Wednesday, July 27, 2016

မလေးရှားထိန်းသိမ်းရေးစခန်းများရှိ မြန်မာသုံးထောင်ကျော်ကို အမြန်ဆုံး ပြန်ခေါ်မည်ဟု အလုပ်သမားဝန်ကြီးပြော

မလေးရှားထိန်းသိမ်းရေးစခန်းများရှိ မြန်မာသုံးထောင်ကျော်ကို အမြန်ဆုံး ပြန်ခေါ်မည်ဟု အလုပ်သမားဝန်ကြီးပြော

Wednesday, July 27, 2016
 
မလေးရှားနိုင်ငံ၏ ဥပဒေများအရ ပြစ်ဒဏ်ကျခံပြီး သော်လည်း အိမ်ပြန်ရန်စရိတ် မတတ်နိုင်ဖြစ်နေသော ထိန်းသိမ်း ရေးစခန်း ၁၁ ခုရှိ မြန်မာအလုပ်သမား သုံးထောင်ကျော်ကို အမြန်ဆုံး ပြန်လည်ခေါ်ယူမည်ဖြစ် ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက လွှတ်တော်တွင်ပြောကြား သည်။
...
ဇူလိုင် ၂၆ ရက်တွင် ပြုလုပ် သော အမျိုးသားလွှတ်တော်၌ တနင်္သာရီမဲဆန္ဒနယ် အမှတ် (၈) ကိုယ်စားလှယ် ဦးဥက္ကာမင်း၏ ဆက်စပ်မေးခွန်းကို ဝန်ကြီးဦး သိန်းဆွေက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။
‘လာမယ့်လဆန်းက စခေါ် မယ်’ဟု ဝန်ကြီးကပြောသည်။
ကမ္ဘောဇအုပ်စုက လေ ယာဉ်ဖြင့် ခေါ်ဆောင်ရန် ကူညီမည်ဟု ဝန်ကြီးဌာနသို့ အဆိုပြု ထားကြောင်း ၎င်းကပြောသည်။ ထို့အပြင် အခြားအလှူရှင်များက လည်း မလေးရှားရှိ မြန်မာများ ပြန်ခေါ်ရေးတွင် ကုန်ကျစရိတ် များ ထည့်ဝင်ရန် ဝန်ကြီးဌာနသို့ ကမ်းလှမ်းနေကြကြောင်း ၎င်းက ပြောသည်။
‘‘တစ်ခေါက်ကို လူ ၁၅၀ လောက်နဲ့ ခြောက်ခေါက်လောက် ခေါ်လိုက်ရင် တော်တော်လျော့ သွားမယ်။ ကျန်ခဲ့မယ့်လူတွေကို လည်း ဆက်တိုက်ခေါ်ဖို့ စီစဉ် မယ်’’ဟု ဝန်ကြီးက ပြောသည်။
သို့သော် ထိုသို့ခေါ်ဆောင် ရာတွင် မြန်မာနိုင်ငံသားမဟုတ် သူများ ရောနှောပါဝင်လာခြင်း မရှိစေရန် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနတို့က စိစစ်ကြပ်မတ်မည်ဖြစ် ကြောင်း ဝန်ကြီးကပြောသည်။
၂၀၁၄ မှ ၂၀၁၆ အတွင်း မလေးရှားထိန်းသိမ်းရေးစခန်း များမှ မြန်မာတစ်သောင်းကျော် အထိ ပြန်လည်ခေါ်ယူခဲ့ပြီးဖြစ် ကြောင်း ဝန်ကြီးဌာန အချက် အလက်များအရ သိရသည်။
မလေးရှားနိုင်ငံသို့ သွား ရောက်အလုပ်လုပ်ကိုင်မည့်သူ မြန်မာလူမျိုး ဦးရေ ၃၀၀ မှ ၄၀၀ အတွင်းသည် လေဆိပ်များမှ နေ့စဉ်ထွက်ခွာလျက်ရှိကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
7Day Daily
ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည့် မလေးရှားတွင် ထိန်းသိမ်းခံ ထားရသူများ (ဓာတ်ပုံ - နစ်ကီ)

No comments: