Tuesday, July 26, 2016

ထိုင်းနိုင်ငံ ထိန်းသိမ်းရေးစခန်းရှိ မြန်မာအလုပ်သမားများကို သွားရောက် ခေါ်ယူမည်

ထိုင်းနိုင်ငံ ထိန်းသိမ်းရေးစခန်းရှိ မြန်မာအလုပ်သမားများကို သွားရောက် ခေါ်ယူမည်

Tuesday, July 26, 2016
 
အပြန်စရိတ် မရှိ၍ ထိုင်းနိုင်ငံ ထိန်းသိမ်းရေးစခန်း၌ ရောက်ရှိနေသော မြန်မာ အလုပ်သမား ၃၀၀၀ ကျော်ကို သြဂုတ်လဆန်းပိုင်းတွင် လေယာဉ်ခြောက်စင်း သို့မဟုတ် ခုနစ်စင်းဖြင့် သွားရောက်ခေါ်ယူမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးသိမ်းဆွေက ပြောကြားသည်။
...
ယင်းသို့ ပြုလုပ်ရန် လဝက၊ နိုင်ငံခြားရေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့ ပူးပေါင်း လုပ်ဆောင် မည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။
ပြန်လည်ခေါ်ယူရန် လူတစ်ဦးချင်းစီအတွက် ကုန်ကျစရိတ်မှာ ငွေကျပ် တစ်သိန်းခွဲ ခန့် ကုန်ကျမည်ဖြစ်ပြီး အလှူရှင်များကို ပူးပေါင်းပါဝင်ခွင့် ပေးထား ကြောင်း ၄င်းက ထပ်လောင်းပြောသည်။
The Voice
ဓာတ်ပုံ - အောင်ထက်

No comments: