာရုံစိုက်လာချိန်မှာ ပို...
ပြောခဲ့ပါတယ်။
အာဆီယံပြည်သူ အားလုံးအတွက် လက်တွေ့မဆန်သလို ဖြစ်ခဲ့ပါတယ်။ လေအေးပေးစက်တပ် အစည်းအဝေးခန်းထဲမှာ အာဆီယံခေါင်းဆောင်တွေ ဆွေးနွေးနေပေမယ့် ပြည်သူတွေက သူတို့နဲ့ဝေးရာမှာ ရုန်းကန်နေရတာ အမှန်ပါပဲ။
အာဆီယံဒေသရဲ့ တိုးတက်မှု၊ တည်ငြိမ်မှုကိုပြောရင် နှိုင်းယှဉ်ပုံခြင်း မတူပါဘူး။ စီးပွားရေးအရ နိုင်ငံတချို့ တိုးတက်မှုရှိတာ မှန်ပါတယ်။ ဒီမိုကရေစီဖြစ်ထွန်းမှု၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ တိုးတက်မှု မရှိပါဘူး။
အာဆီယံနိုင်ငံတွေမှာ အာဏာရှင်စနစ် (ဒါမှမဟုတ်) အာဏာရှင်စနစ်နီးပါး ကျင့်သုံးတဲ့ နိုင်ငံငါးနိုင်ငံ ရှိပါတယ်။ အဲဒီထဲမှာ မြန်မာပါပါတယ်။ အာဏာရှင်တစ်ပိုင်း ဒီမိုကရေစီအယောင်ပြ အုပ်ချုပ်တာ သုံးနိုင်ငံရှိပါတယ်။ ထိုင်းနိုင်ငံ ပါပါတယ်။ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံပဲ ရှိပါတယ်။ လက်တွေ့အားဖြင့် နိုင်ငံရေးအရ အာဆီယံဒေသဟာ တည်ငြိမ်နေတယ်လို့ မဆိုနိုင်ပါဘူး။
ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ အာဆီယံနိုင်ငံတွေ နောက်ကျနေပါတယ်။
(၂)
နိုင်ငံရေးအရ နောက်ကျပေမယ့် စီးပွားရေးအရ တိုးတက်တဲ့နိုင်ငံတွေ ရှိနေပါတယ်။ တစ်နိုင်ငံချင်းစီအလိုက် တိုးတက်မှု ရှိခဲ့ပါတယ်။
အရင်က အာဆီယံနိုင်ငံတွေထဲမှာ ဖွံ့ဖြိုးမှုအနည်းဆုံး သတ်မှတ်ခံရတာ လေးနိုင်ငံရှိပါတယ်။ ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုတို့ ဖြစ်ပါတယ်။ အခုချိန်မှာ ဗီယက်နမ်က ဒီသတ်မှတ်ချက်ကနေ ရုန်းထွက်နိုင်ပါပြီ။ မြန်မာနဲ့လာအိုက ရုန်းကန်နေရပါတယ်။
အာဆီယံနိုင်ငံတွေထဲ နိုင်ငံရေးအရ မဟုတ်ဘဲ စီးပွားရေးတိုးတက်မှုရခဲ့တဲ့ နိုင်ငံတွေကို ပြန်ကြည့်ရင် မိုဘိုင်းဖုန်းနည်းပညာ အသုံးချနိုင်မှု အဓိကကျပါတယ်။ အခြေခံဆက်သွယ်ရေးစနစ် ခိုင်မာမှုနဲ့ နည်းပညာသုံး ဈေးကွက်ချဲ့ထွင်နိုင်မှုက အခြေခံပြည်သူတွေရဲ့ တိုးတက်မှုကို ထိုက်သင့်သလောက် ဖြစ်ထွန်းစေပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာ အခြေခံဆက်သွယ်ရေးစနစ် မရေရာမှုနဲ့ နည်းပညာသုံးဈေးကွက် မချဲ့ထွင်နိုင်တာ မြန်မာတစ်နိုင်ငံပဲ ရှိပါတော့တယ်။
(၃)
ပြီးခဲ့တဲ့ရက်ပိုင်းမှာ အာရှသတင်းကွန်ရက် (ANN) အဖွဲ့ဝင် နိုင်ငံတွေရဲ့ အယ်ဒီတာအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ စက်တင်ဘာ ၁၇ ရက်ကနေ ၁၉ ရက်အထိ ပြုလုပ်ခဲ့တာပါ။ အဲဒီအစည်းအဝေးတက်ရင်းကပဲ မြန်မာနိုင်ငံ နောက်ကျနေတဲ့ အချက်တွေကို ပိုသိလာရပါတယ်။
Eleven Media Group က ANN အဖွဲ့ဝင် ဖြစ်ပါတယ်။ ANN ကို အာရှနိုင်ငံ ၁၉ နိုင်ငံက သတင်းဌာန ၂၂ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ဟနွိုင်းမှာလုပ်ခဲ့တဲ့ အစည်းအဝေးက ANN အဖွဲ့ဝင် သတင်းဌာနတွေက အယ်ဒီတာတွေ တွေ့ခဲ့ကြတာပါ။ အယ်ဒီတာချုပ်တွေ တစ်နှစ်တစ်ကြိမ် တွေ့ကြပေမယ့် အယ်ဒီတာတွေတွေ့ပြီး အစည်းအဝေးလုပ်တာ ဒါပထမဆုံးအကြိမ်ပါပဲ။
အစည်းအဝေးမှာ အဖွဲ့ဝင်တစ်နိုင်ငံချင်းစီအလိုက် ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ ရှေ့ဆက်သွားမယ့် ANN လုပ်ငန်းစဉ်တွေကို အသေးစိတ် ဆွေးနွေးပါတယ်။
(၄)
တစ်နိုင်ငံချင်းစီအလိုက် ရင်ဆိုင်နေရတဲ့ အခက်အခဲကို ဆွေးနွေးတဲ့အခါ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ တိုးတက်မှုဆိုတာ နိုင်ငံအားလုံးထက် နောက်ကျနေတယ်ဆိုတာကို တွေ့ရပါတယ်။
အခြေခံအားဖြင့် မြန်မာနိုင်ငံမှာ ပုဂ္ဂလိကသတင်းစာတွေ ပေါ်လာတာ နှစ်ပိုင်းပဲ ရှိပါသေးတယ်။ ရေဒီယိုနဲ့ ရုပ်မြင်သံကြား သတင်းဌာနတွေကို အစိုးရ၊ အစိုးရနဲ့ ဆက်နွှယ်နေသူ ခရိုနီလုပ်ငန်းရှင်တွေကပဲ ပိုင်ထားပါတယ်။
သတင်းဌာနတွေရဲ့ အခြေခံအဆောက်အအုံ၊ လူ့စွမ်းအားအရင်းအမြစ် အခြေမခိုင်သေးပါဘူး။ နောက်ပြီး မြန်မာနိုင်ငံက သတင်းဌာနတိုင်း သတင်းဝက်ဘ်ဆိုက် မရှိသေးသလို ဒစ်ဂျစ်တယ်သတင်းစာ၊ E-Paper၊ အွန်လိုင်းမီဒီယာနဲ့ မိုဘိုင်းဖုန်းကတစ်ဆင့် အခကြေးငွေနဲ့ သတင်းဖြန့်ဝေမှုဆိုတာ စာဖတ်သူတွေနဲ့ အလှမ်းကွာနေပါတယ်။
ANN အဖွဲ့ဝင် နိုင်ငံအများစုမှာ ဒါတွေက အခက်အခဲ မဟုတ်တော့ပါဘူး။ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ထိုင်ဝမ်၊ အိန္ဒိယ စတဲ့နိုင်ငံတွေမှာ ဒီလိုအခက်အခဲတွေ မရှိတော့ပါဘူး။ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သိရိလင်္ကာ၊ ဘရူနိုင်းတို့လို နိုင်ငံတွေတောင် အခြေအနေကောင်းတစ်ခုကို ဖြတ်သန်းနေပါပြီ။
ဗီယက်နမ်မှာလည်း မြန်မာနိုင်ငံမှာ ရင်ဆိုင်ရတဲ့ အခက်အခဲပုံစံမျိုး သိပ်မရှိပါဘူး။ ဗီယက်နမ်အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ ဗီယက်နမ်သတင်းအေဂျင်စီက သတင်းထောက်ရာခိုင်နှုန်း ၉ဝ ဟာ အင်တာနက်ကိုသုံးပြီး သတင်းပေးပို့တာကို လုပ်ကိုင်နေပါတယ်။ မကြာသေးခင်ကပဲ TTXVN ဆိုတဲ့ သတင်းသီးသန့် ရုပ်သံလိုင်းကို ဗီယက်နမ် သတင်းအေဂျင်စီက လုပ်ခဲ့ပါတယ်။ TTXVN က ဗီယက်နမ်ရဲ့ CNN ပဲလို့ ဗီယက်နမ်ပြည်သူတွေက ပြောပါတယ်။ တကယ်တော့ ဗီယက်နမ်သတင်းအေဂျင်စီဟာ အစိုးရရဲ့ Mouthpiece ဖြစ်ပါတယ်။
(၅)
ANN အဖွဲ့ဝင်နိုင်ငံ သတင်းဌာနတွေ ကြုံတွေ့နေရတဲ့ အဓိကအခက်အခဲက အွန်လိုင်းအသုံးပြု လူမှုကွန်ရက်မီဒီယာရဲ့ လွှမ်းမိုးလာမှုကို ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။
မိုဘိုင်းဖုန်းကို လူတိုင်းသုံးပါတယ်။ မိုဘိုင်းအသုံးပြု လူမှုကွန်ရက် သတင်းစီးဆင်းမှု ဖြစ်လာပါတယ်။ သတင်းစီးဆင်းမှုက ပိုပြီးမြန်ဆန်လာတယ်။ မှန်ကန်တိကျမှုနဲ့ အချက်အလက် ခိုင်မာမှုကို ဦးစားပေးတဲ့ သတင်းဌာနကြီးတွေအတွက် အခက်အခဲ ဖြစ်လာပါတယ်။ သတင်းဌာန ဝက်ဘ်ဆိုက်တွေရဲ့ တင်ဆက်အပေါ် စိတ်ဝင်စားမှု လျော့ကျလာပါတယ်။
မိုဘိုင်းအသုံးပြု လူမှုကွန်ရက်လို့ ဆိုတဲ့အခါ Facebook တစ်ခုတည်း မဟုတ်တော့ပါဘူး။ ထိုင်းမှာဆိုရင် Line ကို အသုံးများပါတယ်။ တရုတ်မှာ WeChat ကို ပိုသုံးလာပါတယ်။ Tango၊ QQ၊ WhatsApp စတာတွေက Pfingo၊ Skype နဲ့ Y! Messenger လို တခြား Messenger တွေကို ကျော်ဖြတ်သွားပါပြီ။ အာရှနဲ့ အာဆီယံနိုင်ငံတွေအကြား ဘုံအနေနဲ့ Viber ကို အများဆုံး သုံးလာပါတယ်။
မြန်မာနိုင်ငံမှာ Facebook နဲ့ Viber ကို အသုံးများလာပါတယ်။ WeChat သုံးတဲ့သူတွေ ရှိလာပါပြီ။ ဒါပေမဲ့ တခြားအာဆီယံနိုင်ငံတွေမှာ သုံးနေတဲ့ ပမာဏနဲ့ နှိုင်းယှဉ်ရင် နည်းပါသေးတယ်။ မိုဘိုင်းဖုန်းသုံးနိုင်တဲ့သူ အရေအတွက် အနည်းအများနဲ့ သက်ဆိုင်ပါတယ်။ အင်တာနက်မြန်နှုန်း ကောင်းခြင်း၊ မကောင်းခြင်းနဲ့လည်း သက်ဆိုင်ပါတယ်။
(၆)
မိုဘိုင်းအသုံးပြု လူမှုကွန်ရက် သတင်းစီဆင်းမှုမှာ နေရာယူနိုင်ဖို့ ANN အဖွဲ့ဝင် အယ်ဒီတာတွေ အပြင်းအထန် ဆွေးနွေးခဲ့ပါတယ်။ သမားရိုးကျ သတင်းစီးဆင်းမှုပုံစံက အလုပ်မဖြစ်တော့ပါဘူး။ SMS၊ E-Paper၊ iSnap၊ ဒစ်ဂျစ်တယ်သတင်းစာတွေကို မိုဘိုင်းက အလွယ်တကူဖတ်နိုင်တဲ့ အခြေအနေရောက်အောင်လုပ်ဖို့ အဖြေရှာကြပါတယ်။
Eleven Media Group က တခြား ANN အဖွဲ့ဝင် နိုင်ငံတွေနဲ့နည်းတူ ဒစ်ဂျစ်တယ်သတင်းစာကို စတင်ထုတ်ဝေနေပါပြီ။ မိုဘိုင်းဖုန်းကတစ်ဆင့် SMS ပေးပို့တဲ့ သတင်းစီးဆင်းမှုကိုလည်း လုပ်ခဲ့ပြီးပါပြီ။ မိုဘိုင်းအင်တာနက်သုံးပြီးကြည့်နိုင်တဲ့ iSnap ကို လုပ်ခဲ့ပါတယ်။ Facebook ကတစ်ဆင့် သတင်းဖြန့်ဝေမှုကိုလည်း လုပ်ခဲ့ပါတယ်။ မြန်မာ၊ အင်္ဂလိပ် သတင်းဝက်ဘ်ဆိုက်ကို အခိုင်အမာ တည်ဆောက်ထားပါတယ်။ WebTV ကတစ်ဆင့် ရုပ်သံသတင်းတွေ ဖြန့်ဝေပါတယ်။ ဒစ်ဂျစ်တယ်သတင်းစာနဲ့ SMS ကလွဲလို့ အများစုကို အခမဲ့ဖတ်ရှုလေ့လာခွင့် ပေးခဲ့တာပါ။ ကျန်တဲ့နိုင်ငံ အများစုမှာ အခကြေးငွေပေးပြီး ဝယ်ယူဖတ်ရှုရပါတယ်။ ဒါက တခြားနိုင်ငံတွေနဲ့ မြန်မာနိုင်ငံ မတူတဲ့အချက်ပါ။
(၇)
ANN အဖွဲ့ဝင် အယ်ဒီတာတွေ ဆွေးနွေးကြတဲ့အထဲမှာ စိတ်ဝင်စားစရာကောင်းတာက လူမှုကွန်ရက် သတင်းဖြန့်ဝေမှုတွေမှာ တာဝန်ယူမှု ကင်းမဲ့ခြင်းပြဿနာ ဖြစ်ပါတယ်။
သတင်းဌာနကြီးတွေက ပေးပို့တဲ့ပုံစံနဲ့ သတင်းတွေကို ပုံမှားရိုက်ဖြန့်ဝေတာ၊ သတင်းဌာနကြီးတွေနာမည်နဲ့ ဝက်ဘ်ဆိုက်အတု၊ လူမှုကွန်ရက် အတုလုပ်ပြီး သတင်းဖြန့်ဝေတဲ့ အချက်တွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီပုံစံတွေ ဖြစ်နေပါပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ မတူတာက တခြားနိုင်ငံတွေမှာ ထိရောက်တဲ့အရေးယူမှုတွေ ရှိတဲ့အချက်ပါ။
ANN အဖွဲ့ဝင် အယ်ဒီတာတွေနဲ့ စကားပြောတဲ့အခါ သူတို့နိုင်ငံတွေမှာ အစိုးရကဦးဆောင်ပြီး ‘လူမှုတာဝန်သိ မီဒီယာ’ ဆိုတာကို သိပ်မပြောပါဘူး။ လူမှုကွန်ရက်မီဒီယာနဲ့ သတင်းဌာနတွေကို ကွဲကွဲပြားပြား နားလည်သဘောပေါက်ထားပါတယ်။
မီဒီယာအငြင်းပွားမှုတွေကို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေအတိုင်းပဲ သွားပါတယ်။ လူမှုကွန်ရက်မီဒီယာ အငြင်းပွားမှု ပြဿနာတွေမှာလည်း ဥပဒေအတိုင်းပဲ လုပ်ကြပါတယ်။ လူမှုကွန်ရက်ပေါ်က ပရမ်းပတာဆန်မှု၊ အချက်အလက် မခိုင်မာမှုတွေကို ဥပဒေအတိုင်း ကိုင်တွယ်တယ်လို့ ဆိုပါတယ်။
ဝက်ဘ်ဆိုက်အတု၊ လူမှုကွန်ရက်အတု လုပ်တာပဲဖြစ်ဖြစ်၊ အင်တာနက်သုံးပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်၊ လှုံ့ဆော်မှုတွေ ရှိတယ်ဆိုရင် ပထမဆုံး အဲဒါတွေကို ဖယ်ရှားပစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ လုပ်ဆောင်သူတွေကိုဖော်ထုတ်ပြီး အရေးယူပါတယ်။ ကိစ္စတိုင်းကို ဖော်ထုတ်အရေးယူတာမျိုး မလုပ်နိုင်ပေမယ့် ထပ်မဖြစ်အောင် အထိုက်အလျောက် ဟန့်တားနိုင်ခဲ့တယ်လို့ သူတို့က ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ ဒီလိုမဖြစ်သေးပါဘူး။ အင်တာနက်ပေါ်က ပရမ်းပတာဆန်မှု၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ၊ အလွဲသုံးစားလုပ်မှုတွေကို ထိရောက်တဲ့ အရေးယူနိုင်စွမ်း မရှိသေးပါဘူး။ ဒီကိစ္စကို ကိုင်တွယ်ရမယ့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့လည်း ကိုင်တွယ်နိုင်စွမ်းအား နည်းပါတယ်။ Cyber Police ဆိုတာ ဖွဲ့ထားပြီးဖြစ်ပေမယ့် ဒီအဖွဲ့ ဘာတွေလုပ်နေလဲဆိုတာ မသိရသေးပါဘူး။
ဥပမာအားဖြင့် Eleven Media Group ကို လူမှုကွန်ရက်မီဒီယာ အသုံးပြုပြီး မဟုတ်မမှန်ပြောဆို အပုပ်ချသူတွေ၊ မှတ်ချက်ရေးသားသူတွေ၊ မီဒီယာနာမည် အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးစီးပွားရှာသူတွေ ရှိနေပါတယ်။ ဒီလူတွေကို အရေးယူဖို့ EMG က တရားစွဲဆိုထားတဲ့ အမှုတွေ ရှိပါတယ်။
ဒီလိုလုပ်တာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ချင်လို့ မဟုတ်ပါဘူး။ ဘယ်ကိစ္စမဆို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမှာ ဖြစ်သလို ဒါတွေကို အရေးယူနိုင်တဲ့ အခြေအနေတွေ၊ ဥပဒေတွေ ရှိတယ်ဆိုတာကို ဖော်ပြချင်ရုံပါပဲ။
တစ်ဖက်မှာလည်း မြန်မာနိုင်ငံက ရဲအရာရှိတွေဟာ အင်တာနက်ပေါ်က ပြစ်မှုတွေကို ထိရောက်စွာ ကိုင်တွယ်အရေးယူနိုင်ဖို့ အားနည်းနေပါတယ်။ သူတို့ကိုယ်တိုင်က အင်တာနက်နဲ့ပတ်သက်ပြီး အတွေ့အကြုံနည်းပါတယ်။ ဒါဟာ တခြားနိုင်ငံတွေ မဆိုထားနဲ့ အာဆီယံနိုင်ငံတွေနဲ့ပါ မတူတဲ့အချက် ဖြစ်ပါတယ်။
ရဲအရာရှိတွေရဲ့ အတွေ့အကြုံနည်းမှုက အန္တရာယ်ကြီးတဲ့ အနေအထား ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းသုံးသူ အရေအတွက် သန်းချီတိုးလာမယ်။ အင်တာနက်သုံးသူ အရေအတွက် သန်းချီရှိလာမယ်။ မိုဘိုင်းအင်တာနက် ရာဇဝတ်မှုကျူးလွန်သူတွေ များလာမယ်။ လူ့အဖွဲ့အစည်းအတွက် စိုးရိမ်စရာကောင်းပါတယ်။
(၈)
ဒေသတွင်း နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ နောက်ကျနေရတဲ့အချက်က ရှင်းပါတယ်။ အာဆီယံနိုင်ငံ အများစုဟာ မိုဘိုင်းအင်တာနက်ခေတ် တော်လှန်ရေးကို ဖြတ်သန်းပြီးခဲ့ပါပြီ။ အခြေခံဆက်သွယ်ရေးစနစ်နဲ့ အင်တာနက်မြန်နှုန်းက သူတို့အတွက် ပြဿနာမဟုတ်တော့ပါဘူး။
မြန်မာနိုင်ငံက မိုဘိုင်းအင်တာနက်ခေတ် တော်လှန်ရေးကို ဖြတ်သန်းဖို့ အခုမှ တာစူနေပါတယ်။ တကယ်လုပ်မယ်ဆိုရင် တစ်နှစ်၊ နှစ်နှစ်အတွင်း ကျော်ဖြတ်နိုင်မှာဖြစ်ပေမယ့် မိုဘိုင်းအော်ပရေတာခွင့်ပြုတဲ့ ကိစ္စမှာတင် မြေစမ်းခရမ်းပျိုး အဆင့်ရောက်အောင် အချိန်တွေ အများကြီးယူခဲ့ပါတယ်။
မိုဘိုင်းအော်ပရေတာ ခွင့်ပြုလိုက်တာက မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို ဖော်ကျူးနိုင်မှာ မဟုတ်ပါဘူး။ မိုဘိုင်းအသုံးပြု အခြေခံဆက်သွယ်ရေးခိုင်မာပြီး ဒါကို အသုံးချနိုင်တဲ့ အခြေအနေတွေ ဖန်တီးပေးမှ တိုးတက်မှုဖြစ်လာမှာပါ။
အခုချိန်မှာ တိုးလာတဲ့ ဆင်းမ်ကတ်အရေအတွက်ထက် ဖုန်းလိုင်းမကောင်းတဲ့ ပြဿနာက ပိုကြီးနေပါတယ်။ ဆင်းမ်ကတ်အရေအတွက် တိုးလာပြီးမှ အင်တာနက်ရေအောက်ဆက်ကြောင်း ပြတ်တောက်မှုက မကြာခဏ ဖြစ်နေပါတယ်။ အင်တာနက်မြန်နှုန်း လုံးဝမကောင်းသေးပါဘူး။ ဒီအခြေအနေတွေအတွက် ‘ကောင်းအောင်လုပ်နေတယ်’ ဆိုတဲ့ စကားလုံးက ခိုင်လုံတဲ့အကြောင်းပြချက် မဟုတ်ပါဘူး။
မိုဘိုင်း အင်တာနက်ခေတ်တော်လှန်ရေးကို ကျော်ဖြတ်နိုင်ခဲ့လို့ အာဆီယံနိုင်ငံအများစု စီးပွားရေးအရ တိုးတက်သွားပါတယ်။ ဒီလိုတိုးတက်မှုတွေ နှစ်တွေအများကြီး အချိန်မယူပါဘူး။ အချိန်သုံးလေးနှစ်အတွင်း တိုးတက်မှုဖြစ်အောင် လုပ်သွားခဲ့တာပါ။
(၉)
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ‘မြန်မာနိုင်ငံ တိုးတက်နေပါပြီ’ ဆိုတဲ့စကားက ပြည်သူတွေအတွက် ‘ဖောင်စီးရင်းရေငတ်’ ပါပဲ။ စကားလုံးအားဖြင့် တိုးတက်နေပြီဆိုတာ လူတိုင်းပြောနိုင်ပါတယ်။ လက်တွေ့ခံစားမှုကို ပြည်သူတွေအသိဆုံး ဖြစ်ပါတယ်။
စကားလုံးတွေ၊ ပြည်သူတွေမသိတဲ့ မဟာဗျူဟာတွေ၊ လှိုင်းလုံးဆိုတာတွေနဲ့ တိုးတက်မှုကို ပြလို့မရပါဘူး။ အစိုးရအဖွဲ့တွင်း အဂတိလိုက်စားမှု၊ ခြစားမှု ရှိနေပါတယ်။ ဒါကြောင့် တိုင်းပြည်တိုးတက်သင့်သလောက် မတိုးတက်တာပါ။
တစ်ချိန်က မြန်မာနိုင်ငံ မတိုးတက်တာ အာဏာရှင်စနစ်ကြောင့် ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် မတိုးတက်တာက အာဏာရှင်ခေတ်ဟောင်းအမွေ အဂတိလိုက်စားမှုနဲ့ ခြစားမှုတွေ ဆက်ရှိနေလို့ပါ။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် အာဆီယံဒေသတွင်းမှာလည်း မြန်မာနိုင်ငံ နောက်ကျနေပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ရန် အစိုးရ၊ တပ်မတော်တို့နှင့် ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်မည်ဆိုသည့် လုပ်ငန်းစဉ်များသာ ချမှတ်ထားဟု UNFC ပြောကြား
ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ရန် အစိုးရ၊ တပ်မတော်တို့နှင့် ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်မည်ဆိုသည့် လုပ်ငန်းစဉ်များသာ ချမှတ်ထားဟု UNFC ပြောကြား
22 September 2014
 ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ရန် အစိုးရ၊ တပ်မတော်တို့နှင့် ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်မည်ဆ...
ိုသည့် လုပ်ငန်းစဉ်များသာ ချမှတ်ထားသည်ဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အထွေထွေအတွင်းရေးမှူး ခူဦးရယ်က စက်တင်ဘာ ၂ဝ ရက်တွင် ပြောကြားသည်။
UNFC ၏ လုပ်ဆောင်ချက်များသည် ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်လာနိုင်ဟု စက်တင်ဘာ ၁၉ ရက်က နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသားအရာရှိများနှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည့်အပေါ် UNFC ၏ အထွေထွေအတွင်းရေးမှူးက ယခုကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။
ခူဦးရယ်က “ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပျက်ပြားစေရလောက်အောင် UNFC က ဘာတွေလုပ်နေတယ်လို့ ထောက်ပြပါသလဲ။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ မှတ်ချက်ကတော့ ဘယ်သဘောထားအပေါ် အခြေခံပြီး ပြောသလဲဆိုတော့ ကျွန်တော်တို့ မသိနိုင်ပါဘူး။ ဒါကတော့ သူ့ရဲ့မှတ်ချက်လို့ပဲ ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်တို့ UNFC ကတော့ နဂိုမူလကတည်းက ရပ်တည်ချက်အတိုင်းပဲ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆက်ပြီးတော့ အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ဖို့တော့ ရှိပါတယ်။ ကျွန်တော်တို့ဘက်က နောက်ဆုတ်ဖို့တော့ မရှိပါဘူး။ အတတ်နိုင်ဆုံး အစိုးရနဲ့ တပ်မတော်နဲ့ ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ဖို့ဆိုတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ထားတာပဲ ရှိပါတယ်။ ဒါကတော့ ဘယ်အကြောင်းကြောင်းကြောင့် မူပြောင်းလဲတာမျိုးတွေလည်း မရှိပါဘူး။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်မယ်ဆိုတဲ့ သဘောထားတော့ ရှိပါတယ်” ဟု ပြောကြားသည်။
ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ရန် ညှိနှိုင်းဆောင်ရွက်သည့် အခြေခံအောက်မှ သွားမည်ဖြစ်ကာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အမြန်ဆုံးစတင်နိုင်ရေး အစိုးရ၊ တပ်မတော်တို့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။
“ကျွန်တော်တို့ NCCT မှာ အားလုံးနီးနီးက UNFC အဖွဲ့ဝင်တွေချည်းပဲ။ NCCT မှာလည်း အစိုးရနဲ့ တပ်မတော်တို့နဲ့ ပြေလည်အောင် ညှိနှိုင်းလုပ်ဆောင်နေတဲ့ အပေါ်မှာလည်း တစ်သဘောတည်း ရှိပါတယ်။ ဒီအတိုင်းပဲ ရပ်တည်ပါတယ်။ NCCT လုပ်ဆောင်ချက်နဲ့ ကျွန်တော်တို့ UNFC လုပ်ဆောင်ချက်က ကွဲပြားတာမရှိပါဘူး။ အဲဒါကြောင့်မို့ ကျွန်တော် UNFC ရဲ့ ရပ်တည်ချက်က NCCT သွားနေတဲ့ လမ်းကြောင်းအတိုင်းပါပဲ” ဟု NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ခူဦးရယ်က ပြောကြားသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တွင် UNFC အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်သည့် KIO, NMSP, SSPP, PNLO, CNF, KNPP, LDU, ANC, TNLA, WNO, MNDAA တို့မှ ကိုယ်စားလှယ်များနှင့် UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းထားသည့် KNU အဖွဲ့ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည်။
ထို့ပြင် အခြားကျန်သည့် NCCT အဖွဲ့ဝင်များဖြစ်သော ရက္ခိုင့်တပ်မတော်(AA)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ စသည့်အဖွဲ့များမှာလည်း UNFC ၏ ဆက်စပ်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသည့် အဖွဲ့များဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဩဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ကျင်းပခဲ့သည့် UNFC ၏ ပထမအကြိမ် ညီလာခံမှ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာ၍ တိုင်းရင်းသားအားလုံး၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အောင်မြင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဟူသည့်အချက် ပါဝင်သည်။
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းညှိနှိုင်းမှု ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် စက်တင်ဘာ ၂၂ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ပြည်သူများအား အသိပေးရှင်းလင်းရန်လိုကြောင်း ဗိုလ်ချုပ်ဂွန်မော် ပြော
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ပြည်သူများအား အသိပေးရှင်းလင်းရန်လိုကြောင်း ဗိုလ်ချုပ်ဂွန်မော် ပြော
Monday, September 22, 2014
Myanmar Online News's photo.
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်၏ Concept (အယူအဆ)နှင့် Process (လုပ်ငန်းစဉ်)ကို ပြည်သူလူထုအား ချပြရန်လ...
ိုအပ်ကြောင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ဒုတိယခေါင်းဆောင် ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။ယနေ့ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့၏ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် တတိယမူကြမ်း ညှိနှိုင်းအစည်းအဝေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
‘‘တချို့ ခေါင်းဆောင်များနဲ့ ပြည်သူများရဲ့ ပြောဆိုချက်တွေဟာ Single Text ရဲ့ Concept ကို နားမလည်တဲ့ ခေါင်းဆောင်များတွေ့ရပါတယ်။ Single Text လို့ ပြောလိုက်တာနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ အစိုးရဘက်ပါသွားပြီးလားလို့ ဆွေးနွေးတဲ့ ခေါင်းဆောင်တွေရှိပါတယ်’’ဟု ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။
အဆိုပါကိစ္စနှင့် ပြည်ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းကလည်း ‘‘တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ဆွေးနွေးတဲ့အပေါ်မှာ လူထုအများစုသိနိုင်အောင် နှစ်ဖက်စလုံးက ရှင်းလင်းဆွေးနွေးပြသဖို့ တိုက်တွန်းလိုပါတယ်’’ဟု ဆွေးနွေးပွဲအဖွင့် မိန့်ခွန်းတွင် ပြောကြားသွားခဲ့သည်။
‘‘တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက်အပေါ်မှာ လူထုကလည်း သိချင်နေကြပါတယ်။ ဘာလို့ကြာနေတာလဲလို့လည်း မေးနေကြတာရှိပါတယ်။ ပွင့်လင်းမြင်သာမှုရှိဖို့ ဆိုတာကိုလည်း ပြောနေကြပါတယ်’’ဟူ၍လည်း ဦးအောင်မင်းက ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တို့သည် စက်တင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက်မူကြမ်း ညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပမည်ဖြစ်ပြီး နှစ်ဖက်ခေါင်းဆောင်များ အစုံအညီတက်ရောက်လျက်ရှိသည်။ ယခုဆွေးနွေးပွဲမှာ UPWC နှင့် NCCT တို့ကြား ခြောက်ကြိမ်မြောက်ဆွေးနွေးပွဲ ဖြစ်သည်။
7 Day Daily
ပည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့၏ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် ဆွေးနွေးပွဲ (ဓာတ်ပုံ- ကျော်ဇင်သန်း)
Myanmar Online News's photo.
ရွေးကောက်ပွဲပြီးမှ နိုင်ငံရေးဆွေးနွေးပွဲလုပ်
ရွေးကောက်ပွဲပြီးမှ နိုင်ငံရေးဆွေးနွေးပွဲလုပ်
Written by: ဒေါက်တာရန်မျိုးသိမ်း
22 September 2014
လွတ်လပ်၊ တရားမျှတသော ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးအလွန်၊ အစိုးရများ၊ လွှတ်တော်များ ဖွဲ့စည်းပြီးသည့် အခါသမယတွင် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရေးကို ဦးစားပေးစဉ်းစားသင့်သည်။ နိုင်ငံရေးဆွေးနွေးပွဲများကို သက်တမ်းတစ်နှစ်ကျော်ကျော်သာ ကျန်ရှိမည့် အစိုးရများနှင့် လွှတ်တော်များခေတ်တွင် စတင်ကျင်းပခြင်းထက် သက်တမ်းငါးနှစ် တင်းပြည့်ကျပ်ပြည့်ရှိမည့် အစိုးရများ၊ လွှတ်တော်များခေတ်တွင် စတင်ကျင်းပခြင်းက နိုင်ငံရေးအရ ပိုမိုအားကောင်းမောင်းသန်စေမည် ဖြစ်သည်။
ပြည်ထောင်စုအဆင့် အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများအသံသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရအကြား အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရန် နီးစပ်လွန်းနေသော အခြေအနေတွင် ပိုမိုကျယ်ကျယ်လောင်လောင် ထွက်ပေါ်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူလူထု၏ လွတ်လပ်ကတည်းက ဆုံးရှုံးလျက်ရှိသော မျှော်လင့်ချက်များ ပြန်အသက်သွင်းနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲများကို ဖော်ဆောင်နိုင်ရေးဆိုလျှင် အချိန်ယူရမည်။ အကျေအလည် ညှိနှိုင်းရမည်။ ယုံကြည်မှုနှင့် နားလည်မှု တည်ဆောက်ရမည်။ ရေရှည်အမြင်နှင့် ချဉ်းကပ်ရမည်။ သို့မှသာ ၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကျင်းပခဲ့သော အမျိုးသားညီလာခံနှင့်မတူ ကွဲပြားခြားနားမည်ဖြစ်သည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးပါက ရက်ပေါင်းခြောက်ဆယ်အတွင်း မူဝါဒချမှတ်ရေး အစည်းအဝေး ကျင်းပရန်နှင့် ရက်ပေါင်းကိုးဆယ်အတွင်း ပါဝင်သင့်၊ ပါဝင်ထိုက်သူအားလုံး ပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို စတင်ရန် စီစဉ်ထားသည်ဟူသော အသံများကို ကြားသိနေရသည်။ တွေ့ဆုံဆွေးနွေးမှုဆိုင်ရာ နိုင်ငံရေးမူဝါဒ ချမှတ်ရေး အစည်းအဝေးများသည် တစ်လကိုးသီတင်းနှင့် ပြီးပြတ်နိုင်ရန် ခဲယဉ်းသည်ကို မျက်ခြည်မပြတ်သင့်ပါ။ အစကောင်းမှ အနှောင်းသေချာမည် ဖြစ်သဖြင့် နိုင်ငံရေးမူဝါဒနှင့် လုပ်ငန်းစဉ်များ ဆွေးနွေး၊ အတည်ပြုမည့် အစည်းအဝေးများကို အချိန်ယူကျင်းပနိုင်ရေးသည် လတ်တလော နိုင်ငံရေးစိန်ခေါ်မှု ဖြစ်လာနေသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်၊ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအလွန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးနှင့် အမျိုးသားညီလာခံလမ်းကြောင်းကို ပြင်ဆင်ခဲ့သည့် ကာလသည်ပင် အနည်းဆုံး တစ်နှစ်ကျော် ကြာမြင့်ခဲ့သည်။ ကိုယ့်လူအချင်းချင်း၊ နှစ်သင်းခွဲကန်ခဲ့သော အမျိုးသားညီလာခံ အကြိုမူဝါဒ၊ လမ်းစဉ်၊ စီမံချက်ပြင်ဆင်ရေး အစည်းအဝေးများသည် အကြိတ်အနယ်ဖြစ်မှု အလျှင်မရှိခဲ့သော်လည်း လစ်ကွက်ဟာကွက်များ နည်းနိုင်သမျှနည်းအောင် ဆွေးနွေးအဖြေရှာခဲ့ရသည့်အတွက် အချိန်ယူခဲ့ရခြင်းဖြစ်ကောင်း ဖြစ်နိုင်သည်။ နိုင်ငံရေးအရ ပိုမိုအကြိတ်အနယ်ရှိမည့် နိုင်ငံရေးဆွေးနွေးပွဲများဆိုလျှင် ပြင်ဆင်မှုကာလ ပိုမိုအချိန်ယူရနိုင်ဖွယ်ရှိသည်ဟု သုံးသပ်နိုင်သည်။
ထို့ကြောင့် ၂၁ ရာစု ပင်လုံညီလာခံဟုပင် သတ်မှတ်နိုင်မည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အခြားဖိတ်ကြားသင့်သူများ ပါဝင်မည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲများ၏ အကြိုဆွေးနွေးပွဲကာလကို တစ်လ၊ နှစ်လနှင့် ဖြတ်သန်းမရနိုင်သည့်အပြင် အနည်းဆုံး တစ်နှစ်ခန့် အချိန်ယူပြင်ဆင်ရဖွယ် ရှိနေသည်ဟု သုံးသပ်နိုင်သည်။ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်မည့် အမြင်သဘောထား ကွဲပြားခြားနားသူများအကြား ဘုံမူဝါဒ၊ ဘုံလမ်းစဉ်၊ ဘုံလုပ်ငန်းစဉ်တစ်ရပ် ချမှတ်ရေးသည် လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့်နက်သည်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း တိုက်တွန်းနှိုးဆော်လိုပါသည်။
ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲကြီးတွင် ကိုယ်စားလှယ်ရွေးချယ်မှုဆိုင်ရာ မူဝါဒများချမှတ်ရန်ပင် အချေအတင် ငြင်းခုံဆွေးနွေးရဖွယ် ရှိနေသည်။ အာဏာရ အစုအဖွဲ့နှင့် အတိုက်အခံ အစုအဖွဲ့အကြား ကိုယ်စားလှယ်အများစု ရရှိနိုင်ရေးကို အားပြိုင်ရှေးရှုကြမည်ဖြစ်သည်။ အစိုးရ၊ အာဏာရပါတီနှင့် တပ်မတော်အနေဖြင့် ကိုယ်စားလှယ်စုစုပေါင်း၏ ရာခိုင်နှုန်း ၆၀ ကိုယ်စားပြုမှုကို မဖြစ်မနေ ရယူလာနိုင်ခြေ ရှိနေသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပမည်ဆိုလျှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အာဏာရပါတီလည်းဖြစ်၊ အင်အားကြီးပါတီလည်း ဖြစ်သည့်အားလျော်စွာ ကိုယ်စားလှယ်အများစု ကိုယ်စားပြုခွင့် ရရှိနိုင်ခြေသည် မြေကြီးလက်ခတ်မလွဲဖြစ်သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအလွန် ကာလတွင် လွှတ်တော်များ၌ နိုင်ငံရေးပါတီများ၏ ကိုယ်စားပြုမှုပုံစံသည် သိသိသာသာ ပြောင်းလဲသွားနိုင်ခြေ ရှိသည့်အလျောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အစိုးရလွှတ်တော်များနှင့် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များ ရွေးချယ်ခြင်းထက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန်တွင် ရွေးချယ်ခြင်းက ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲ၌ တရားမျှတသော ကိုယ်စားပြုမှုကို မြင့်မားစေမည်ဖြစ်သည်။
နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များရွေးချယ်မှု အပိုင်းကိုလည်း စနစ်တကျ ချဉ်းကပ်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ နိုင်ငံရေးပါတီများ၏ တရားဝင်ပါတီဝင် အရေအတွက် ရွေးကောက်ပွဲတွင်ရရှိသော ဆန္ဒမဲအရေအတွက်တို့အပေါ် အခြေခံလျက် နိုင်ငံရေးပါတီအလိုက် ကိုယ်စားလှယ်ဦးရေ သတ်မှတ်မည်ဆိုသည့် အခြေခံမူဝါဒမျိုးကို ချမှတ်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ ဥပမာအားဖြင့် လာမည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိမ့်ဆုံးမဲအရေအတွက် ရာခိုင်နှုန်း သတ်မှတ်ချက်တစ်ခုရရှိသော နိုင်ငံရေးပါတီများသည်သာ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲများတွင် ကိုယ်စားလှယ်တစ်ဦး တက်ရောက်ခွင့်ရရှိမည်ဟု သတ်မှတ်နိုင်ရန် အကြိုညှိနှိုင်းဆွေးနွေးပွဲများ ကာလတွင် ဆွေးနွေးညှိနှိုင်းသင့်သည်။
နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ရွေးချယ်ရေးသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါတီများ၏ မဲရရှိမှုနှင့် ဆက်စပ်နေနိုင်သဖြင့် ကိုယ်စားလှယ်များရွေးချယ်မှုကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန်မှ ပြုလုပ်ခြင်းသည် ပိုမိုကြောင်းကျိုးဆီလျော်မည် ဖြစ်သည်ဟု သုံးသပ်နိုင်သည်။ ထိုနည်းတူ အစိုးရများနှင့် လွှတ်တော်များ၏ ကိုယ်စားလှယ်များသည်လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန်တွင် အပြောင်းအလဲများစွာ ရှိလာမည်ဖြစ်သည်။
၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် အတည်ပြုနိုင်ဖွယ်ရှိနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်သည့် ဥပဒေကြမ်းသည်လည်း နိုင်ငံရေးဆွေးနွေးပွဲ၏ မူဝါဒ၊ လမ်းစဉ် ကိုယ်စားလှယ်ရွေးချယ်မှုတို့အပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ပါ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးသည့် ကဏ္ဍတွင် နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးသည့် ပြဋ္ဌာန်းချက်အား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်က ခန့်အပ်တာဝန်ပေးသည့် ပြဋ္ဌာန်းချက်ဖြင့် ပြင်ဆင်နိုင်မည်ဆိုလျှင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် ၂၀၁၆ ခုနှစ် မတ်လဖွဲ့စည်းမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၌ တိုင်းရင်းသားပါတီများနှင့် အခြားပါတီများက ဦးဆောင်ဖွဲ့စည်းသော အစိုးရများ ပေါ်ပေါက်လာနိုင်ခြေ မြင့်မားသည်။ အဆိုပါ အခြေအနေသည် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲတွင် အစိုးရများ၏ ကိုယ်စားပြုမှုအပေါ် သက်ရောက်လာနိုင်ခြေရှိသည်ဟု သုံးသပ်နိုင်သည်။
ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲ၏ ကိုယ်စားလှယ်ရွေးချယ်မှုနှင့် စပ်လျဉ်း၍ လတ်တလော ကြားသိနေရသော အသံတစ်ခုဖြစ်သည့် နိုင်ငံရေးပါတီအားလုံးကို တစ်ပါတီလျှင် ကိုယ်စားလှယ်နှစ်ယောက် တက်ရောက်ခွင့်ပြုရေးဆိုသည်မှာ လက်တွေ့အားဖြင့် အလုပ်ဖြစ်သော၊ မျှတသော သတ်မှတ်ချက် မဖြစ်နိုင်သည့်အပြင် ဖျက်မြင်းပါတီများ၊ သူ့လူကိုယ့်ဘက်သား ပါတီများ၊ အချောင်သမား ပါတီများ၊ အခွင့်အရေးသမား ပါတီများ အသွင်အမျိုးမျိုးဖြင့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲများတွင် နေရာယူလာပြီး တိုင်းပြည်နှင့် တိုင်းရင်းသားပြည်သူလူထု အများစု၏ အကျိုးစီးပွားကိုေ၀၀ါးထွေပြားစေလာမည့် အခင်းအကျင်း ဖြစ်လာနိုင်သည်။
ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် လုံလောက်သောမဲအရေအတွက် မရရှိသော နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များကို လေ့လာသူများအဖြစ် သတ်မှတ်လျက် တက်ရောက်ခွင့်ပေးနိုင်မည်ဆိုလျှင် ပိုမိုကောင်းမွန်သည်။ လေ့လာသူများအဖြစ် တက်ရောက်ခွင့်ရရှိမည့် နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အနေဖြင့် သီးခြားအကြံပြုချက်များကို ဆွေးနွေးပွဲသို့ တင်ပြခွင့်ကိုလည်း ရရှိနိုင်ရန် လိုအပ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ အရေးပါသူများ သြဇာကြီးမားသူများကို ဆွေးနွေးပွဲတွင် ကိုယ်စားလှယ်များအဖြစ် သီးခြားဖိတ်ကြားနိုင်ရေးကို ထည့်သွင်းစဉ်းစားသင့်သည်။
တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများအနေဖြင့် တစ်ပါတီချင်း ဖြစ်စေ၊ တပ်ပေါင်းစုအလိုက် ဖြစ်စေ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အကြိုပြင်ဆင်မှုနှင့် ပတ်သက်၍လည်းကောင်း၊ နိုင်ငံရေးမူဝါဒ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်းကောင်း၊ အကြံပြုစာတမ်းများကို ထုတ်ပြန်နိုင်သည့်အပြင် တိုင်းရင်းသားပြည်သူလူထုအကြား ဆွေးနွေးဟောပြောမှုများကိုလည်း ပြုလုပ်နိုင်ခွင့် အပြည့်အ၀ ရရှိသင့်သည်။ တိုင်းပြည်နှင့် တိုင်းရင်းသားပြည်သူလူထု၏ ရေရှည်အကျိုးအတွက် ရည်ရွယ်ဖော်ဆောင်ကြခြင်းဖြစ်သည့် အားလျော်စွာ အားလုံးပါဝင်ခွင့်ကို လွတ်လွတ်လပ်လပ် ပေးအပ်ထားရန် လိုအပ်မည်ဖြစ်သည်။
လက်ငင်းနိုင်ငံရေး အခင်းအကျင်းတွင် ကြားသိနေရသော နိုင်ငံရေးပါတီများ အားလုံးအနေဖြင့် တစ်သံတည်းထွက်ရေး၊ နိုင်ငံရေးမူဝါဒ၊ လမ်းစဉ်ဘောင်တစ်ခုတည်း အဆိုပြုရေးဆိုသည်မှာ နားဝင်ချိုသော်လည်း ဖြစ်နိုင်ခြေနည်းသည်ဟု သုံးသပ်နိုင်သည်။ နိုင်ငံရေးပါတီ ၇၀ နီးပါးထဲတွင် အာဏာရပါတီနှင့်နီးစပ်သော ပါတီကြီးများကို မကျေမချမ်းဖြစ်နေသော ပါတီများစွာ ပါဝင်နေနိုင်သည့်အလျောက် နိုင်ငံရေးအရ ခရီးပေါက်နိုင်ခြေနည်းသည်ဟု ရှုမြင်နိုင်သည်။ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲမတိုင်မီ တစ်သံတည်းထွက်ရေးထက် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပေတံနှင့် စံနှုန်းတိုင်းတာသော တိုင်းရင်းသားပြည်သူလူထု၏ ထောက်ခံမှုနှင့်အညီ အချိုးကျကိုယ်စားပြုသော ကိုယ်စားလှယ်များ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲတွင် နေရာရရှိရေးကို ဦးစားပေးရှေးရှုသင့်သည်။
၂၁ ရာစု ပင်လုံညီလာခံကဲ့သို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲများမတိုင်မီ အကြိုညှိနှိုင်းဆွေးနွေးပွဲကာလတွင် နိုင်ငံရေးပါတီများအကြား နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ ကျင်းပလျက် အမြင်၊ သဘောထား၊ အယူအဆများကို ဖလှယ်ကြခြင်းသည် ကောင်းမွန်သည့်အလျောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်(ယူအင်န်အေ)အဖွဲ့ဝင် ပါတီများအနေဖြင့် ပါဝင်တက်ရောက် ဆွေးနွေးသင့်သည်။ သို့ရာတွင် အားလုံးပါဝင်သော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲများအတွက် မေးခွန်းကြိုပေါက်သည့် သဘောမဖြစ်ရန်ကိုမူ သတိကြီးကြီးထား ဆောင်ရွက်သင့်သည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် ပါဝင်လာမည့် နိုင်ငံရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်း စောင့်ကြည့်၊ ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်သည်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(ယူအင်န်အက်ဖ်စီ)နှင့် ယူအန်အက်ဖ်စီ အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပြည်ထောင်စုနိုင်ငံရေး မူဝါဒများ၊ လမ်းစဉ်များကို မျက်ခြည်မပြတ်ရန် လိုအပ်သည့်အပြင် စဉ်ဆက်မပြတ် စောင့်ကြည့်နေရန် လိုအပ်မည်ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ရက်ပေါင်းခြောက်ဆယ်အတွင်း နိုင်ငံရေးမူဘောင် ရေးဆွဲရန်နှင့် ရက်ပေါင်းကိုးဆယ်အတွင်း နိုင်ငံရေးဆွေးနွေးပွဲများစတင်ရန် အဆိုပြုခဲ့သည်ဆိုလျှင် ယင်းအဆိုပြုချက်ကို ယခုအချိန်တွင် ပြန်လည်ဆန်းစစ် သုံးသပ်သင့်သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အလွန် ဖော်ဆောင်မည့် နိုင်ငံရေးဆွေးနွေးပွဲများကို ရေရှည်အမြင်နှင့် ဗျူဟာမြောက် ချဉ်းကပ်အကောင်အထည်ဖော်ရမည် ဖြစ်သည့်အလျောက် နှစ်လ၊ သုံးလအတွင်း ဖော်ဆောင်မည်ဆိုလျှင် အကျိုးထက်၊ အဆိုးဖြစ်လာမည်ကို ဆင်ခြင်သင့်သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်ရပ် သဘောတူညီချက်အလွန် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲများမတိုင်မီ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ၏ သော့ချက်ခေါင်းဆောင်များအကြား ပဏာမနိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို ဦးစွာကျင်းပသင့်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အဆိုပြုထားသော ကြီးလေးကြီး တွေ့ဆုံဆွေးနွေးပွဲကို အခြေခံလျက် သော့ချက်ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို ကျင်းပနိုင်ရန် လိုအပ်မည်ဖြစ်သည်။ ၂၁ ရာစု ပင်လုံညီလာခံဟု ဆိုနိုင်မည့် ပြည်ထောင်စုနိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို ဦးဆောင်ကျင်းပမည့် ကော်မတီတစ်ရပ်ကို ထိပ်သီးခေါင်းဆောင်များအကြား သဘောတူညီမှုဖြင့် ဖွဲ့စည်းသင့်သည်။ ကြားနေသော လူရိုသေရှင်ရိုသေ ပုဂ္ဂိုလ်များကို ကော်မတီတွင် အဖွဲ့ဝင်များအဖြစ် ပါဝင်စေနိုင်ရေးကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။ ကိုယ်စားလှယ်ရွေးချယ်ခြင်း၊ ဆွေးနွေးမည့် အကြောင်းအရာများ၊ အတည်ပြုဆုံးဖြတ်မည့် ပုံစံ၊ ဆွေးနွေးပွဲ အချိန်ဇယား၊ သဘောတူညီချက်များကို ဖော်ဆောင်မည့် အစီအစဉ်၊ သဘောတူညီချက်များနှင့် အပစ်အခတ်ရပ်စဲရေးအကြား ဆက်စပ်မှု စသည့်အချက်များကိုလည်း ထည့်သွင်းစဉ်းစားနိုင်ရန် လိုအပ်မည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် အပစ်ရပ်စာချုပ်အလွန်၊ နိုင်ငံရေးဆွေးနွေးပွဲများကို ရက်ကိုးဆယ်အတွင်း ကျင်းပခြင်းထက်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန်မှ ကျင်းပခြင်းသည် နိုင်ငံရေးအရ ပိုမိုမျှတသော ကိုယ်စားပြုမှုကို ရရှိနိုင်မည်ဖြစ်သည်။ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ရရှိသော ဆန္ဒမဲအပေါ် အခြေခံလျက် အချိုးကျကိုယ်စားပြု ပါဝင်နိုင်ရေးကို စဉ်းစားသင့်သည်။ အနိမ့်ဆုံး သတ်မှတ်ထားသော ဆန္ဒမဲရာခိုင်နှုန်း မပြည့်မီသော ပါတီများ ကိုယ်စားလှယ်များ အနေဖြင့် လေ့လာသူအဖြစ်သာ ပါဝင်စေရေးကိုလည်း ဆန်းစစ်သင့်သည်။ မည်သို့ပင်ဖြစ်စေ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးပွဲများ ဖော်ဆောင်ရေးကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အဆိုပြုထားသော ကြီးလေးကြီးတွေ့ဆုံဆွေးနွေးရေးအပေါ် အခြေပြုလျက် သော့ချက်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးခြေလှမ်းနှင့် စတင်သင့်ကြောင်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများကို မရွှေ့ဆိုင်းနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲများအား ရွေးကောက်ပွဲအလွန်ကျင်းပမည့် အစီအစဉ်ဖြင့် ထိန်းညှိသင့်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။
(ရန်ကုန်မြို့တွင် သြဂုတ် ၁၈ ရက်ကပြုလုပ်သည့် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှင့် နိုင်ငံရေးပါတီများ၏ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို တွေ့ရစဉ်)
Eleven Media Group
Photo: #emg_opinions
ညှိညှိနှိုင်းနှိုင်း ထိန်းရမည့် မြန်မာ့နိုင်ငံရေး ဟန်ချက်
ညှိညှိနှိုင်းနှိုင်း ထိန်းရမည့် မြန်မာ့နိုင်ငံရေး ဟန်ချက်
Monday, September 22, 2014
Photo: ညှိညှိနှိုင်းနှိုင်း ထိန်းရမည့် မြန်မာ့နိုင်ငံရေး ဟန်ချက်
Monday, September 22, 2014
 မြန်မာနိုင်ငံတွင် လက်ရှိ နိုင်ငံရေး အနေအထား အရ အစိုးရ နှင့် အတိုက်အခံများ ကြား၌ ညှိနှိုင်း၍ နိုင်ငံရေး ယဉ်ကျေးမှု တစ်ခု တည်ထောင်ကာ ၂၀၁၅ အား ချောချောမွေ့မွေ့ဖြင့် ပူးပေါင်း ဖြတ်ကျော်သင့်ကြောင်း နိုင်ငံရေးသမား များက ထောက်ပြ ကြသည်။
              ထိုသို့ ညှိနှိုင်းခြင်း မပြုဘဲ ပါတီများအနေဖြင့် သူတစ်လူ ငါတစ်မင်း ထင်ရာစိုင်းပြီး အပြိုင်ကြဲကြမည် ဆိုပါက ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေး အခြေအနေသည် ပြည်သူများ  အတွက် အာမခံချက် မရှိသော  စိုးရိမ်စရာများ ဖြစ်လာနိုင်ကြောင်း  သုံးသပ်မှုများ ရှိလာသည်။
            ““၂၀၁၀ ရွေးကောက်ပွဲ ရလဒ်အထိ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပြီးခဲ့တဲ့ စစ်အစိုးရနဲ့ ကြားထဲမှာ ညှိနှိုင်းပြီးတော့ ပြောင်းလဲခဲ့တာ မဟုတ်ဘူး။ ၂၀၁၂ ကြားဖြတ်မှာ NLD ရွေးကောက်ပွဲ ၀င်တဲ့အခါမှာလည်းပဲ သဘောတူ ညှိနှိုင်းမှု တစ်ခုခု ရှိသလားလို့ ကျွန်တော်တို့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ အခု အချိန်အထိ သဘောတူညှိနှိုင်းမှု ရှိခဲ့တယ်ဆိုတဲ့ လက္ခဏာ မရှိဘူး။ ကျွန်တော်တို့ စိုးရိမ်တယ်။ ၂၀၁၅ ရွေးကောက်ပွဲကို သူနိုင်ကိုယ်နိုင် အပြိုင်ကြဲပြီး လိုအပ်တဲ့ နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှု မရဘဲနဲ့ ရွေးကောက်ပွဲကို ဖြတ်မယ်ဆိုရင် ရွေးကောက်ပွဲ အလွန်ဟာ ဘာတွေဖြစ်လာမလဲ ဆိုတာ ခန့်မှန်းလို့မရဘူး”” ဟု ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက The Messenger Media သို့ပြောသည်။
            နိုင်ငံရေး အကူးအပြောင်း ကာလတွင် ၂၀၁၅ မတိုင်မီ ကြိုတင်ညှိနှိုင်း၍ ပြင်ဆင်သင့်ကြောင်း၊ ရွေးကောက်ပွဲ ပြီး၍ ရလဒ်တစ်ခု ထွက်လာမည် ဖြစ်သော်လည်း နိုင်ငံကို ပြုပြင်ပြောင်းလဲရေး ချောချောမွေ့မွေ့နှင့် ဆက်သယ်ဆောင် သွားနိုင်ဖို့ကသာ အဓိကကျနေ ပြီး ရွေးကောက်ပွဲ မတိုင်မီ ညှိနှိုင်းမှုသည် လက်ရှိ နိုင်ငံရေးအရ အဓိကကျ နေကြောင်း ရွေးကောက်ပွဲ ပြုလုပ်ခြင်း တစ်ခုတည်းဖြင့် နိုင်ငံရေး ပြဿနာများကို မဖြေရှင်း နိုင်ကြောင်း ဦးကိုကိုကြီးက သုံးသပ်သည်။
            ၂၀၁၅ မတိုင်မီ နိုင်ငံရေး အကျပ်အတည်း တစ်ခုမဖြစ်စေရန် နိုင်ငံ၏ နိုင်ငံရေး သြဇာရှိသူများသည် ဆွေးနွေးညှိနှိုင်း၍ ရှေ့ဆက်သင့်ပြီး ထိုသို့မဟုတ်ဘဲ မိမိအာဏာ၊ မိမိပါတီ စသည်တို့ကို ရှေ့တန်းတင်၍ နိုင်ငံရေး  အမြတ်ထုတ် လာပါက ပြုပြင်ပြောင်လဲစ နိုင်ငံတွင် စိုးရိမ်စရာများ ဖြစ်လာနိုင်သည်။
            ““၂၀၁၅ မတိုင်မီ ညှိနှိုင်းရမယ် ဆိုတာ လက်ခံပါတယ်။ အစိုးရလည်း ပြောသင့်တာ ပြောရမှာပေါ့။ အားလုံး ၀ိုင်းပြီးတော့ တွန်းနေတဲ့ အချိန်မှာ ကောင်းတဲ့ အစဉ်အလာတွေကို လုပ်ရမယ်။ ရန်သူတွေလို လုပ်လို့ မရဘူး။ တပ်မတော်ကလည်း သိပါတယ်။ မနိုင်တာကိုလည်း သိရမယ်။ PR တို့ ဘာတို့ ဖြစ်လာရင် ကြံ့ခိုင်ဖွံ့ဖြိုးလည်း နေရာတစ်ခုတော့ ရနေဦးမှာပါပဲ””ဟု ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက The Messenger Media သို့ပြောသည်။
            ၂၀၁၅ အလွန်ကို မစဉ်းစားမီ ၂၀၁၅ အား မည်သို့ ဖြတ်သန်းမည် ဆိုသည့် နားလည်မှုကို အရင် တည်ဆောက်သင့်ကြောင်း၊ ထိပ်ပိုင်း ခေါင်းဆောင်များထဲမှ ပြဿနာသည် သူချည်း သက်သက်ဆိုပါက စိုးရိမ်စရာ မကောင်းသော်လည်း နိုင်ငံရေးသမားများသည် ၎င်းတို့လို ချင်သော ရလဒ်ထွက်ရန် အားများကို ပြန်စု ပါက အန္တရာယ် ရှိနိုင်ကြောင်း၊ အကောင်းဆုံး အနေအထားသည် သားရွှေအိုး ထမ်းလာသည့် ပမာ ညှိညှိနှိုင်းနှိုင်း ပဋိညာဉ်တစ်ခု တည်ဆောက် ရမည်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူ ကိုမင်းဇင်က သုံးသပ်ထားသည်။
            နိုင်ငံရေး ဆောင်းပါးများ ရေးသားနေသူ ဦးကျော်ဝင်းကလည်း နိုင်ငံရေး ခေါင်းဆောင် များ ထိန်းထိန်းသိမ်းသိမ်းဖြင့် သွားမှ အဆင်ပြေမည် ဖြစ်ကြောင်း ပြောကြား ထားသည်။
            ““ပြဿနာ မရှိအောင် လက်ရှိဆွေးနွေးရာမှာ ဒီသဘောထားက NLD ရဲ့ မူလကတည်းက သဘောထား၊ ဒီလိုဆွေးနွေးရင် ၂၀၁၅ ရွေးကောက်ပွဲကို အများကြီး အထောက်အကူ ပြုမယ်၊ ပြဿနာ ဖြစ်ပေါ်တဲ့ အဖြေကို အပေးအယူ လုပ်တဲ့နေရာ မှာပဲဖြစ်ဖြစ်၊ ဘယ်လိုမျိုးပဲ ဖြစ်ဖြစ်၊ အကျိုးကိုရှိမှာ၊ ဒီမိုကရေစီ ဆိုတာ ညှိနှိုင်းရေးကို ဦးစားပေး ရမှာပါ””ဟု NLD ပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဦး ဉာဏ်ဝင်းက The Messenger Media သို့ ပြောသည်။
            မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် အမြင်မတူသော နိုင်ငံရေး အင်အားစုများ အကြား ညှိနှိုင်း ဆောင်ရွက်သော နိုင်ငံရေး ယဉ်ကျေးမှု တစ်ခုကို တည်ဆောက်ရန် လိုအပ်နေကြောင်း နိုင်ငံရေးသမားများက ထောက်ပြ ကြသည်။ ဒီမိုကရေစီ ပန်းတိုင်ကို ချီတက်သော ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် ကိုလည်း ညီညွတ် မှန်ကန်စေရန် သတိပြုကြရမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာ၍ ဒီမိုကရေစီ ရှင်သန် ခိုင်မာစေလျက် အပြန်အလှန် ထိန်းညှိနိုင်သော အခြေအနေ ရောက်ရှိအောင် ဖော်ဆောင်ကြရမည် ဖြစ်ပြီး ပြည်သူများ၏ မျှော်လင့်ချက် မပျက်စီးစေရန် မိမိတို့ အားလုံးတွင် တာဝန်ရှိကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြား ထားသည်။
            ““အစိုးရ ဘက်ကလည်း ကြိုးစားနေသလို၊ နိုင်ငံရေးပါတီတွေ ဘက်ကလည်း ကြိုးစားနေပါတယ်။ Culture အရကတော့ ဘယ်ကိစ္စပဲ ဖြစ်ဖြစ်ပေါ့ဗျာ၊ တွေ့ဆုံ ညှိညှိနှိုင်းနှိုင်း ဆွေးနွေးပြီး လုပ်ဆောင်သွားရင် ဘယ် Issue ပဲဖြစ်ဖြစ် ပြည်သူတွေနဲ့ သက်ဆိုင်တော့ ညှိနှိုင်းပြီး လုပ်သင့်ပါတယ်။ ၂၀၁၅ ရွေး ကောက်ပွဲက ပြည်သူနဲ့လည်း ဆိုင်တယ်။ တင်းမာမှုတွေကို ကြိုညှိသင့်တယ်”” ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ မှ ဦးဟန်ရွှေက The Messenger Media သို့ပြောသည်။
            မြန်မာနိုင်ငံတွင် လက်ရှိနိုင်ငံရေး အခြေအနေအရ တိုင်းရင်းသားများ တန်းတူညီမျှရေး တောင်းဆိုမှု၊ တိုင်းရင်းသား လက်နက်ကိုင် များဖြင့် ငြိမ်းချမ်းရေး မရနိုင်မှု၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လှုပ်ရှားမှု ကိစ္စများသည် နိုင်ငံရေး အကျပ်အည်းတစ်ခု ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အဓိက ပါတီကြီး နှစ်ခုဖြစ်သော USDP နှင့် NLD တို့သည် အနိုင်အရှုံးနှင့် ပတ်သက်၍ သဘောထား ကြီးကြီးမထားဘဲ ကိုယ်ကျိုးစီးပွား များကို ကြည့်ပါက မြန်မာ့နိုင်ငံရေးသည် နောက်ပြန်လှည့် နိုင်ကြောင်း ခန့်မှန်းမှုများလည်း ရှိနေသည်။
            လက်ရှိ အခြေအနေတွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ များနှင့် ရွေးကောက်ပွဲ ကော်မရှင် တွေ့ဆုံမှုများ ရှိသော်လည်း၊ အစိုးရနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမှုသည် နည်းပါးကြောင်း တ.စ.ည ပါတီမှ ဦးဟန်ရွှေက ပြောသည်။
            ၂၀၁၅ မတိုင်မီ ပါတီများ၏ အနိုင်ရရေး စည်းရုံးမှုများ၊ ကြိုးပမ်းမှုများကို စည်းဘောင် အတွင်းမှ မျှမျှတတ လုပ်ဆောင်သင့်ပြီး တစ်ဖက်နှင့်တစ်ဖက် အနိုင်ရရေး မဟုတ်ဘဲ မည်သည့် အခြေအနေတွင် မဆို  ပူးပေါင်း ဆောင်ရွက်နိုင်ရန် သဘောထား များကို ပြင်ဆင်ရမည် ဖြစ်သည်။
            ““ညှိနှိုင်းရင်တော့ Win Win ဖြစ်တာပေါ့။ ကျွန်တော်မြင်တာလည်း ၂၀၁၅ မတိုင်မီ ဆွေးနွေးသင့် တယ်လို့ ထင်တယ်။ ကျွန်တော်တို့ ပါတီက ဥက္ကဋ္ဌကြီး ကလည်း ညှိနှိုင်းဖို့ အမြဲ ပြောပါတယ်””ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူ ဦးသာဝင်းက The Messenger Media သို့ ပြောသည်။
            မြန်မာနိုင်ငံတွင် လက်ရှိနိုင်ငံရေး အခြေအနေအရ ၂၀၁၅ ရွေးကောက်ပွဲသည် အဓိကကျပြီး အဖြေတစ်ခု ထွက်လာမည် ဖြစ်ရာ ၎င်းရွေးကောက်ပွဲ မတိုင်မီ  အစိုးရနှင့် အတိုက်အခံ နိုင်ငံရေးအင်အားစုများ ဆွေးနွေး၍ ကျော်ဖြတ်မှသာ ၂၀၁၅ အလွန်တွင် နိုင်ငံအတွက် အနာဂတ် အလားအလာကောင်း မည်ဖြစ်သည်။ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ရရှိမည့်အပြင် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အပြောင်းအလဲ၊ အထိအခိုက် မခံသော နိုင်ငံရေးမျှခြေများ ကျိုးပဲ့ သွားအောင်၊ ကသောင်းကနင်း မဖြစ်စေရန် လက်ရှိနိုင်ငံရေး သြဇာရှိသူများ ကြိုတင်ညှိနှိုင်း၍  နိုင်ငံ့အနာဂတ် အတွက်   ဆွေးနွေး တိုင်ပင်ရမည့် အချိန် ဖြစ်သည်။
The Messenger
မြန်မာနိုင်ငံတွင် လက်ရှိ နိုင်ငံရေး အနေအထား အရ အစိုးရ နှင့် အတိုက်အခံများ ကြား၌ ညှိနှိုင်း၍ နိုင်ငံရေး ယဉ်ကျေးမှု တစ်ခု တည်ထောင်ကာ ၂၀၁၅ အား ချောချောမွေ့မွြေ့...
ဖင့် ပူးပေါင်း ဖြတ်ကျော်သင့်ကြောင်း နိုင်ငံရေးသမား များက ထောက်ပြ ကြသည်။
ရန်ကုန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အပြီးသတ် သဘောတူညီချက်တွေ ရနိုင်မလား
ရန်ကုန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အပြီးသတ် သဘောတူညီချက်တွေ ရနိုင်မလား
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ, အပစ်အခတ် ရပ်စဲရေး , NCCT , UPWC
ကချင်ပြည်နယ် လိုင်ဇာတွင် ဇူလိုင်လ အတွင်းက ကျင်းပခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တိုင်ရင်းသား ခေါင်းဆောင်များ (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ စက်တင်ဘာ ၂၂ ရက်က စတင်ပြီး ၂၆ ရက်အထိ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ထိုးနိုင်ဖို့ ဒီအဆင့်ဟာ အရေးပါပြီး ဒီဆွေးနွေးပွဲကနေ သဘောတူညီချက် တွေ ရနိုင်မလား ဆိုတာကို နှစ်ဘက်ခေါင်းဆောင်တွေ  အာမခံချက်ပေးဖို့ ခက်ခဲပါလိမ့်မယ်။
ဘာကြောင့်လဲ ဆိုပါက ဒီအဆင့် ဆွေးနွေးမယ့် အချက်တွေထဲမှာ အစိုးရဘက်က လိုက်လျောဖို့ တွန့်ဆုတ်နေတဲ့ အဓိက အချက် တွေကို ဆွေးနွေးကြမှာ ဖြစ်နေလို့ပါပဲ။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဘက်က ကရင်ပြည်နယ်မှာ လုပ်ခဲ့တဲ့ လော်ခီးလာ ညီလာခံ ပြီးကတည်းက တင်ပြလာတဲ့ အရေးအကြီးဆုံး အချက်တခု ရှိပါတယ်။
အဲဒီအချက်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် စာချုပ် ချုပ်ပြီးပြီးချင်းမှာ မဖြစ်မနေဖွဲ့စည်း လုပ်ဆောင် ရမယ့်“ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ပူးတွဲဦးဆောင် ကော်မတီ” ဖွဲ့ရမယ်ဆိုပြီး တင်ပြထားတာကြောင့်ပဲ ဖြစ်ပါတယ်။
ဒီကော်မတီကို မဖြစ်မနေဖွဲ့ဖို့ လိုအပ်နေတာက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် စာချုပ်ချုပ်ပြီးရင် NCCT မှာ ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအတွက် အဲဒီစာချုပ်ဟာ အပေါ်ယံ အပစ်အခတ် ရပ်စဲရေး စာချုပ် မျိုး မဟုတ်ဘဲ  စာချုပ်ထဲမှာပါတဲ့ နှစ်ဘက် သဘောတူညီချက်တွေကို ခိုင်မာတဲ့ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ဖြစ်နေလို့ပါ။
NCCT ဘက်က တောင်းဆိုနေတဲ့ “ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ပူးတွဲဦးဆောင် ကော်မတီ” ဖွဲ့ဖို့ကို အစိုးရက သဘောမတူပါဘူး။ ဒါဟာ တိုင်းရင်းသားတွေ အတွက် လာမယ့် ဆွေးနွေးပွဲမှာ အကြိတ်အနယ် ဆွေးနွေးရမယ့် အဓိက အချက်တခု ဖြစ်နေပါတယ်။
NCCT ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွန်မော်က“ဒီအချက်က ကျနော်တို့အတွက် အလွန်အရေးကြီး ပါတယ်။ သဘောတူညီမှု ရတဲ့အထိ ကျနော် တို့ ဆွေးနွေးရမယ့် အချက် ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) မှာ သြဂုတ် လလယ်ပိုင်းက ကျင်းပတဲ့ NCCT နဲ့ UPWC တို့ ဆွေးနွေးပွဲမှာ ဒီအချက်ကို ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေဆီက သိရပါတယ်။
အစိုးရဘက်က ဒီအချက် အပေါ်မှာ “ပူးတွဲလည်း မလိုချင်ဘူး။ ဦးဆောင်လည်း မလိုချင်ဘူး” ဆိုခဲ့ပြီး အဲဒီ ဆွေးနွေးပွဲမှာပဲ ယာယီ အားဖြင့်“ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ကော်မတီ” ဖွဲ့မယ်ဆိုပြီး ယာယီ သဘောတူခဲ့ကြပါတယ်။
ယာယီ သဘောတူလိုက်ကြတဲ့ “ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ကော်မတီ” က ဘာဖြစ်မလဲ။ ဘာတာဝန် ရှိမလဲ။ ဘာလုပ်ပိုင်ခွင့်တွေ ရှိတယ် ဆိုတာကို တိုင်းရင်းသား ခေါင်းဆောင်တွေလည်း သေသေချာချာ သိကြတာ မဟုတ်ပါဘူး။ ဒါကြောင့် အဲဒါတွေကို ပြန်ပြီး ဆွေးနွေးကြမယ်လို့ သိရပါတယ်။
တိုင်းရင်းသားတွေက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေ ပြုလုပ်ပြီးတဲ့နောက်ပိုင်း စနစ်မကျ၊ အာမခံချက် မရှိဘဲ ဖရိုဖရဲနဲ့ ပြီးဆုံးသွားမှာကို စိုးရိမ်နေကြပါတယ်။
NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက“တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှာ သော်လည်းကောင်း၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ ကိစ္စမှာ သော်လည်းကောင်း အဲဒီလို ပူးတွဲ ဦးဆောင်ရမယ့် ကော်မတီ မရှိဘဲနဲ့ ကျနော်တို့ အလုပ်လုပ်လို့ မရဘူး” လို့ ဆိုပါတယ်။
တိုင်းရင်းသားတွေ တင်ပြထားတဲ့ “ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ပူးတွဲ ဦးဆောင်ကော်မတီ”မှာ အစိုးရဘက်က သမ္မတ အဆင့်ပါတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ အဖွဲ့ဝင်တွေ ပါဝင်သလို တိုင်းရင်းသားတွေဘက်က သူတို့သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ ပါဝင်မယ်လို့ သိရပါတယ်။
လက်ရှိ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ မှာ သမ္မတ ဦးသိန်းစိန်က ဥက္ကဋ္ဌဖြစ်ပြီး ဒု သမ္မတတွေ၊ လွှတ်တော် ဥက္ကဋ္ဌတွေ၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုဗိုလ်ချုပ်ကြီးတွေလည်း ပါဝင်ပါတယ်။
အစိုးရဘက်က တိုင်းရင်းသားတွေ တင်ပြထားတဲ့ ဒီကော်မတီနဲ့ ပတ်သက်ပြီး သဘောမတူရတဲ့ အကြောင်းရင်းကို တိတိကျကျ ထုတ်ဖော် ရှင်းလင်းတာ မရှိသေးပါဘူး။ ဒီအပေါ်မှာ တိုင်းရင်းသား ခေါင်းဆောင် တချို့က သူတို့ကို အစိုးရက တန်းတူရေးနဲ့ ပတ်သက်ပြီး အဆင့်အတန်း ခွဲထားတယ်လို့ မြင်တာတွေလည်း ရှိနေပါတယ်။
“သူတို့က အဲဒီ ဦးဆောင် ကော်မတီဖွဲ့ဖို့ မလိုလားတဲ့ သဘောက သမ္မတကို ကျနော်တို့နဲ့ တတန်းတည်း မထားချင်ဘူး။ အဲဒါက တန်းတူရေးကို သူတို့ လက်မခံတဲ့ သဘောပေါ့။ အဲဒီကိစ္စက ကျနော်တို့ အများကြီး ထပ်ဆွေးနွေးဖို့ လိုတယ်။ ဒီတိုင်းပြည်ရဲ့ အနှစ်ခြောက်ဆယ် ပြဿနာကို ဖြေရှင်းချင်တယ် ဆိုရင် ဒီလိုအရေးကြီးတဲ့ ခေါင်းကနေ ဦးဆောင်မယ့် ဘော်ဒီ မရှိဘဲနဲ့ ကျနော်တို့ အလုပ် လုပ်လို့ မရဘူး။ သူတို့ဘက်က အလေးအနက် စဉ်းစားဖို့ လိုတယ်”ဟု ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ပြောပါတယ်။
“ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ပူးတွဲဦးဆောင် ကော်မတီ” ဖွဲ့စည်းရေးဟာ အစိုးရနဲ့ NCCT တို့ အကြားမှာ တစ်ဆို့မှု ရှိနေတဲ့ အဓိကအချက် တချက် ဖြစ်သလို အပစ်အခတ် ရပ်စဲပြီး ကြားကာလမှာ တိုင်းရင်းသား တပ်ဖွဲ့တွေ အနေနဲ့ နဂိုမူလအတိုင်း ပိုနေမြဲ၊ ကျားနေမြဲ ဆက်လက် နေထိုင်သွားနိုင်ဖို့ဟာလည်း အဓိက ဆွေးနွေးရမယ့် အချက်ထဲမှာ ပါဝင်နေပါတယ်။
အဲဒါတွေအပြင် နိုင်ငံရေး ဆွေးနွေးမှု အဆင့်မှာ အစိုးရဘက်က တောင်းဆို ထားတာက ၅ ပွင့်ဆိုင် ပါဝင်ရေး၊ တိုင်းရင်းသားတွေဘက်က သုံးပွင့်ဆိုင် ပါဝင်ရေး ကိစ္စတွေကလည်း သဘောတူညီမှု မရသေးပါဘူး။
တိုင်းရင်းသားတွေ တောင်းဆိုထားတဲ့ သုံးပွင့်ဆိုင် ပါဝင်ရေးမှာ အစိုးရဘက်က အစိုးရအဖွဲ့၊ တပ်မတော်၊ လွှတ်တော် ရယ်၊ နိုင်ငံရေး ပါတီတွေ၊ ဒီမိုကရေစီ အင်အားစုတွေရယ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုရယ် ဆိုပြီး သုံးပွင့်ဆိုင် တင်ပြထားတယ်လို့ သိရပါတယ်။
တိုင်းရင်းသားတွေ အဓိကတောင်းဆိုနေတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်မူကို အခြေခံတဲ့ ပြည်ထောင် စု တည်ဆောက်ရေးဆိုတဲ့ နေရာမှာ ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရကို တပ်မတော်ဘက်က သဘောမတွေ့ဘူး ဖြစ်နေတယ် လို့ သိရပါတယ်။
တိုင်းရင်းသားတွေဘက်က ထည့်သွင်း တောင်းဆိုထားတဲ့ လက်နက်ကိုင် တော်လှန်ရေးဆိုတဲ့ အသုံးအနှုန်းကို တပ်မတော်ဘက်က မကြိုက်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီတကြိမ် ဆွေးနွေးရမယ့် အချက်တွေထဲမှာ တပ်နေရာ ချထားရေးကိစ္စ၊ တပ်သားသစ် မစုဆောင်းရေးကိစ္စ၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရာမှာ ဘယ်အဖွဲ့တွေက လက်မှတ်ထိုးကြမလဲ၊ ထိုးတဲ့အခါမှာရော သက်သေတွေက ဘယ်သူ တွေ ဖြစ်မလဲဆိုတာက အကြိတ်အနယ် ညှိနှိုင်းကြရမယ့် အခြေအနေ ရှိနေပါတယ်။
ဒီအချက်တွေဟာ အရင်ဆွေးနွေးပွဲတွေမှာ နှစ်ဘက်သဘောတူရေး ဆွေးနွေးဆုံးဖြတ်ဖို့ အခက်အခဲတွေ ဖြစ်နေတာကြောင့် ကျန် နေခဲ့တဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတကြိမ် ဆွေးနွေးပွဲဟာ အရင်ဆွေးနွေးခဲ့ကြတဲ့ ပွဲတွေထက် အခက်အခဲတွေ ရှိနိုင်ပါတယ်။
လိုင်ဇာညီလာခံမှာ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အရ အခုဆွေးနွေးနေကြတဲ့ အချက်တွေထဲက တချက်ကျန်ခဲ့ပါက လက်မှတ်မထိုးဘူးဆိုတဲ့ သဘောတူညီချက်လည်း ရှိထားတဲ့အတွက် တချက်ကျန်ခဲ့တာနဲ့ လက်မှတ် ထိုးဖြစ်မှာ မဟုတ်ဘူးလို့ NCCT ခေါင်းဆောင် တချို့က ပြောပါတယ်။
အစိုးရဘက်က “ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ပူးတွဲဦးဆောင် ကော်မတီ”ဖွဲ့စည်းရေး ကိစ္စမှာ သမ္မတ၊ ကာချုပ်လို ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို တတန်းတည်း မထားလိုတဲ့ တန်းတူရေး ကန့်သတ်ချက်တွေ ရှိနေတယ် ဆို တဲ့ အသံတွေကလည်း တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်ပါတယ်။
ပူးတွဲဦးဆောင် ကော်မတီ ဖွဲ့စည်းရေး ကိစ္စကို အစိုးရ အနေနဲ့ လက်တွန့်နေမှု အပေါ် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို“အပြ သက်သက် လိုချင်တာလား၊ ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို လိုချင်တာလား” ဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။
ဦးခင်ညွှန့် လက်ထက်တုန်းက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ တော်တော်များများနဲ့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ခဲ့ ဖူးပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေ အတွက် နိုင်ငံရေးအရ ခိုင်မာတဲ့ ရပ်တည်နိုင်မှုတွေ မပါတဲ့ အဲဒီ အပစ်အခတ် ရပ်စဲရေး လည်း ပျက်စီးခဲ့ပါတယ်။
ဒီနှစ် အောက်တိုဘာလထဲမှာ တိုင်းရင်းသားတွေနဲ့ အစိုးရတို့ အကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးနိုင်လိမ့် မယ် လို့ ဝန်ကြီးဦးအောင်မင်းက ပြောဆိုထားတဲ့ အပေါ် တိုင်းရင်းသား ခေါင်းဆောင်တွေက ဆွေးနွေးမှု အကြားမှာ တစ်ဆို့နေ တာတွေကို ညှိနှိုင်း သဘောတူညီချက်တွေ ရနိုင်မယ် ဆိုပါက ၂၀၁၅ ခုနှစ် အတွင်းမှာ ဖြစ်နိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။
အဲဒီပြောဆိုချက်အပေါ် ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက “အခုတစ်ဆို့နေတဲ့ဟာတွေ အားလုံးက သူတို့ (အစိုးရ) တင်ပြ တာကို ကျနော်တို့က လက်မခံလို့ တစ်ဆို့နေတာ မရှိဘူး။ ကျနော်တို့ တင်ပြတဲ့ဟာကို သူတို့ (အစိုးရ) လက်မခံလို့ တစ်ဆို့နေတာပဲ ရှိတယ်”လို့ မှတ်ချက်ပြု ပြောဆိုပါတယ်။     ။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ စက်တင်ဘာလ ၂၁ နေရက်နေ့ သူတို့ပြောစကား ( Video )
DVB TV -22-09-2014
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ စက်တင်ဘာလ ၂၁ နေရက်နေ့ သူတို့ပြောစကား
ရိုက်ကူး၊ တည်းဖြတ် - လှလှဝင်း
သီလ၀ါကုမ္ပဏီဥက္ကဋ္ဌနှင့် စီအီးအို ၁ နှစ် ဒေါ်လာ ၁ သိန်းကျော် ယူမည်
သီလ၀ါကုမ္ပဏီဥက္ကဋ္ဌနှင့် စီအီးအို ၁ နှစ် ဒေါ်လာ ၁ သိန်းကျော် ယူမည်
သီလ၀ါ ဆိပ်ကမ်းအား မြင်တွေ့ရစဉ်
           သီလ၀ါ ဆိပ်ကမ်းအား မြင်တွေ့ရစဉ်
လုပ်ငန်း စတင်ချိန်ကနေ စပြီး ပြည်သူလူထုရဲ့ ယုံကြည်မှု ရနေတဲ့ သီလ၀ါ အထူး စီးပွားရေးဇုန်လုပ်ငန်း လုပ်ကိုင်နေတဲ့ သီလ၀ါ အများပိုင်ကုမ္ပဏီရဲ့ ဒါရိုက်တာ အဖွဲ့ဝင်တွေဟာ လစာငွေတွေကို ရယူခံစားတော့မယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေညာပါတယ်။
အများပိုင် ကုမ္ပဏီမှာ အစုရှယ်ယာ ၅ ရာခိုင်နှုန်းစီ ထည့်ဝင်ပြီး ဒါရိုက်တာ အဖွဲ့ဝင်တွေအဖြစ် တာဝန်ရယူထားသူတွေဟာ လစာ ခံစားရယူကြမယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့က ပြုလုပ်တဲ့ ဒါရိုက်တာအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌနဲ့ အမှုဆောင် အရာရှိချုပ် ၂ ယောက်ဟာ ၁ နှစ်ကို အမေရိကန်ဒေါ်လာ ၁ သိန်း ၁ သောင်း၊ ဒါရိုက်တာ ၁ ယောက် ၁ နှစ် ဒေါ်လာ ၆ သောင်း ခံစားမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။
သီလ၀ါ အများပိုင်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဟာ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (ယူအမ်အက်ဖ်စီစီအိုင်)ရဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင် ဖြစ်ပါတယ်။
လက်ရှိ သီလ၀ါအထူးစီးပွားရေးဇုန်ရဲ့ အောင်မြင်မှုသတင်းတွေကြောင့် အစုရှယ်ယာ ၀ယ်ယူလိုသူ ပြည်သူ များပြားနေပြီး အများပိုင်ကုမ္ပဏီက အပြည့်အ၀ ရောင်းချပေးနိုင်ခြင်း မရှိသေးပါဘူး။
အစိုးရနှင့်အန်စီစီတီ အပစ်ရပ်မူကြမ်း အပြီးသတ်ရေး ဆွေးနွေး
အစိုးရနှင့်အန်စီစီတီ အပစ်ရပ်မူကြမ်း အပြီးသတ်ရေး ဆွေးနွေး
ဝန်ကြီးဦးအောင်မင်း ရှင်းလင်းနေစဉ်
အစိုးရနဲ့  တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ရဲ့ ၆ ကြိမ်မြောက် ၅ ရက်တိုင်တိုင်ပြုလုပ်မယ့် အပစ်ရပ် ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။
ပြီးခဲ့ သြဂုတ်လက ဆွေးနွေးပွဲမှာ အချက် ၅ ချက်သာ ဆွေးနွေးဖို့ ကျန်တော့တယ်လို့ နှစ်ဘက်ထုတ်ပြောထားတာကြောင့် အခုကျင်းပမယ့် ၅ ရက်ကြာ ဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဂွန်မော်က ဒီတစ်ခေါက်ဆွေးနွေးပွဲက အပစ်ရပ်ရေး စာချုပ်မူကြမ်းကို အပြီးသတ်ဆွေးနွေးဖို့ စီစဉ်ကြတာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
d6
ဗိုလ်ချုပ် ဂွန်မော် ဆွေးနွေးနေစဉ်
“အဓိကကတော့ အပစ်ရပ်မူကြမ်းကို အမြန်ပြီးအောင်လို့ပဲ ရည်မှန်းချက်ထားပါတယ်။ ဒီမူကြမ်းက ကျနော်တို့ သဘောတူချက် မရမချင်း ပြင်ဆင်နေမှာပေါ့။ အဓိက တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ၊ တပ်နေရာချထားရေး စသဖြင့် ဆွေးနွေးဖို့ ရှိပါတယ်။ အပစ်ရပ်မူကြမ်းကတော့ ကျနော်တို့ နောက်ဆုံးဖြစ်စေချင်တယ်။ ဒါပေမယ့် မူကြမ်းပြီးရင် ဆက်ပြီးလုပ်ရမယ့် ကဏ္ဍတွေက အများကြီး ကျန်ပါသေးတယ်။ တချို့ကပြောတာ ဒီတခါနောက်ဆုံးလားလို့ပြောရင် ဒီ processက နောက်ဆုံးလို့ ပြောလို့မရဘူး၊ ပြီးတဲ့အထိ သွားရဦးမယ်၊ နောက်ဆုံးတော့မဟုတ်ဘူး။”
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် စတုတ္ထမူကြမ်းအဆင့်ကို ရောက်ရှိနေပြီး ဆက်လက်ဆွေးနွေးဖို့ အချက် ၅ ချက်လောက်သာ ကျန်တော့တယ်လို့ ပြောပါတယ်။
ဝန်ကြီးဦးအောင်မင်း ရှင်းလင်းနေစဉ်
ဝန်ကြီးဦးအောင်မင်း ဆွေးနွေးနေစဉ်
“အပစ်ရပ်မူကြမ်း သဘောတူညီချက်ရဖို့ ကျနော်တို့ ညှိနှိုင်းကြတဲ့အခါမှာ စတုတ္ထမူကြမ်း ကို ရောက်ရှိနေပြီဖြစ် ပါတယ်။ ကျနော်တို့ စတင်ညှိနှိုင်းကြတဲ့ အခါမှာ အချက် ၁၀၄ ချက်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာ မူကြမ်း အချက် ၅ ချက်သာ ကျန်ရှိနေပါတယ်။ ကျနော်တို့အဓိက ရည်မှန်းချက်က နိုင်ငံရေးပြဿ     နာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ အဓိကအင်အားစုတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ဖို့ ကျင်းပနေခြင်းဖြစ်ပါတယ်။”
ဒီကနေ့ ဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) ဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့အတူ အစိုးရဘက်က ကိုယ်စားလှယ်သစ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးလည်း ပါဝင်တက်ရောက်နေပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ဘက်ကတော့ နိုင်ဟံသာခေါင်းဆောင်ပြီး တိုင်းရင်းသားတွေဘက်က တပ်ပိုင်းဆိုင်ရာ တပ်မှူးတွေ ပါဝင်တက်ရောက်နေပါတယ်။
အခုတကြိမ်ဆွေးနွေးပွဲမှာ နိုင်ငံရေးမူဘောင်နဲ့ နိုင်ငံရေးဆွေးနွေးပွဲအတွက် အစီအစဉ်၊ တပြည်လုံး အပစ်ရပ်သဘောတူညီချက်ကို ဘယ်သူတွေလက်မှတ်ထိုးမလဲ၊ အပစ်ရပ်ပြီး တပ်နေရာချထားရေးကိစ္စတွေ၊ နှစ်ဘက်လိုက်နာရမယ့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းမှုနဲ့ တပြည်လုံး အပစ်ရပ်ပြီးတဲ့အခါ တပ်သားစုဆောင်းရေး၊ မစုဆောင်းရေး စတာတွေ ပါဝင်ကြမှာဖြစ်ပါတယ်။
တပြည်လုံးအပစ်အခတ်ရပ်စဲပြီး ရက်ပေါင်း ၉၀ တွင်း နိုင်ငံရေးဆွေးနွေးဖို့ သဘောတူညီထားပြီး အပစ်ရပ်ပြီးကာလမှာ တပ်မတော်ဘက်က တပ်သားစုဆောင်းရေး လုပ်နိုင်ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က တပ်သား စုဆောင်းခွင့်ပိတ်ပင်မှုကြောင့် ဒီကိစ္စကို ဆွေးနွေးရာမှာ အချိန်ယူရဖွယ်ရှိပါတယ်။
အစိုးရဘက်က အောက်တိုဘာမှာ အပစ်ရပ်လက်မှတ်ထိုးပြီး ၂၀၁၅ ဆန်းပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ချင်တယ်လို့ ထုတ်ပြောထားသလို ပြည်တွင်းနိုင်ငံရေး ပါတီတွေကလည်း နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ရေးဆွဲရေးလုပ်ငန်းတွေ အစပြုလုပ်ဆောင်လာကြပါတယ်။
သန္တိသုခကျောင်းဆရာတော်တွေကို မဟန အမိန့်တခုထဲနဲ့ တရားစွဲဆို (ရုပ်/သံ)
သန္တိသုခကျောင်းဆရာတော်တွေကို မဟန အမိန့်တခုထဲနဲ့ တရားစွဲဆို (ရုပ်/သံ)
22 September 2014
သန္တိသုခကျောင်းနဲ့ ပက်သက်တဲ့ ဆရာတော်တွေကို နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့ရဲ ၂၀/၉၀ အမိန့် တခုတည်းနဲ့ တရားစွဲဆို ထားတာဖြစ်တယ်လို့ ဆရာတော်ဦး ဥတ္တရက မိန့် ကြားလိုက်ပါတယ်။ ဒေါ်သူသူအောင်က သတင်းပေးပို့ ထားတာပါ။ DVB TV -
ငြိမ်ချမ်းအေး - မတူကွဲပြား ပေါင်းစည်းခြင်း အနုပညာ
ငြိမ်ချမ်းအေး - မတူကွဲပြား ပေါင်းစည်းခြင်း အနုပညာ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၄
၂၁ ရာစု ခေတ်သစ် ဟာ နိုင်ငံတွေ ခွဲထွက်ရမယ့် အချိန်အခါ မဟုတ်တော့ကြောင်း၊ မတူကွဲပြားတဲ့ လူမျိုး၊ နိုင်ငံတွေ ပေါင်းစည်းခြင်း နဲ့ အင်အား တည်ဆောက်ရတယ် ဆိုတဲ့ အကြောင်းကို စကော့တလန် လွတ်လပ်ရေး ဆန္ဒခံယူပွဲ ရလဒ် က သက်သေ ထပ်ပြုတယ်။  ပဒေသရာဇ် ရနံ့ မပြယ်တဲ့ ဘုရင့်နိုင်ငံစု အဖြစ် ဆက် တည်ရှိနေတယ်၊ ကျွန်နံ့ လုံးလုံး မပျောက်ချင် ဆိုနိုင်ပေမယ့် လွတ်လပ်တဲ့ အုပ်ချုပ်ခွင့်ရ တန်းတူ နိုင်ငံကြီးသား တွေ အဖြစ် အတူတကွ ပေါင်းစည်း တည် ရှိနိုင်တယ်။
နိုင်ငံ နဲ့ လူမျိုး အကျိုး အတွက် ဖွံ့ဖြိုးတိုးတက် ချမ်းသာရေး ရှေးရှု လူမျိုး မတူကွဲပြားခြင်းတွေကို လက်ခံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်စွမ်း ရှိတာ ဟာ အမျိုးသားရေး လုပ်တာပဲ။  ကိုယ့်မင်း ကိုယ့်ချင်း ကိုယ့် နိုင်ငံ၊ ကိုယ့်လူမျိုး  ရယ် သက်သက် ဆိုတဲ့ အစွဲ စိတ် ရှိမှ အမျိုးသားရေး မဟုတ်ဘူး။
စကော့တွေ ဆိုတာ “Braveheart” ရဲရင့်နှလုံးသား ပိုင်ရှင် မျိုးချစ်တွေပါ။  စကော့တွေ၊ အိုင်းရစ်တွေရဲ့ ရာစုများချီ ရှည်ကြာ အင်္ဂလိပ်တော်လှန်ရေး က ဗမာပြည် အင်္ဂလိပ်ကျွန်ဘဝ လွတ်မြောက်ရေး ဖြစ်စဉ် တလျှောက် စံနမူနာ ပြုစရာ စိတ်ဓာတ် ခွန်အားတွေ ဖြစ်စေခဲ့တာပါ။  သူတို့ကို မျိုးချစ်တွေလို့ မခေါ် ဘယ်သူ့ကို ခေါ်မလဲ။
အခု လွတ်လပ်ရေး အတွက် ထောက်ခံမှု ဆန္ဒ တစိတ်တဒေသ ပြခဲ့တဲ့ စကော့တလန် ရဲ့ အကြီးဆုံး မြို့ကြီး ဂလာစဂို ဟာ အင်္ဂလိပ် ကိုလိုနီ ဖြစ်ရင်းနဲ့ပဲ အတိတ် ဥရောပရဲ့ အချက်အချာ မြို့ကြီး အဖြစ် စည်ပင် ခမ်းနားခဲ့တယ်။  ၁၈ ရာစု စကော့ ဉာဏ်ပညာ အလင်းပွင့်မှု ခေတ်ကောင်းကြီးဟာ ဗြိတိသျှ နေမဝင် အင်ပါယာကြီး ကမ္ဘာပတ် ဗိုလ်ကျ ကြီးကျယ်စေဖို့ အထောက်အကူ ဖြစ်ခဲ့သလို စကော့လူမျိုးတွေရဲ့ ဂုဏ်ရည် သိက္ခာ ကို တက်စေ၊ လူမှု စီးပွား ကျန်းမာ ပညာ ဘဝတွေကိုလည်း မြှင့်တင်ပေးနိုင်ခဲ့တာပါပဲ။
အရင်းရှင် စီပွားရေးစနစ်ရဲ့ ခေါင်းကိုင် ဖခင်ကြီး အဒမ်စမစ် အစ၊ ဗြိတိသျှ ထောက်လှမ်းရေး လူသတ်လိုင်စင်ရ အမှတ် ၀၀၇ ဇာတ်သရုပ်ဆောင် ရှောင်ကွန်နရီ အလယ်၊ ဗြိတိသျှ နံပါတ်တစ် တင်းနစ် ကစားသမား အင်န်ဒီမာရေး အဆုံး လူမှုရေး၊ စီးပွားရေး၊ အတွေးအခေါ်၊ မနုဿဗေဒ၊ ဆေးပညာ၊ သင်္ချာ၊ အနုသုခုမ၊ အားကစား ဝိဇ္ဇာ သိပ္ပံ ပညာရပ်အားလုံးမှာ စကော့တွေ ထွန်းကားခဲ့တယ်။  လူမျိုး ဂုဏ်ရှိရှိ နိုင်ငံကြီးသားကောင်းများ ဖြစ်ကြောင်း သက်သေထူနိုင်ခဲ့တယ်
အခု လွတ်လပ်ရေး ကို ငြင်းပယ်ခဲ့တဲ့ စကော့တွေရဲ့ အများစုဆုံးဖြတ်ချက်မှာ နောက်ခံ နိုင်ငံ့ စီးပွားရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေး တွေ ပါတယ်၊ စကော့တလန်ဟာ ဥရောပသမဂ္ဂရဲ့ အကြီးဆုံး ရေနံအရန် အင်အား ပိုင်ဆိုင်ထားသူ စတဲ့ နောက်ခံ အချက်အများအပြား ရှိတယ် ဆိုတာတွေ မှန်တယ်။  ဒါပေမဲ့ အဓိက ကတော့ လက်ရှိ အခြေအနေဟာ လွတ်လပ် ဂုဏ်သိက္ခာ ရှိတဲ့ စကော့တလန်ပြည် ဖြစ်ပြီးနေလို့ပါ။  နိုင်ငံ အသစ် တသီးတသန့် ထီးထီးကြီး တည်စရာ မလိုတော့လို့ပါ။  အင်္ဂလန် နောက်ခံ ရှိခြင်းဟာ အချုပ်အချာ ထိပါးခြင်း ထက် ရပ်တည်မှု ခိုင်မာခြင်း ကို ပေးနေနိုင်လို့ပါ။
အင်္ဂလိပ် အာဏာရ၊ အတိုက်အခံ ပါတီစုံ နိုင်ငံရေးသမားများ နဲ့ အင်္ဂလိပ် စာနယ်ဇင်း ထူးထူးခြားခြား ညီညွတ် “‘No’ Vote” လော်ဘီ လုပ်ခဲ့ကြတယ် ဆိုတာလည်း မှန်တယ်၊ စကော့တွေရဲ့ စိတ်ထဲ အကြောက်တရား နဲ့ မလုံခြုံမှု ထည့်ပေးခဲ့တယ် ဆိုတာလည်း ဟုတ်တယ်၊ ဒါပေသည့် ဒါတွေ အားလုံးထက် ပိုတဲ့ တွန်းအားက လက်ရှိ စကော့တလန် ဟာ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရ၊ ကိုယ်ပိုင် အာဏာအုပ်ချုပ်ခွင့်ရှိ၊ လွတ်လပ် သိက္ခာ ရှိ နိုင်ငံ နဲ့ လူမျိုး အဖြစ် တည်ရှိပြီး ဆိုတာကြောင့်ပါ။
လွန်ခဲ့တဲ့ ရာစုနှစ်များက အခြေအနေ ဆိုရင်တော့ စကော့တွေ လွတ်လပ်ရေး အတွက် ဆန္ဒမဲ ပေး ထောက်ခံကြရုံ တင်မက လက်နက်ပါ ကိုင် တော်လှန်ကြမှာပေါ့။  ကိုလိုနီ ကျွန်ပြုခံ ဘဝတူ စာနာစိတ် နဲ့ ကျနော်တို့ ဗမာတွေလည်း အားတက်သရော ထောက်ခံရပေမပေါ့။  မူဝါဒသဘောအရလည်း လွတ်လပ်ရေး ဆိုတာ နိုင်ငံတိုင်း လူမျိုးတိုင်းရဲ့ အခြေခံ အခွင့်အရေး၊ လူသားအတွက် ဘုရားသခင် က မွေးရာပါပေးခဲ့တဲ့ အချိုမြိန်ဆုံး ကောင်းချီး ဆုလာဘ်ဆိုတော့ ကြိုဆိုရမှာပါပဲ။
သို့သော်ငြားလည်း နိုင်ငံသားတိုင်း လူမျိုးစု မခြား၊ အယူဝါဒ မကွဲ တရားမျှတ၊ လွတ်လပ် တန်းတူ ညီမျှ ဖိနှိပ်ခွဲခြားမှု ကင်းမဲ့ လောကပါလ တရားများ ထွန်းကားပြီး ဆိုရင် “လွတ်လပ်ရေး” ဆိုကာ အပေါ်ယံ သကြားဖုံး နိုင်ငံရေး သဘော အမြတ်ထုတ်မှု နိုင်ငံအသစ် ခံယူခြင်းကို ဘာမက်စရာ လိုတော့မလဲ။  အမျိုးသားရေး ဆိုတာ တိုင်းပြည် နဲ့ လူမျိုး ကြီးပွားချမ်းသာ ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်း တည်ငြိမ်ရေး က လိုရင်း မဟုတ်လား။  နိုင်ငံရေး နောက်မြီးဆွဲ စတန့် သမားများ အချောင်နှိုင်ဖို့ မဟုတ်ဘူး။
ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်း အတွက် လွတ်လပ်ရေး အရ ယူခဲ့ပြီးမှ ကိုယ့် နိုင်ငံသားချင်း ကျွန်ပြု၊ လူမျိုးစုငယ်များကို ဖိနှိပ် ရန်ရှာရင်း စစ်ဖိနပ်အောက်မှာ “ညစ်ပလီ” လူမျိုး နဲ့ တိုင်းပြည် အဖြစ် အိမ်နီး၊ အိမ်ဝေး နိုင်ငံကြီးငယ်များရဲ့ ခေတ်သစ် ကျွန်ပြုခံဖြစ်လျက် “ဂွ(ခွ)ကောင်တွေ ခွေး ဖြစ်ပေါ့” ဇာတ်လမ်းခင်းခဲ့တဲ့ ဗမာပြည်အနေနဲ့ ဆိုရင် “လွတ်လပ်ရေး”ရဲ့ အနှစ်သာရ အဓိပ္ပာယ် ဟာ နာမည်ခံသက်သက်လား၊ မှီတင်းနေထိုင်နေတဲ့ လူမျိုး၊ ဘာသာစုံ တိုင်းသူပြည်သားများ တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက် လူ့သိက္ခာ အပြည့်ရှိ လူစဉ်မီရေး က အဓိကလား ဆိုတာ သမိုင်းအမြင် ဘဝပေး အသိနဲ့ နားလည်နိုင်ပါတယ်။
ဒါ့အပြင် လက်ရှိ ခေတ်ကိုက ကွဲပြား သီးခြား ရပ်တည်တဲ့ ခေတ် မဟုတ်တော့ဘူး၊ မတူညီမှုတွေ ပူးပေါင်း ရပ်တည် ဘုံအကျိုးစီးပွား ဖြစ်ထွန်း အကျိုး တည်ဆောက်တဲ့ ခေတ်ကြီး ဖြစ်နေပြီ။  မျက်မှောက် စားသုံးသူအကြိုက် ခေတ်နည်းပညာဟာ  စုစည်းမှု နည်းပညာ ပါ။  စွယ်စုံသုံး အသိဉာဏ်ရှိ လက်ကိုင်ဖုန်း (Smart Phone) တွေကို ကြည့်ပါ၊ ပေါင်းစပ်ခြင်း နည်းပညာ ကို သုံးထားတယ်။  ခရီးဆောင် ကွန်ပျုတာ၊ အင်တာနက်၊ ရုပ်မြင်သံကြား၊ ကက်ဆက်၊ ရေဒီယို၊ နှိုးစက်၊ နာရီ၊ ပြက္ခဒိန်၊ မိုးလေဝသ၊ ဂဏန်းပေါင်းစက်၊ မှတ်စုစာအုပ်၊ စွယ်စုံကျမ်း အစရှိတဲ့ မတူညီတဲ့ အသုံးဝင်မှု လုပ်ဆောင်မှု အစုံ အားလုံး တစုတစည်းတည်း မိုဘိုင်းလ်ဖုန်း တလုံးတည်းမှာ တည်ရှိနေတယ်။
နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ ရေးရာ အတွေးအခေါ်သစ်တွေကလည်း မတူညီမှုများ စုစည်း အင်အားတည်ဆောက် အကျိုးဖြစ်ထွန်းမှုကိုပဲ ရှေးရှုတော့တယ်။  ကွဲပြား၊ ခွဲခြား သီးသန့် ဖြစ်တည်မှုတွေကို အားမပေးတော့ဘူး။
လွန်ခဲ့တဲ့ နှစ် (၄၀) ကျော်အချိန်တုန်းက ဂျွန်လင်နွန် ဆိုတဲ့ ဂီတပညာရှင် ကမ္ဘာနိုင်ငံသားကြီးဟာ ကွန်မြူနစ် ကြေညာစာတန်း ပါ သဘောတရား ကို အခြေခံ ပြီး "စိတ်ကူးယဉ်" ဆိုတဲ့ သီချင်းလေး တပုဒ်ဖွဲ့ခဲ့တယ်။  ကောင်ကင်ဘုံ မရှိ၊ ငရဲ ဆိုတာ နိတ္တိ၊ ဘာသာတရား ဆိုတာတွေ မရှိ၊ နိုင်ငံဆိုတာ မရှိ၊ (ပုဂ္ဂလိက) ပိုင်ဆိုင်မှု မဲ့၊ အလို လောဘ ကင်းကင်း၊ ဆာလောင်မှု မရှိ၊ ဘာအတွက် နဲ့ မှ သတ် စရာ မလို၊ ဘာအကြောင်း နဲ့ မှ သေစရာ မလို၊ "စိတ်ကူးယဉ် ကြည့်စမ်းပါဗျာ.." တဲ့။
ဒါကို ဗမာပြည်က ကဗျာဆရာ ဝင်းမင်းထွေး က ထပ်ဆင့် ခံစား တေးပြုတယ်။  ရုပ်ရှင်ဒါရိုက်တာ ဝင်းဖေ (စာရေးဆရာ/ပန်းချီဆရာ) က ဇာတ်ဝင်ခန်းအတွက် သရုပ်ဆောင် အဆိုတော် လူသတ်ချင် စိတ်ပျောက်သွားစေတဲ့ သီချင်းတပုဒ် စပ်ဖို့ တာဝန်ပေး တိုက်တွန်းရင်း ကနေ အစပြုခဲ့တယ်လို့ ဆိုတယ်။
ကမ္ဘာမြေရယ်.. ငြိမ်းချမ်းပါ..
လူတွေ.. ငြိမ်းချမ်း..
ချိုလွင်.. ခေါင်းလောင်းသံ..
အမေတွေ.. ငြိမ်းချမ်းအပြုံး..
စိတ်ကူးယဉ်.. အိပ်မက်.. ငြိမ်းချမ်း..
ရင်မှာ.. ပျော်ပြီလေ.. ကြည်နူး..
ရန်သူဆိုတာ.. စကားလုံး.. အသံ..
ကမ္ဘာမှာ.. မသုံးဘူး..
ကျည်ဆံတွေဆိုတာ.. ပြတိုက်မှာ..
ဒီကမ္ဘာမှာ.. မလိုတော့ဘူး..
စိတ်ကူးယဉ်.. အိပ်မက်.. ငြိမ်းချမ်း..
ရင်မှာ.. ပျော်ပြီလေ.. ကြည်နူး..
မယုံဘူးလား.. အနာဂတ်.. ငြိမ်းချမ်း..
ဒီလောက်လှတဲ့.. အတွေးလေးကို..
ငါတော့.. အရူးအမူး.. ချစ်လွန်းလို့..
အနာဂတ်မှာ.. ဖြစ်လာမှာ..
(စကားလုံး - ဝင်းမင်းထွေး၊ ဆို - သန်းနိုင်၊ အချစ်လှေ (၁၉၈၄) ဇာတ်ဝင်တေး၊
"စိတ်ကူးယဉ် အိပ်မက်" တဲ့..။  တကယ်တော့ ဂျွန်လင်နွန် ရဲ့ နိုင်ငံ မရှိ ဆိုတဲ့ "ဒီလောက်လှတဲ့ အတွေးလေး" ဟာ မျက်မှောက်မှာ စိတ်ကူးယဉ် သက်သက် အိပ်မက်လို့ မဆိုနိုင်တော့ဘူး။  လက်ရှိ ကမ္ဘာဟာ တံတိုင်းတွေ ကျိုးပျက်၊ နိုင်ငံ နယ်နိမိတ် မျဉ်းတွေ မှေးမှိန်ကုန်ပြီ။  ဘယ်နိုင်ငံ လုပ် ပစ္စည်းလဲ ဆိုတာ မရှိတော့ဘူး၊ ဘယ် (နိုင်ငံတကာ) စီးပွားအုပ်စု ကုမ္ပဏီကြီးတွေ လုပ်သလဲ ပဲ ရှိတော့တယ်။  “ကျနော် ဘယ်နိုင်ငံ၊ ဘာလူမျိုး ပါ” ဆိုတာ က အရေးပါတဲ့ နှုတ်ဆက်စကား မဟုတ်တော့ဘူး၊ “ကျနော် ဘယ် အဖွဲ့အစည်း မှာ ဘာ တာဝန်ယူ အလုပ်လုပ်ပါတယ်” ဆိုတာပဲ မိတ်ဆက် ပြောဖို့ လိုတော့တယ်။
မီးဖိုချောင်သုံး ပစ္စည်း အစ၊ ကွန်ပျူတာ မိုက်ခရိုချစ်ပ် အလယ်၊ မော်တော်ကား၊ လေယာဉ်၊ ဒုံးပျံ အဆုံး ကမ္ဘာ့ ပထဝီ အနှံ့အပြား က နိုင်ငံစုံ ပေါင်းစပ်ခြင်း ရလဒ် ထုတ်ကုန်တွေချည်းပဲ ဖြစ်ကုန်ပြီ။  ပြင်သစ် ဖရန့်၊ ဂျာမာန် မတ်၊ အီတာလျံ လိုင်ယာ ဆိုတာတွေ အတိတ် မှာ ကျန်ခဲ့ပြီ၊ ယူရိုငွေ ကပဲ ဥရောပ က နိုင်ငံစုံ လူမျိုး စုံ ကို စုစည်းပြီး ပြဿနာစုံ ကို ဖြေရှင်း ပေးနေပြီ။  ဥရောပ တတိုက်လုံး နီးပါး နယ်စည်းမခြား ဖြစ်နေပြီ၊ ပြည်ဝင်ခွင့်လက်မှတ်ဆိုတာ အီးယူ နိုင်ငံတွေ အတွက် မလိုတော့ဘူး။  ကမ္ဘာမှာ နိုင်ငံကူးလက်မှတ် ဆိုတာတွေ နောင်ဆိုရင် လုံးလုံး ပြတိုက်ထဲ ရောက်တော့မယ်။  အာဆီယံ မှာကို အခု ပြည်ဝင်ခွင့် ကင်းလွတ် နိုင်ငံတွေ ဗမာပြည်လို “ဘိတ်” နိုင်ငံမျိုး အတွက်တောင် အတော်များများ ရလာနေပြီ မဟုတ်လား။
မျက်မှောက် ကမ္ဘာ မှာ ကျည်ဆံ တွေ ပြတိုက်ထဲ ပို့ဖို့ လိုနေသေးတယ် မှန်ပေသည့် နိုင်ငံတွေ အချင်းချင်း စစ်ဖြစ်စရာ မရှိသလောက် နည်းလာပြီး နိုင်ငံစုံ တပ်ဖွဲ့တွေပေါင်း တဖက်နဲ့ အကြမ်းဖက် အဖွဲ့အစည်း တွေ၊ အကြမ်းဖမ်သမားများ ကြီးစိုး အာဏာရနေတဲ့ မိစ္ဆာ နိုင်ငံတချို့ စစ်ခင်း ရတဲ့ အနေအထားကပဲ တနေ့တခြား များလာပြီ။  အခုပဲ ကြည့်ပါ၊ ဘာသာရေး နာမည်ခံ လူသတ် အကြမ်းဖက် ပြနေတဲ့ ISIS ကိုဆိုရင် ဘာသာတူ လူမျိုးတူ တွေ အပါအဝင် တကမ္ဘာလုံး နိုင်ငံစုံ လူမျိုးစုံ က ပူးပေါင်းနှိမ်နင်းဖို့ ကြိုးစားနေကြတာ မျက်မြင်ပါပဲ။
ယူအင်န်၊ အီးယူ၊ အေပက်၊ အာဆီယံ၊ ဂျီ-၈၊ ဂျီ-၂၀ အစရှိတဲ့ နိုင်ငံတကာ နဲ့ ဒေသတွင်း နိုင်ငံစုံ အဖွဲ့ကြီးတွေအဖြစ် ရပ်တည်ရင်း သွေးစည်း ညီညွတ် အတူယှဉ်တွဲ ငြိမ်းချမ်းစွာ အကျိုးတူ ပူးပေါင်းဆောင်ရွက် စီးပွားဖြစ်စေခြင်းတခုတည်းနဲ့ပဲ ရှေ့အနာဂတ် ကမ္ဘာ့ ကောင်းကျိုးကို တည်ဆောက်ရတော့မှာပါ။  သီးခြား နိုင်ငံ တည်ဆောက် ခွဲထွက် ရပ်တည်လိုမှုဟာ စိတ်ကူးယဉ် ရူးသွပ်မှု သက်သက်ပဲ ဖြစ်သွားပါပြီ။
ဆိုတော့ အခု စကော့တန်သားများ ဆုံးဖြတ်ချက် ဟာ ခေတ်မီမီ ကမ္ဘာ့ကြည့်ကြည့် ရေရှည် အကျိုး မြော်မြင်တတ်တယ်လို့ပဲ ဆိုရပါမယ်။  လင်နွန် တယောက်လည်း အသက်ထင်ရှားရှိနေရင် ဒီ ဖြစ်စဉ်ကို အင်္ဂလိပ်တယောက် အနေနဲ့ မဟုတ် သူ သေသည့်တိုင် စွဲမြဲ ခံယူခဲ့တဲ့ ‘ကမ္ဘာ’ နိုင်ငံသား၊ ‘လူ’ လူမျိုး တယောက် အနေနဲ့ ကျေနပ်နိုင်မယ် ထင်ပါတယ်။  "One Race, One Nation, One World" အဖြစ် လူသား ဆိုတဲ့ မျိုးနွယ် တခုတည်းဟာ ကမ္ဘာဆိုတဲ့ နိုင်ငံကြီးရဲ့ ကောင်းကင် တမိုးတည်းအောက်မှာ ချစ်ကြည်ရင်းနှီး ဘုံ စီးပွား ဖြစ်ထွန်း ပူးပေါင်း ရပ်တည်ခြင်းကသာ အနာဂတ် ကမ္ဘာပါ။
ကျနော်တို့ ဗမာပြည်လည်း သင်ခန်းစာ ယူတတ်ရပါမယ်။  ၁၉၆၂ ခုနှစ်ကည်းက ပြည်ထောင်စုကြီး ပြိုကွဲမှာစိုးလို့၊ လူနည်းစု လူမျိုးစုတွေ ခွဲထွက်ကုန်မှာ ကြောက်လို့ ဆိုတဲ့ မခိုင်လုံတဲ့ အကြောင်းပြချ ကို စစ်အာဏာရှင် စနစ် အမြစ်တွယ် ရှင်သန်ရေး အလို့ငှာ အခါခါ ချပြခဲ့ကြတယ်။  တကယ်တော့ အင်္ဂလိပ်ဆီက လွတ်လပ်ရေး ယူစဉ် ခွဲထွက်ခွင့် သာချိန်မှာတောင် ဘယ်သူ့မှ မခွဲခဲ့ကြဘူး။  အခုအချိန်ကျမှလည်း ခွဲထွက်စရာ ဘာအကြောင်းမှ မရှိဘူး။  သေနတ်တချက် မဖောက်ရဘဲ ခွဲထွက်လို့ရတဲ့ အခွင့်အရေး ကို အခု စကော့တွေ ငြင်းပယ်စေဖို့ ဖြစ်ခဲ့တဲ့ နောက်ခံအခြေအနေ ကောင်းမွန် မှန်ကန် သမမျှတတဲ့ လူမှု စီးပွား နိုင်ငံရေး စနစ် တခုသာ ဗမာပြည်မှာ တည်ဆောက်ပြလိုက်ရင် ပိုလို့တောင် ခွဲထွက်စရာ အကြောင်းမရှိတော့ဘူး။
ပြိုင်ကား တန်ဆာဆင် တလွဲ အခွင့်အရေးစုံ လာဘ်သပ်ပကာထိုး ပါမစ် ငြိမ်းချမ်းရေး နည်းနာ များ နဲ့ ချော့ချီ ခြောက်ချီ နည်းအလီလီ ကိုရပ်၊ လွတ်လပ်ရေး ယူစဉ်က ပြုခဲ့တဲ့ ကတိကဝတ် ပင်လုံစိတ်ဓာတ် ကိုသာ တိုင်းပြည်မှာ နည်းလမ်းမှန် ရှင်သန်စေစမ်းပါ၊ “ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်” ဖြစ်အောင်သာ အုပ်ချုပ်ခွင့် ရ ဗမာ အစိုးရများ တကယ် လုပ်ပြလိုက်စမ်းပါ။  စစ်အာဏာရှင်စနစ် မှိုင်းတိုက်ခံ “ကြီးမြတ်လေသော မဟာမြန်မာ” စိတ်အခံများ ခွာချလိုက်စမ်းပါ။  စစ်ပွဲတွေ ချက်ချင်း ရပ်ပါတယ်။
တိုင်းပြည်မှာ လူမျိုးစုတိုင်း လွတ်လပ်၊ တန်းတူ၊ ငြိမ်းချမ်း ခံစားရစေတဲ့ လောကပါလ တရားသာထွန်းကားစေပြီး စစ်ဝါဒ နဲ့ တဖက်စွန်းရောက် အမျိုးသားရေးစိတ် ပြင်းထန်မှုများ၊ မျက်ကန်း မျိုးချစ်စိတ်များ လျော့ပါးအောင်သာ ကြံဆောင်ပါ။  ညီတူညီမျှ လူမှု၊ စီးပွား၊ ပညာမြင့်ဖို့သာ ဇောက်ချလိုက်ပါ တိုင်းရင်းသား ပြဿနာ၊ လူနည်းစု ပဋိပက္ခတွေ ဆန္ဒမဲ ခံယူစရာ မလို၊ စစ်တိုက်စရာ မလို လုံးဝဥဿုံ အလိုအလျောက် ရပ်သွားမှာပါ။
မုဆိုးခေတ် ကုန်ပြီမို့ လေးမြားတွေ သိမ်းနိုင်ဖို့ ဗမာပြည် ကြိုးစားရပါမယ်။
"God Save The Queen" ကို မဆိုချင်သလို “ကမ္ဘာမကြေ မြန်မာပြည်၊ ဒါ ဒို့မြေ ဒါ ဒို့ပြည်၊ မြန်မာစာသည် ဒို့ စာ၊ မြန်မာစကားသည် ဒို့ စကား၊ မဟာမြန်မာ” ဆိုချည်းပဲလည်း အသားပေး မလုပ်အပ်တော့ပါ။  အနာဂတ် ကမ္ဘာဟာ လင်နွန် ရဲ့ “စိတ်ကူးယဉ်” သာ နိုင်ငံတိုင်းရဲ့ နိုင်ငံတော်သီချင်း ဖြစ်လာတော့မှာပါ။  အခုကိုပဲ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ (၂၁ စက်တင်ဘာ) မှာ ယူအင်န် ရဲ့ကြီးမှူးမှုနဲ့ “စိတ်ကူးယဉ်” ကို နိုင်ငံပေါင်း (၅၀) ကျော်က သီဆိုခဲ့ကြပြီ။
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး၊ တမျိုး၊ တဘာသာ ချည်း ဆိုတဲ့ သတ်မှတ်ချက်တွေဟာ နောင်မှာ တဖြည်းဖြည်း လျော့နည်းကွယ်ပျောက်ရတော့မှာပါ။  မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ဆိုတာတွေကို လူသားတဦးချင်းရဲ့ အခွင့်အရေး၊ ဂုဏ်သိက္ခာ၊ လူဖြစ်တည်မှု  အသိမြှင့်တင်ခြင်းဘက်အဖြစ် ပုံစံပြောင်း တည်ရှိတော့မှာပါ။  အနာဂတ်မှာ ဖြစ်လာမှာပါ။  အခုလည်း စဖြစ်နေတာ ထင်ရှားပါပဲ။
နိဂုံးချုပ်ရရင် စကော့လူမျိုးတွေ ရွေးချယ်လိုက်တဲ့ လွတ်လပ်ရေး ဖွင့်ဆိုချက် အဓိပ္ပာယ်ကနေ တဆင့် မတူကွဲပြား ပေါင်းစည်းခြင်းရဲ့ လှပတဲ့ ရသ အနုပညာ၊ ခွင့်တူညီမျှ ရှိခြင်းရဲ့ အကျိုး၊ အနာဂတ် ကမ္ဘာရဲ့ သွေးစည်းညီညွတ်မှု ဗဟိုပြု ဖြစ်လာမယ့် အလားအလာများကို မြော်မြင် ကြည့်စေချင်ပါတယ်။
ငြိမ်းချမ်းအေး
စက်တင်ဘာ ၂၂၊ ၂၀၁၄
(ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်း များတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။  ဆောင်းပါးပါ အာဘော်နှင့် ပတ်သက်၍ ဝေဖန်ရန် nyeinchanaye81@gmail.com ထံ စာရေး ဆက်သွယ်နိုင်သည်။)