Friday, July 29, 2016

နိုင်ငံရေးဆွေးနွေးမှုအတွက် မူဘောင်ချဖို့ မိုင်ဂျာယန်မှာ ညိုနှိုင်းဆဲ

နိုင်ငံရေးဆွေးနွေးမှုအတွက် မူဘောင်ချဖို့ မိုင်ဂျာယန်မှာ ညိုနှိုင်းဆဲ

Friday, July 29, 2016
 
တိုင်းရင်းသားတွေရဲ့ မိုင်ဂျာယန် အစည်းအဝေးမှာ ဒီကနေ့ ၄ ရက်မြောက်နေ့အဖြစ် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတယ်လို့ ကေအဲန်ယူ ဒုတိယ ဥက္ကဌ ပဒို နော်စီဖိုးရာစိန် က ပြောပါတယ်။
...
"ဒီအချက်တွေဟာ နိုင်ငံရေးအရ ရှေ့ဆက်သွားနိုင်ရန် အရေးကြီးတဲ့ကိစ္စရပ်များဖြစ်တဲ့အပြင် သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ သဘောတူညီမှုရရှိဖို့လိုတယ်၊ ဒါ့အပြင် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေအားလုံးက သဘောတူညီမှု မရရှိသေးကိစ္စရပ်များဖြစ်ပါတယ်"
အစည်းအဝေးဖွင့်ပွဲ မနက်ပိုင်းမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယား က အားပေးနှုတ်ဆက်စကားပြောခဲ့ပါတယ်။
"ကုလသမဂ္ဂအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေ အကုန်လုံးနဲ့ ရပ်တည်သွားမှာဖြစ်ပါတယ်။ အားပေးကူညီသွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အခါ ပွင့်လင်းမြင်သာစွာလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ "
တရုတ်နိုင်ငံခြားရေးဌာနရဲ့ အာရှရေးရာ အထူးသံတမန် မစ္စတာ စုကို့ရှမ်း ကလည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အခုလိုအကြံပေးခဲ့ပါတယ်။
"ခုနက မစ္စတာ နမ်ဘီးယား ပြောတဲ့စကားကို အကုန်လုံးသဘောတူပါတယ်။ အစည်းအဝေးမှာ ဆွေးနွေးမယ့်ကိစ္စတွေမှာလဲ ရေတိုကိစ္စလည်းရှိပါတယ် ရေရှည်ကိစ္စလဲ ရှိပါတယ်။ ကျနော်ထင်တယ် လွယ်မယ့်ကိစ္စကို အရင်ဆွေးနွေးဖို့ သဘောတူညီချက်ရဖို့ အရေးကြီးပါတယ်"
ကုလသမဂ္ဂနဲ့ တရုတ် အထူးသံတမန် ၂ ဦးဟာ အစည်းအဝေးမှာ အမှာစကားတွေ ပြောပြီး မိုင်ဂျာယန်အစည်းဝေးကနေ ပြန်သွားကြပါတယ်။ မိုင်ဂျာယန်အစည်းအဝေးကို ဇူလိုင်လ ၂၉ ရက် ဒီနေ့အထိ သတ်မှတ်ထားတာဖြစ်ပေမယ့် မနက်ဖြန် ၃၀ ရက်နေ့ တရက်ထပ်တိုးပြီး ဆွေးနွေးမယ်လို့လည်း သိရပါတယ်။
RFA Burmese
Photo: Ye Htet/RFA
(ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများရဲ့ မျက်နှာစုံညီ အစည်းအဝေးကို တွေ့ရစဉ်)

No comments: