Friday, April 12, 2013

ဦးသန့်နဲ့ ဘာသာရေး




 
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်  (၁၉၆၁-၇၁) သက်တမ်း (၂) ဆက်ဆောင်ရွက်ခဲ့ရတဲ့ ဦးသန့်ဟာဗုဒ္ဓဘာသာမြန်မာလူမျိုးတဦးဖြစ်တယ်ဆိုတာ အထူးထုတ်ဖော်ရေးသားစရာမလိုပါဘူး။ 

ဒါပေမယ့် ဗုဒ္ဓဘာသာဖြစ်တာနဲ့ ကုလသမဂ္ဂတာဝန်နဲ့ ဘာဆိုင်သလဲလို့မေးလာရင်တော့ ဦးသန့်ရဲ့ ဘာသာရေးကိုးကွယ်ယုံကြည်မှုဟာ   ထည့်သွင်းပြောဆိုစရာဖြစ်လာပါတယ်။ ပြောလည်းပြောခဲ့
ကြပါတယ်။

ဦးသန့်ရဲ့ညီ ဦးခန့်က တက္ကသိုလ်စိန်တင်ရေးတဲ့ “ငြိမ်းချမ်းရေးဗိသုကာဦးသန့်” ဆိုတဲ့စာအုပ်မှာ အမှာစာရေးတော့ အောက်ပါအတိုင်းရေးထားတဲ့စာတပိုဒ်ပါရှိပါတယ်။“ဗုဒ္ဓဘာသာ မြန်မာတို့၏
ရဋ္ဌပူရဒေသ၊ မြစ်ဝကျွန်းပေါ်၊ ပန်းတနော်ဇာတိဖြစ်သော  ဦးသန့်သည်     ပြည်ပြည်တိုင်းကား၊
ကျော်ကြားသတင်း၊ ကမ္ဘာချင်းအောင်၊ ပွင့်လင်းထင်ရှား လူသိများလျက်ရှိနေပေသည်။ ဦးသန့်၏ ထင်ရှားကျော်ဇောခြင်း၊ ဦးသန့်ကို ကမ္ဘာကလိုလားခြင်းတို့သည်    ဦးသန့်၏ သူမတူအောင်ပြည့်
စုံသော ၀ိရိယ၏ စွမ်းပကား၊ ပညာ၏ စွမ်းပကား၊ စင်ကြယ်သော အကျင့်သီလတို့၏ စွမ်းပကား
တို့ကြောင့်ဟုလည်း
ဆိုနိုင်ပါ၏။ တနည်းအားဖြင့် ဦးသန့်သည် ဣဿာမိစ္ဆရိယဟူသော စိတ်ယုတ်
တို့ကိုပယ်ရှားနိုင်၍ ဒေ၀ဓမ္မတရားနှစ်ပါးတို့ဖြစ်သောဟီရိသြတပ္ပတရား၊ လောကပါလဖြစ်သော
ဗြဟ္မစိုရ်တရားတို့ကို ကောင်းစွာလက်ကိုင်ထားနိုင်ေ
သာ ပါရမီအင်အား၊ ဘုန်းကံအင်အား ကြီးမား
သော မင်းယောက်ျားဖြစ်သောကြောင့်
ဟုလည်းဆိုနိုင်ပါ၏။”

ဦးသန့်ကိုက  ဗုဒ္ဓဘာသာဝင်ယောက်ျားကောင်းတဦးအဖြစ်   ရှုမြင်သုံးသပ်ထားပုံဖြစ်ပါတယ်။ ဦး
သန့်အမြင်ဟာ တကယ့်ဗုဒ္ဓဘာသာဝင်စင်စစ်တဦးရဲ့ ရှုမြင်သုံးသပ်ချက်ဖြစ်ပါတယ်
။ ကုလသမဂ္ဂ အသိုင်းအ၀ိုင်းကလည်း  ဦးသန့်ရဲ့လုပ်ဆောင်ချက်တွေကိုသုံးသပ်ချီးမွမ်းကြရာမှာ ဦးသန့်ဟာဗုဒ္ဓ
ဘာသာဝင်ဆိုတဲ့အချက်ကို မကြာခဏထည့်သွင်းပြောဆိုကြပါတယ်။

ဗုဒ္ဓဘာသာကိုကမ္ဘာကသိတာက မေတ္တာဝါဒ၊ ငြိမ်းချမ်းရေးဝါဒ၊ အလယ်အလတ်လမ်းစဉ် ( မဇ္ဈိမ ပဋိပဒါလမ်းစဉ် ) လိုဖြစ်ပါတယ်။ ဦးသန့်ရဲ့သည်းခံစိတ်ရှည်ခြင်းကိုလည်း      ဗုဒ္ဓ၀ါဒီဖြစ်လို့ဆိုပြီး သုံးသပ်ကြပါတယ်။ ဦးသန့်ဆောင်ရွက်ရတဲ့အလုပ်တွေကလည်း  ငြိမ်းချမ်းရေးအလုပ်ကိုဘက်မ
လိုက်ကြားနေရေးနေရာက သည်းခံစိတ်ရှည်စွာလုပ်ရတဲ့အလုပ်တွေဖြစ်ပါတယ်။

တကယ်တော့ဦးသန့်ဟာ    မိရိုးဖလာဗုဒ္ဓ၀ါဒတဦးဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းနေပြီး  ဘုန်းကြီး
ကျောင်းရဲ့ ဗုဒ္ဓဘာသာသရိုးစာအခြေခံတွေမသင်ခဲ့ရပါဘူး။ သူ့ဖခင်က အိန္ဒိယတက္ကသိုလ်တခုမှာ ပညာသင်ခဲ့ဖူးတဲ့ ခေတ်ပညာတတ်တဦးဖြစ်လို့   မိရိုးဖလာပညာရေးလောက်နဲ့ တင်းတိမ်နိုင်သူမ
ဟုတ်ပါ။ ဘုန်းကြီးကျောင်းကိုစတင်မပို့ဘဲ လူကျောင်းကိုပဲစတင်ပို့ခဲ့ပြီး     အင်္ဂလိပ်စာတတ်ကျွမ်း
ရေးကိုပဲ
အလေးပေးခဲ့ပါတယ်။

ကိုရင်ဝတ်တော့လည်း ခုနှစ်ရက်ပဲဝတ်ခဲ့ရပါတယ်။ ဒီလိုနဲ့   ဗုဒ္ဓဘာသာမှာထူးထူးခြားခြားအဆင့်
မြင့်မြင့် လေ့လာရတဲ့ကျောင်းပညာအခွင့်အရေးမျိုးမရခဲ့ပါ။ ဒါပေမယ့် စာဖတ်ခြင်းကို အထူးဝါသ
နာပါတဲ့အတွက် ဗုဒ္ဓစာပေကိုမိရိုးဖလာထက်ပိုပြီးလေ့လာလိုက်စားခဲ့ဟန်ရှိပါတယ
်။   ဗုဒ္ဓဘာသာ
ဝင်တဦးအနေနဲ့ သာမန်မိရိုးဖလာထက်ပိုပြီးလေ့လာလိုက်စားခဲ့ပုံရတယ်လို
့  ဦးသန့်အပေါ် အကဲ
ဖြတ်နိုင်တဲ့အကြောင်းအချက်တခုကတော့ မန္တလေးတောင်မြို့မဟာဂန္ဓရုံဆ
ရာတော် အရှင်ဇနကာ ဘိဝံသလို ဗုဒ္ဓစာပေကျမ်းပြုအကျော်တဦးက ဦးသန့်လိုလူဝတ်ကြောင်တဦးကို မိမိရဲ့ ဘာသာရေး
စာအုပ် (အနာဂတ်သာသနာ) မှာ အမှာစာရေးခွင့်ပြုခြင်းပဲဖြစ်ပါတယ်။ ဒီအချက်ဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး အထင်ကြီးစရာဖြစ်ပေမယ့်  ဦးသန့်ဟာဘုရားဒကာ ဆဋ္ဌသင်္ဂါယနာတင် နိုင်ငံတော်
ဝန်ကြီးချုပ်  ဦးနုနဲ့တော့လုံးဝမတူပါဘူး။ ဦးနုက ပုတီးစိတ်ခြင်း၊ ဗေဒင်မေးခြင်း၊ ဗလိနတ်စာကျွေး
ခြင်းစတဲ့ကိစ္စတွေမှာ အထူးအလေးအနက်ထားလွန်းပါတယ်။ သဘောထားကွဲလွဲမှုအလွန်နည်းတဲ့ ငယ်ပေါင်းရောင်းရင်း ဦးနုနဲ့ ဦးသန့်တို့ဟာ     နိုင်ငံတော်ကဘာသာရေးအတွက် ဆောင်ရွက်မှုမှာ အကြီးအကျယ်သဘောကွဲလွဲခဲ့ဖူးပါတယ်။

ဦးနုဟာ ဆဋ္ဌမသင်္ဂါယနာတင် သာသနာ့ဒါယကာကြီးဘွဲ့ခံလိုသူဖြစ်ပါတယ်။ ပဉ္စမသင်္ဂါယနာတင်
ခဲ့တာဟာ မင်းတုန်းမင်းလက်ထက်ကဆိုတော့ ထပ်ပြီးသင်္ဂါယနာတင်ဖို့ အလောတကြီးမလိုသေး
ပါဘူး။ မင်းတုန်းမင်းက ကျောက်ထက်အက္ခရာတင်ခဲ့တာပါ။ ပုံနှိပ်စာတွေလည်း  ရိုက်နှိပ်ပြီးသား ရှိနေပါပြီ။ နှုတ်ထက် အာဂုံသက်သက် မဟုတ်ပါဘူး။ ဗမာပြည်ကလည်း      ဒုတိယကမ္ဘာစစ်မှာ မိအေးနှစ်ခါနာဆိုသလို ဂျပန်အ၀င်တခါ၊ အင်္ဂလိပ်အ၀င်တခါစစ်ဒဏ်ခံပြီး   ပြာပုံဖြစ်ခဲ့ရတဲ့အပြင်
 ပြည်တွင်စစ်မီးကလည်းတောက်လောင်နေတာပါ။ ဒါ့ကြောင့် ထူထောင်စတိုင်းပြည်မှာလိုဏ်ဂူကြီး
ဆောက်ပြီး     အကြီးအကျယ်ငွေကုန်ကြေးကျခံဖို့ဆိုတာ ဆိုင်းထားသင့်ပါသေးတယ်။ ဒါ့ကြောင့် ဦး
သန့်က အမုန်းခံပြီးကန့်ကွက်ခဲ့ပါတယ်။ ဦးနုက စိတ်ကူးယဉ်သူလည်းဖြစ်၊ လုပ်ချင်သလိုလုပ်ဖို့ အာဏာလည်းရှိချိန်ဖြစ်လို့ ဇွတ်တိုးလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သတင်းစာဆရာဝန်ကြီး ဦးထွန်း
ဖေက “ ဘ၀ရှင်မင်းတရားကြီး ” လို့ ခေါ်လောက်အောင်ဇွတ်တိုးလုပ်လေ့ရှိလာပါတယ်။
မိတ်ဆွေ
ဦးသန့်ရဲ့ကန့်ကွက်မှုဟာမအောင်မြင်ခဲ့ပါဘူး။

မြန်မာပြည်မှာက ကွန်မြူနစ်ဝါဒဟာ မိစ္ဆာဒိဋ္ဌိဝါဒလို့ လူအများအပြားကအစွဲဖြစ်ပေါ်ခဲ့ပါတယ်။ မူလ
ကလက်ဝဲ၀ါဒဖြန့်ချိခဲ့သူ သခင်နုကသာသနာ့ဒါယကာဖြစ်လာတဲ့အခါ  သူပုန်ထနေတဲ့ ကွန်မြူနစ်
တွေကို ဓမ္မာန္တရာယ်တွေလို့ဆိုင်းဘုတ်ကပ်ခဲ့ပါတယ်။ တချို့ ကွန်မြူနစ်များကလည်းဘုရားကျောင်း
ထဲ ဖိနပ်စီးပြခဲ့ကြဖူးတာရှိပါတယ်။ ဗုဒ္ဓဘာသာဝင်ဦးရေများတဲ့ ဗမာပြည်မှာ ကွန်မြူနစ်ကိုမိစ္ဆာဒိဋ္ဌိ စွပ်စွဲရတာလွယ်ပါတယ်။ သံဃာတော်တွေကိုရိုက်နှတ်သတ်ဖြတ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဟာ ယခု
အခါ စောစောတုန်းကလိုတော့ ကွန်မြူနစ်တွေကို ဓမ္မာအန္တရာယ်မခေါ်ရဲတော့ပါဘူး။ ကဗျာဆရာ
တင်မိုးက သူတို့ကိုကွန်မြူနစ်တစ္ဆေခြောက်သူတွေအဖြစ် ကဗျာနဲ့သရော်ခဲ့ဖူးပါတယ်။

ဦးသန့်ကတော့ ဓမ္မအန္တရာယ်အဖြစ်စွဲချက်မတင်ပါဘူး။ ဦးနုတခါတလေပြောဖူးသလို “ကွန်မြူနစ်
ဝါဒ  အဓွန့်ရှည်ပါစေ၊ ဗမာကွန်မြူနစ်များကျဆုံးပါစေ” လို့  ပြောလိုပုံရပါတယ်။    ဗမာကွန်မြူနစ်
တွေကို ကွန်မြူနစ်အမည်ခံထားတဲ့      အကြမ်းဖက်သမားတွေလို့ဆိုပါတယ်။ သခင်သန်းထွန်းနဲ့ သခင်စိုးတို့အပြန်အလှန် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ကြပုံ၊ မကြားဝံ့မနာသာ စွပ်စွဲပြောဆိုကြပုံတွေဆြို
ပီး သူတို့စာစောင်တွေမှာ အပြန်အလှန်ရေးထားတာတွေကို စုပေါင်းတင်ပြပါတယ်။ အလံနီသခင်စိုး
ဟာ မူလက လူ (၃၀) လောက်ရှိရာက မြေရှင်သဌေးတွေရဲ့ပစ္စည်းတွေကို လုယက်ယူငင်တဲ့အခါ လူဆိုးဓားပြတွေပါဝင်လာလို့  ချက်ချင်းလူ (၃၀၀) လောက်ဖြစ်သွားခဲ့တယ်လို့ရေးပါတယ်။ “ ဓမ္မ
အန္တရာယ် မိစ္ဆာဒိဋ္ဌိ” ဆိုတဲ့ စကားကိုမသုံးခဲ့ပါ။ ဘာသာရေးကို နိုင်ငံရေးတိုက်ပွဲလက်နက်အဖြစ် သုံးလေ့မရှိခဲ့ပါ။ ရှိတောင်မှ ဖဆ ဆိုရှယ်အများစုလို အဓိက လက်နက်အဖြစ် မသုံးခဲ့ပါ။

ဦးသန့်တသက်တာမှာ မိခင်နဲ့အတူ ဘုန်းကြီးဆွမ်းကပ်တာမျိုး၊ ရွှေတိဂုံဘုရားကိုတက်ပြီး ဘုရားဖူး
တာမျိုးကိုလုပ်လေ့ရှိပါတယ်။ တရားထိုင်တာလည်းလုပ်ပါတယ်။ ပုတီးစိပ်တာ မကြားဖူးပါ။ အလှူ
အတန်းအကြီးဆုံးလုပ်ဖူးတာက မိမိရရှိတဲ့ဂျဝါဟာလာနေရူး ဆုငွေ ရူပီး တသိန်းကို ဂျပန်ရှိ ကုလ
သမဂ္ဂတက္ကသိုလ်ကို ပညာရေးရန်ပုံငွေအလှူအဖြစ် လှူခဲ့တာပဲရှိပါတယ်။

ကိုယ်ကျင့်သိက္ခာပိုင်းကပြောရရင်တော့ ငါးပါးသီလကိုခါးဝတ်ပုဆိုးကဲ့သို့ မြဲသူလို့ ပြောရင်သာမန်
ပြောရာကျပါမယ်။ ဦးသန့်ဟာသူရဲ့ ရာထူးအရှိန်အ၀ါအသုံးချပြီး အစိုးရ၀န်ထမ်းအနေနဲ့ရော၊ ကုလ
သမဂ္ဂ၀န်ထမ်းအနေနဲ့ရော အခွင့်အရေးအလွဲသုံးစားမှုမျိုး၊ ကိုယ်ကျိုးရှာမှုမျိုး လုံးဝ မရှိခဲ့သူဖြစ်ပါ
တယ်။ ဗိုလ်နေ၀င်းလို အကုသိုလ်များတဲ့လူမျိုးဟာ ဦးသန့်ကို “ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့”
 ဖြစ်ခဲ့မယ်လို့ ယုံကြည်ပါတယ်။

ဦးသန့်ရဲ့ မိတ်ဆွေရင်း ဦးနုဟာ “ ဦးသန့်ဟာ အလွန်ရိုးသားဖြောင့်မတ်သူတယောက်ဖြစ်ပြီး၊ ဗုဒ္ဓ
ဘာသာကိုလည်း အလွန်ရိုသေကိုင်းရှိုင်းသူ ဖြစ်ပါတယ်” လို့ အတိုချုပ်ပြောခဲ့ဖူးပါတယ်။ တကယ်
တော့ဦးသန့်ဟာ ဘယ်ဘာသာကိုမဆို ရိုသေကိုင်းရှိုင်းတဲ့ လူယဉ်ကျေးဖြစ်ပါတယ်။ ဦးနုပြောတဲ့
“ ဦးသန့်ဟာ အလွန်ရိုးသားဖြောင့်မတ်သူ” ဆိုတဲ့စကားဟာ ရိုးရိုးနဲ့ ပြည့်စုံလှတဲ့ဂုဏ်ပုဒ်ပါပဲ။

ဦးအုန်းမြင့် ( ဒို့ရှမ်းပြည် ) ကတော့ ဗုဒ္ဓဘာသာရှုထောင့်က ဂုဏ်ပြုစကားတလုံးဖြစ်တဲ့ “သူဇာတာ
တို့၏ များစွာနှစ်လိုကြည်ညိုခင်မင်စေနိုင
်သော သွင်ပြင်အမူအရာရှိခြင်း” လို့ အချုပ်ပြောပါတယ်။ 
အဲဒါကို “သရဏီယတရား ခြောက်ပါးနဲ့ ပြည့်စုံသူ” ပြောနိုင်ပါတယ်တဲ့။

သရဏီယတရား ခြောက်ပါးဆိုတာက -
(၁) ချစ်ခင်နှစ်လိုဖွယ် ကိုယ်အမူအရာရှိခြင်း၊
(၂) ချစ်ခင်နှစ်လိုဖွယ် နှုတ်အမူအရာရှိခြင်း၊
(၃) ချစ်ခင်နှစ်လိုဖွယ် စိတ်အမူအရာရှိခြင်း၊
(၄) ချစ်ခင်နှစ်လိုဖွယ် မျှတဝေဖန်မှုရှိခြင်း၊
(၅) ချစ်ခင်နှစ်လိုဖွယ် ကိုယ်ကျင့်ရှိခြင်း၊
(၆) ချစ်ခင်နှစ်လိုဖွယ် လိုက်လျောတတ်ခြင်းတဲ့။ အားလုံး (၆) ပါးပါ။
“ချစ်ခင်နှစ်လိုဖွယ် အမူအကျင့်နဲ့ ပြည်စုံသူ” လို့ ပြောရင် ပြီးမယ်ထင်ပါတယ်။“ဗုဒ္ဓဘာသာနှင့် ဦး
သန့်” ဆိုတဲ့ဘိလပ်က ဂါဒီယန်သတင်းစာဆောင်းပါးတပုဒ်ကို တက္ကသိုလ်စိန်တင်ပြုစုတဲ့“ ကမ္ဘာ့
ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်” ဆိုတဲ့ စာအုပ်မှာ ဘာသာပြန်ပြီး ဖော်ပြထားပါတယ်။

အဲဒီဆောင်းပါးက “ဗုဒ္ဓဘာသာနှင့် ဦးသန့်” (လန်ဒန်၊ အောက်တိုဘာ (၁၉) ရိုက်တာ) ကုလသမဂ္ဂ
ဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့် ကိုးကွယ်ယုံကြည်သောဘာသာဖြစ်သည့် ဗုဒ္ဓဘာသာသည်
ပင် ဦးသန့်ကိုကုလသမဂ္ဂအတွင်းရေးမှူးချုပ်ခန့်သင့်ကြောင်း တန်ဖိုးမဖြတ်နိုင်သော အထောက်အ
ကူဖြစ်နေပြီဖြစ်သဖြင့် ဂါဒီယန်သတင်းစာကြီးကယနေ့ခေါင်းကြီးပိုင်းမှ ဝေဖန်ရေးသားလိုက်သည်။

ယင်းသတင်းစာကြီးက ဆက်လက်ရေးသားရာတွင်    ဗုဒ္ဓဘာသာဝင်များမှာ သမစိတ္တရှိကြ၍ အ
လယ်အလတ်လမ်းစဉ်ကိုလက်ကိုင်ထားပြီး အမြတ်ဆုံးတရားကိုရှာဖွေနေသူများဖြစ်သည် စသ
ဖြင့်ပါရှိသည်။

ထိုသို့ ရည်ရွယ်ရင်းရှိကြသောလူမျိုးများမှာ အဂတိတရားမလိုက်စားဘဲ သမစိတ္တမျှတစွာ ထားရှိ
တတ်သော သဘောရှိသူများဖြစ်သည်။ ဦးသန့်ကိုကြည့်ပါလျှင် သူယုံကြည်လက်ခံသော ဘာသာ
တရားကြောင့်ပင် ကုလသမဂ္ဂ၏တာဝန်ကြီးများကိုထမ်းဆောင်ရန် သင့်တော်သူတဦးဖြစ်ကြောင်း ထင်ရှားနေသည်စသဖြင့် အဆိုပါ ဂါဒီယန်သတင်းစာကြီးက   ဆက်လက်ဝေဖန်ရေးသားထားပေ
သည်။
အထက်ပါစာဟာ    ရိုက်တာသတင်းဌာနက     ဂါဒီယန်သတင်းစာပါဆောင်းပါးထဲက အ
ကြောင်းအချက်တခုကို ဖောက်သယ်ချလိုက်တာပဲ ဖြစ်ပါတယ်။

တကယ်တော့ဦးသန့်ဟာ မြန်မာပြည်သားတယောက်အနေနဲ့ ဒုတိယကမ္ဘာစစ်ကြီးဒဏ်ကို မိအေး
နှစ်ခါနာဆိုသလို  ခံခဲ့ရသူ၊ ပြည်တွင်းစစ်ကြီးဒဏ်ကို ခံခဲ့ရသူဖြစ်ပါတယ်။ ဒါ့ကြောင့်  စစ်ကိုမလို
လား၊ ငြိမ်းချမ်းရေးကို လိုလားတာဖြစ်ပါတယ်။ ကမ္ဘာစစ်မီးထဲမှာ သူစုဆောင်းခဲ့တဲ့ စာအုပ်တွေနဲ့ 
အတူ သူ့အိမ်လည်းမီးထဲပါသွားခဲ့ပါတယ်။ ပြည်တွင်းစစ်ကာလမှာ    ကရင်သူပုန်နဲ့ ငြိမ်းချမ်းရေး
ဆွေးနွေးဖို့ အသက်စွန့်ပြီး ဆောင်ရွက်ခဲ့ရတဲ့ အတွေ့အကြုံ လည်း ရှိပါတယ်။

ဦးနုရဲ့မှတ်ချက်ချအတိုင်း အလွန်ရိုးသားဖြောင့်မတ်ပြီး
မေတ္တာရှေ့ထားစဉ်းစားတတ်သူလည်း ဖြစ်
ပါတယ်။ ဒါတွေကဦးသန့်ရဲ့ ပင်ကိုယ်အရည်အချင်းတွေပါ။ ဒီအရည်အချင်းတွေကို     ဦးသန့်ဟာ ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပေမယ့် ဗုဒ္ဓဘာသာဝင်တိုင်းမှာ    ဒီအရည်အ
ချင်းတွေရှိနေတာလည်းမဟုတ်ပါဆိုတာကိုတော့ သတိပြုရပါလိမ့်မယ်။ ဦးသန့်က  ဦးနုလို အယူ
သည်းမှုတွေမပါရှိပါဘူး။ နတ်၊ ဗေဒင်၊ ပုတီးတွေ မပါပါဘူး။ ဦးသန့်မှာ သီလနဲ့ ပညာပိုင်းမှာ လူတ
ကာထက်ပိုပါတယ်။ ဦးသန့်ကိုဗုဒ္ဓဘာသာဝင်တဦးလို့ ဆိုတာထက် “ဗုဒ္ဓဘာသာဝင်ကောင်းတဦး” လို့ “ကောင်း” ဆိုတဲ့ ၀ိသေသတလုံးတိုးဖြည့်ပြောမှ      တခြားဗုဒ္ဓဘာသာဝင်တွေနဲ့ မရောမှာဖြစ်
ပါတယ်။

ဗုဒ္ဓဘာသာဝင် ဦးသန့်ရဲ့ စွမ်းဆောင်မှုတွေကြောင့်
(၁) မြန်မာနိုင်ငံရဲ့ ဂုဏ်မြင့်တက်ခဲ့တယ်။
(၂) မြန်မာလူမျိုးရဲ့ ဂုဏ်မြင့်တက်ခဲ့တယ်။
(၃) ဗုဒ္ဓဘာသာရဲ့ ဂုဏ်မြင့်တက်ခဲ့တယ်။
(၃) ကုလသမဂ္ဂကြီးရဲ့ ဂုဏ်လည်း မြင့်တက်ခဲ့ပါတယ်။

ဗိုလ်နေ၀င်းအစ ဗိုလ်သန်းရွှေအဆုံး ဗမာစစ်ဗိုလ်ချုပ်တွေကြောင့်ခုအခါမှာ မြန်မာနိုင်ငံရဲ့ဂုဏ်ရော
ဗုဒ္ဓဘာသာရဲ့ဂုဏ်ရော၊ မြန်မာလူမျိုးရဲ့ဂုဏ်တွေ အထူးနိမ့်ကျခဲ့ရပါတယ်။ ဒီဂုဏ်တွေကို သူများက ဆည်ပေးလို့မရပါ။ ဦးသန့်ကို မနာလို တိုရှည်ဖြစ်နေလို့လည်းမပြီးပါ။ ဦးသန့်ဂုဏ်တွေကို ဖျက်ပစ်
လို့လည်း မရပါ။ မိမိတို့မှာ ကျဆင်းနေတဲ့ ဂုဏ်ကို မိမိတို့ဘာသာ ပြန်လည်မြှင့်တင်မှသာ ရနိုင်ပါ
တယ်။

ဗိုလ်ချုပ်တွေအနေနဲ့ မိမိတို့ရဲ့ဂုဏ်ကို ဆည်ချင်ရင် အလွန်လွယ်ပါတယ်။ ဦးသန့် အမိန့်ရှိဖူးသလို စိတ်ထဲကလာတဲ့ ကိစ္စတွေကို စိတ်ထဲမှာပဲ အရင် ရှင်းရပါလိမ့်မယ်။ ဦးသန့်ကို မေတ္တာရှေ့ထားပြီး တိုင်းပြည်ငြိမ်းချမ်းသာယာဝပြောစေချင်ပါတယ်ဆိုတဲ့ စေတနာထားလိုက်ရင် အစစချောမောသွား
ပါလိမ့်မယ်။

စစ်ဗိုလ်ချုပ်တွေ လူတောမတိုးနိုင်ဖြစ်နေရတာကို ငါတို့ ဘုန်းကြီးလို့ သာမန်လူတွေ မဖူးနိုင်ကြဘူး
လို့ ထင်မနေပါလေနဲ့။ မကောင်းတာလုပ်ရင်လူတွေက ကိုယ့်ကိုရှောင်ကြမယ်။ ကိုယ်တိုင်ကလည်း လူတောမတိုးဝံ့ ဖြစ်မယ်။ ကောင်းတာလုပ်ရင် ဦးသန့်လိုပဲ လူရာဝင် လူတောတိုးနိုင်ပါလိမ့်မယ်။ လူကောင်းတဦးကို “ လူတောမတိုးစေနဲ့ ” ဆိုတဲ့  ရည်ရွယ်ချက်နဲ့ အကျယ်ချုပ်၊ အကျဉ်းချုပ်ထား
ပေမယ့် လူတွေကတနေ့တခြားပိုပြီးသာ ကြည်ညိုလာပါလိမ့်မယ်။ မကောင်းတဲ့လူကတော့ သူများ
အကျယ်ချုပ်မထားရဘဲ ကိုယ့်ဘာသာအကျယ်ချုပ်ချကာခံနေရပါလိမ့်မယ်။

ဗိုလ်ချုပ်ကြီးတွေအားလုံး   မေတ္တာပွားနိုင်ပါစေ။တိုင်းပြည်ငြိမ်းချမ်းသာယာအောင် ဆောင်ရွက်နိုင်
ကြပါစေ။ ကျနော်တို့ ကြည်ညိုစွာ အလေးပြုပါရစေ။
 

No comments: