Monday, July 25, 2016

နိုင်ငံ့ဝန်ထမ်း စကားရပ်တွင် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များ မပါဝင်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး ပြောဆို

နိုင်ငံ့ဝန်ထမ်း စကားရပ်တွင် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များ မပါဝင်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး ပြောဆို
Monday, July 25, 2016
 
လက်ရှိတည်ဆဲနိုင်ငံ့ဝန် ထမ်းဥပဒေအရ နိုင်ငံ့ဝန်ထမ်းစကားရပ်အတွင်း တပ်မတော်သားနှင့်ရဲ တပ်ဖွဲ့ဝင်များမပါဝင်ကြောင်း တပ်မတော်ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောဆိုလိုက် သည်။ ဇူလိုင်၂ဝရက် ရန်ကုန်မြို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့၏ ...ပင်စင်သက်တမ်းများတိုးမြှင့်လိုက်ခြင်းအ ပေါ် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်ကိုက်ညီမှုရှိမရှိဟု သတင်းမီဒီယာမေးမြန်းချက်အပေါ် ဒုတိယဗိုလ်ချုပ်ကြီးက ဖြေကြားပြောဆိုခဲ့ခြင်းဖြစ် သည်။
''နိုင်ငံ့ဝန်ထမ်းဥပဒေဟာ ၂ဝ၁၃ခုနှစ် ပြဋ္ဌာန်းတယ်။ အဲဒီမှာ ပုဒ်မတော့မမှတ်မိဘူးပေါ့လေ။ နိုင်ငံ့ဝန်ထမ်းဆိုတဲ့စကားရပ်မှာ တပ်မ တော်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေ မပါဆိုတာလေးကို မှတ်မိပါ တယ်''ဟု ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။ ထို့အပြင် ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း 'တပ်မတော်သည် ထူးခြားတဲ့သဘော သဘာဝရှိတဲ့အတွက်ကြောင့် နိုင်ငံ့ ဝန်ထမ်းများနဲ့စာလို့ရှိရင် တပ်မတော်သားတွေအတွက် တပ်မတော်ရဲ့နည်းဥပဒေများအရသာ ဆောင်ရွက်ခွင့်ပြုမည်ဆိုပြီး ပါပါတယ်။ ဒီအရ ကကနကောင်စီအမိန့်နဲ့သွားတယ်။ ဒီလို ကွာခြား ချက်ရှိတာဖြစ်ပါတယ်'' ဟု ၎င်းက ဆက်လက်ရှင်းပြသည်။ ၂ဝ၁၄ ခုနှစ်၊ ဒီမိုကရေစီအရပ်သား အစိုးရလက်ထက်တွင် ထုတ်ပြန်ခဲ့ သော ကကနကောင်စီ ၄/၂ဝ၁၄ အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်တို့အား ၆၅နှစ်ထက် မပိုသောသက်တမ်းကာလအထိ တာဝန်ထမ်းဆောင်ခွင့်ရှိကြောင်း ဒုတိယဗိုလ်ချုပ်ကြီးက ရှင်းပြ သည်။
၂ဝဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၉၁နှင့်၂၉၂တို့တွင် တော့ နိုင်ငံ့ဝန်ထမ်းဖြစ်သည့် တပ်မတော်သားများ၏ လုပ်ငန်းသဘာဝသည် ထူးခြားမှုရှိသည့်အလျှောက် တပ်မတော်သားများ အတွက် တပ်မ တော်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဟုလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ ထူးခြားသည့်လုပ်ငန်းသဘာဝအလျှောက် ယင်း တို့နှင့် ပတ်သက်၍ သီးခြားဥပဒေပြဋ္ဌာန်း ဆောင်ရွက်ရမည်ဟု ဆိုထားသည်။
လွင်ပြင်
Myanmar Online News's photo.
 

No comments: