Tuesday, July 26, 2016

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာချက်ထုတ်ပြန်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာချက်ထုတ်ပြန်

Tuesday, July 26, 2016
 
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေသော (၄၉)ကြိမ် မြောက် အာဆီယံနိုင်ငံခြားရေးဝန် ကြီးများအစည်းအဝေးမှ ဒေသ တွင်းထွက်ပေါ်လျက်ရှိသည့် ကိစ္စ ရပ်များကို ငြိမ်းချမ်းစွာပူးပေါင်းအ ဖြေရှာမည့် ကိစ္စများပါဝင်သော ပူးတွဲကြေညာချက်ကို အတည်ပြု နိုင်ခဲ့သည်။
အဆိုပါပူးတွဲကြေညာချက် တွင် အာဆီယံအသိုက်အ၀န်း၌ ဆက်လက်ပူးပေါင်းအကောင်အ ထည်ဖော်မည့်ကိစ္စရပ်များ၊ အာ ဆီယံနှင့် ယင်း၏ ဆွေးနွေးဖက် နိုင်ငံများအကြား ပူးပေါင်းဆောင် ရွက်မှုများကို ဆက်လက်မြှင့်တင် မည့်နည်းလမ်းများ၊ ဒေသတွင်း ဖြစ်ပေါ်လျက်ရှိသည့်ကိစ္စရပ်များ ကို ငြိမ်းချမ်းစွာဖြင့်ပူးပေါင်းအ ဖြေရှာသွားရန် စသည်တို့ကိုထည့် သွင်းဖော်ပြထားခြင်းဖြစ်သည်။
အဆိုပါပူးတွဲကြေညာချက် တွင် အငြင်းပွားမှုများရှိနေသည့် တောင်တရုတ်ပင်လယ်ကိစ္စအ ကြောင်းကို လျှော့ပေါ့ထည့်သွင်း ထားကြောင်း မီဒီယာအချို့က ဖော်ပြခဲ့သည်။
အဆိုပါအာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးအ ပြီးတွင် ဇူလိုင် ၂၅ရက်က အာဆီ ယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၊ ၀န် ကြီးအဆင့်အစည်းအဝေးများ ဆက်လက်ပြုလုပ်ခဲ့သည်။
ယင်းအစည်းအဝေးများသို့ ဒေါ်အောင်ဆန်းစုကြည်ဆက် လက်တက်ရောက်ခဲ့ကာ အစည်း အဝေးပြီးသည့်နောက် ဂျပန်၊ တ ရုတ်၊အမေရိကန်စသည့်ထိပ်သီး နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီး များနှင့် သီးသန့်တွေ့ဆုံခဲ့သည်။ အဆိုပါနေ့၌ ဗီယင်ကျန်းမြို့ အမျိုးသားကွန်ဗင်းရှင်စင်တာ တွင် အာဆီယံ-တရုတ်ဝန်ကြီး အဆင့်အစည်းအဝေးကို စတင်ပြု လုပ်ခဲ့သည်။
ယင်းအစည်းအဝေးတွင် အာဆီယံ-တရုတ်ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ ပူး ပေါင်းဆောင်ရွက်ပြီးအာဆီယံအ သိုက်အ၀န်းထူထောင်ရေးတွင် တရုတ်နိုင်ငံက ဆက်လက်ကူညီ ထောက်ပံ့ပေးရေး၊ တရုတ်နိုင်ငံ အနေဖြင့် အာဆီယံ-တရုတ် ဆက်သွယ်မှု 2+7 Cooperation Framework ကို ဆောင်ရွက်သွား ရေး၊ အထူးသဖြင့် ASEAN Infra structure Investment Bank (AIIB) တည်ထောင်နိုင်ရေး၊ ၂၀၁၆ စက်တင်ဘာ ၇ ရက်တွင် ဗီယင်ကျန်းမြို့၌ အာဆီယံ-တ ရုတ် Commemorative Summit ကျင်းပနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန် သည်။
ထို့အပြင် ၂၀၁၆တွင် အာဆီယံ-တရုတ်လူငယ်များ အပြန်အလှန် ပညာသင်စေလွှတ်နိုင်ရေး၊ ခရီးသွားကဏ္ဍ ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်သည့် အနေဖြင့် ၂၀၁၇ကို အာဆီယံ-တရုတ်ခရီး သွားနှစ်အဖြစ်သတ်မှတ်ဆောင် ရွက်ရေးဆွေးနွေးကြကြောင်းသ တင်းရရှိသည်။
ထို့နောက် အာဆီယံ-ကနေ ဒါဝန်ကြီးအဆင့်အစည်းအဝေး သို့လည်း ဒေါ်အောင်ဆန်းစုကြည် ဆက်လက်တက်ရောက်ခဲ့သည်။ ယင်းအစည်းအဝေးတွင် အာဆီ ယံ-ကနေဒါကုန်သွယ်မှု၊ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဖြတ် ကျော်မှုခင်းများနှင့်စွမ်းရည်မြှင့် တင်မှုဆိုင်ရာအစီအစဉ်များ ပူး ပေါင်းဆောင်ရွက်ရေး၊ ကနေဒါ နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံ အားလုံးနှင့် သံတမန်ဆက်သွယ် မှုမြှင့်တင်ရေး၊ ၂၀၁၇တွင် ကျင်း ပမည့် အကြိမ် (၄၀)မြောက်အာ ဆီယံ-ကနေဒါ Dialogue Relati-ons ကျင်းပနိုင်ရေးဆိုင်ရာများ ဆွေးနွေးကြသည်။
အာဆီယံ-ဂျပန်ဝန်ကြီးများ အဆင့်အစည်းအဝေးတွင်လည်း အာဆီယံဒေတွင်းနိုင်ငံများ ဖွံ့ဖြိုး တိုးတက်မှုကွာဟချက် ကျဉ်း မြောင်းရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ အထူးသ ဖြင့် အာဆီယံဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုရရှိစေရေးအတွက် စက်မှုကဏ္ဍ၊ ကျန်းမာရေးနှင့် သ ဘာဝဘေးအန္တရာယ် ပြန်လည်ထူ ထောင်ရေးဆိုင်ရာများဆွေးနွေး ခဲ့ကြောင်းသတင်းရရှိသည်။
ဆက်လက်၍ အာဆီယံ- အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အဆင့်အစည်းအဝေးတွင် အာဆီယံ-အမေရိကန်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များဆွေးနွေးခဲ့သည်။
အာဆီယံ-သြစတြေးလျနိုင် ငံခြားရေးဝန်ကြီးအဆင့်အစည်း အဝေးတွင် ဒေါ်အောင်ဆန်းစု ကြည်သည် အစည်းအဝေး၏ တွဲဖက်သဘာပတိအဖြစ် တာဝန်ယူခဲ့သည်။
ပြည်သူချင်းထိတွေ့ဆက် ဆံမှုတိုးမြှင့်ခြင်းဖြင့် ဒေသနှစ်ခု ကြားဆက်ဆံရေးတို့ ဆောင်ရွက် ကြရန်အရေးကြီးကြောင်း ယင်းအစည်းအဝေးအဖွင့်အမှာစကား၌ ပူးတွဲသဘာပတိဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။
7Day
အာဆီယံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ထံသို့ လာရောက်နှုတ်ဆက်နေသည့် ကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ(HOANG DINH NAM/AFP)

No comments: