Wednesday, July 27, 2016

တစ်ခေတ်တစ်ခါတုန်းက ခရိုနီသားသမီးများသည် တိုင်းပြည်အတွက် အကျိုးံပြုမှု တစ်ခုခု လုပ်ပေးချင်စိတ်များ ရှိကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောကြား

တစ်ခေတ်တစ်ခါတုန်းက ခရိုနီသားသမီးများသည် တိုင်းပြည်အတွက် အကျိုးံပြုမှု တစ်ခုခု လုပ်ပေးချင်စိတ်များ ရှိကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောကြား
 Wednesday, July 27, 2016
 
တစ်ခေတ်တစ်ခါက ခရိုနီ၏ သားသမီးများဟု စွပ်စွဲခံနေရသူများသည်လည်း တိုင်းပြည်အတွက် အကျိုးပြုမှု တစ်ခုခု လုပ်ပေးချင်သည့်စိတ်များ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇူလိုင် ၂၆ ရက်တွင် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။
...
"လူငယ်တွေထဲမှာ လုပ်ငန်းတာဝန် အသီးသီးကို ထမ်းဆောင်နေတဲ့ ဘွဲ့ရလူငယ်တွေ တော်တော်များများရှိပါတယ်၊ သူတို့က တိုင်းပြည်တာဝန်ကို တစ်ထောင့်တစ်နေရာကနေ ထမ်းဆောင်နေကြတာ၊ တစ်ခေတ်တစ်ခါတုန်းက ခရိုနီတွေရဲ့ သား၊ သမီးတွေလို့ စွပ်စွဲခံနေရတဲ့ သူတွေလည်းရှိပါတယ်၊ ချမ်းသာခဲ့တဲ့ သူဌေးကြီးတွေရဲ့သား၊ သမီးတွေဟာ သူတို့တိုင်းပြည် ထူထောင်ရေးမှာ ပါချင်မှာ။ သူတို့ရဲ့မိဘတွေကြောင့် စွပ်စွဲခံနေရမှုကနေ သူတို့တိုင်းပြည်အတွက် အကျိုးပြုမှုတစ်ခုခု လုပ်ပေးသွား ချင်တဲ့ စိတ်တွေ သူတို့မှာရှိပါတယ်"ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့အတူ လူငယ်များအနေဖြင့် မည်သည့်ကဏ္ဍတွင် ပါဝင်လိုသည်ကိုလည်း အစိုးရအဖွဲ့ကို အသိပေးရန် လိုအပ်ကြောင်း၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ပြင်ဆင်ရာတွင် လူငယ်များကို နေရာပေးရမည်ဖြစ်ပြီး ၊ အစိုးရက မူဝါဒနှင့် ပေါ်လစီကို သာ ကိုင်ထားမည်ဖြစ်ကာ ၊ တကယ်လက်တွေ့ကို လူငယ်များက လုပ်ဆောင်ရမည် ဖြစ်ကြောင်းလည်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထည့်သွင်းပြောဆိုခဲ့သည်။
လာမည့် သြဂုတ်လ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့ရှိ လူငယ်များတွေ့ဆုံမည်ဖြစ်ပြီး ခရိုနီဟုခေါ်ဆိုနေသည့် စီးပွားရေး လုပ်ငန်းရှင်အချို့၏ သားသမီးများလည်း ပါဝင်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့သည် ဇူလိုင် ၂၅ ရက်က ရန်ကုန်တက္ကသိုလ် ကျောင်းသားကျောင်းသူများ၊ ဆရာ၊ဆရာမများနှင့် တွေ့ဆုံခဲ့ပြီး ၀န်ကြီးချုပ်က ကျောင်းသားများအနေဖြင့် လမ်းပေါ်ထွက်၍ ဆန္ဒပြပြီး ပေးဆပ်စရာ မလိုတော့ကြောင်း၊ အမျိုးသား ပညာရေးဥပဒေတွင် ကျောင်းသားများ ကျောင်းသားသမဂ္ဂများ၏ လွတ်လပ်စွာ ပြောဆိုလုပ်ကိုင်ခွင့် ပေးထားပြီးဖြစ်သည်ဟုလည်း ပြောဆိုခဲ့သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဇူလိုင် ၂၇ ရက်တွင် အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်သို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း သိရသည်။
ဇော်မင်းထွန်း
The Ladies News

No comments: