Tuesday, July 26, 2016

အဆင့်မြင့်ပညာရေးဥပဒေရေးဆွဲနိုင်ရန် ဦးဖြိုးမင်းသိန်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ

အဆင့်မြင့်ပညာရေးဥပဒေရေးဆွဲနိုင်ရန် ဦးဖြိုးမင်းသိန်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ
Tuesday, July 26, 2016
 
အဆင့်မြင့်ပညာရေး ဥပဒေ ပိုမိုမြန်ဆန်စွာ ရေးဆွဲနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းသည် ရန်ကုန် တက္ကသိုလ်သို့ ဇူလိုင် ၂၅ ရက်တွင် သွားရောက်၍ကျောင်းသူ၊ ကျောင်းသားများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
...
ဦးဖြိုးမင်းသိန်းသည် ရန်ကုန် တက္ကသိုလ်ကျောင်းသူ၊ ကျောင်း သားများနှင့် ဇူလိုင် ၂၅ ရက် နေ့ လယ် ၃ နာရီတွင် ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမတွင် တွေ့ဆုံခဲ့ ခြင်းဖြစ်ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းတို့ တက်ရောက်ခဲ့သည်။
‘‘မကြာခင်မှာ အဆင့်မြင့် ပညာဥပဒေကို မြန်မြန်ရေးဆွဲနိုင် ဖို့အတွက် တက္ကသိုလ်အလိုက် Charter တွေ မြန်မြန်ရေးဆွဲနိုင် ဖို့၊ တက္ကသိုလ်အလိုက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေ မြန်မြန်ရရှိဖို့အ တွက် ကျောင်းသူ၊ ကျောင်းသား တွေရဲ့ အသံကိုလာနားထောင် တာ’’ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ဦးဖြိုးမင်းသိန်းနှင့်တွေ့ဆုံစဉ် ကျောင်းသားများက ကျောင်းသားသမဂ္ဂ ရပ်တည်ခွင့်၊ ဆရာ၊ဆရာမများနှင့် ပညာရေးအရည်အသွေး၊ နောက်ဆက်တွဲဥပဒေများ ဆက်လက်ရေးဆွဲရေး၊ သုတေသနလုပ်ငန်းများအပေါ် အကူအညီများ၊ ယာဉ်လမ်းအန္တရာယ်ကိစ္စများနှင့် မထသ ဖျက်သိမ်းသည့်ကိစ္စများကို မေးမြန်းခဲ့ပြီး ၀န်ကြီးချုပ်က ပြန်လည် ဖြေကြားခဲ့သည်။
"ဦးဖြိုးမင်းသိန်းနဲ့ တွေ့ရတယ်၊ သိချင်တာကို မေးလို့ရခဲ့တယ်၊ မထသဖျက်တာနဲ့ပတ်သက်ပြီး ကျောင်းသွား၊ အပြန်အဆင်မပြေဖြစ်မှာစိုးတာကိုလည်း အခြေအနေသိရတော့ ကောင်းပါတယ်"ဟု အဆိုပါတွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် ကျောင်းသူတစ်ဦးက ပြောသည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သည် ရန်ကုန်တက္ကသိုလ်ကျောင်း သားများ မေးမြန်းသည့် မေးခွန်း များကို ပြန်လည်ဖြေကြားခဲ့ပြီး ညနေ ၅ နာရီခန့်တွင် ရန်ကုန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်ကျောင်းသားများနှင့် ဆက်လက်တွေ့ဆုံခဲ့သည်။
‘‘ဦးဖြိုးမင်းသိန်းက မနက် ဖြန်မှာ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၊ သန်ဘက်ခါမှာ အမျိုး သားစီမံခန့်ခွဲမှုပညာကောလိပ်တို့ ကို ဆက်သွားပြီးတော့ ကျောင်းသားတွေနဲ့ တွေ့မယ်။ နောက်ထပ်လည်း အစီအစဉ်တွေဆွဲပြီးတော့ ထပ်သွားဖို့ ရှိတယ်’’ဟု ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြော ကြားသည်။
ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃ နောက်ပိုင်းမှစ၍ ၀ိဇ္ဇာ၊ သိပ္ပံထူးချွန်သည့် ဘွဲ့ကြိုသင်တန်း ကျေင်းသားများအား ပြန်လည် သင်ကြားပေးလျက်ရှိပြီး ကျောင်း သား၊ ကျောင်းသူ ၂,၀၀၀ ခန့်ကို ဆရာ၊ ဆရာမ ၇၀၀ ကျော်က သင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။
အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်သည့်ဥပဒေကို ၂၀၁၅ ဇွန်လ ၂၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုပြဋ္ဌာန်းခဲ့ပြီးနောက် နည်းဥပဒေအပါအ၀င် ဆက်စပ်ဥပဒေများ ကို လက်ရှိအချိန်တွင် အတည်ပြု နိုင်ခြင်း မရှိသေးပေ။
7Day
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရန်ကုန်တက္ကသိုလ်တွင် စကားပြောကြားနေစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)

No comments: