Friday, July 22, 2016

ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးများ အဂတိလိုက်စားပါက မည်သူ့မျက်နှာကိုမျှ မထောက်ဘဲ အရေးယူမည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ပြော

ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးများ အဂတိလိုက်စားပါက မည်သူ့မျက်နှာကိုမျှ မထောက်ဘဲ အရေးယူမည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ပြော

Friday, July 22, 2016
 
လက်ရှိပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ အဂတိ လိုက်စားမှုရှိပါက မည်သူ့မျက် နှာကိုမျှ မထောက်ဘဲ အရေးယူ မည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
...
ဇူလိုင် ၂၀ ရက်က ကျောက် တော်မြို့နယ် ကစ္ဆပနဒီအစည်း အဝေးခန်းမတွင် မြို့ခံများ၊ ဌာန ဆိုင်ရာများနှင့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီး ချုပ်က အထက်ပါအတိုင်းပြော ကြားခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မြို့ခံ ကိုဇော်ချေက ပြောသည်။
‘‘အစိုးရသစ်အနေနဲ့ လာဘ် ပေးလာဘ်ယူမှု ကင်းစင်အောင် ကြိုးစားသွားမှာ ဖြစ်ပြီးတော့ အစိုးရအဖွဲ့ဝန်ကြီး တစ်ဦးဦးက အဂတိလိုက်စားမှုတစ်ခုခုပြုလုပ် ခဲ့ရင် ပြည်သူတွေအနေနဲ့ ဥပဒေ အရ ထိထိရောက်ရောက်အရေး ယူနိုင်ပါတယ်။ ဘယ်သူ့မျက်နှာ ကိုမှမထောက်ဘဲ အရေးယူသွား မှာ ဖြစ်ပါတယ်လို့ ပြည်နယ်ဝန် ကြီးချုပ် ဦးညီပုက ပြောကြားခဲ့ပါ တယ်’’ဟု ၎င်းက ဆိုသည်။
ဌာနဆိုင်ရာဝန်ထမ်းများအ နေဖြင့်လည်း အစိုးရ၀န်ထမ်းဟူ သော ခံယူချက်ကို ဖျောက်၍ ပြည်သူ့ဝန်ထမ်းဟူသော ခံယူချက် ထားနိုင်ရန် လိုအပ်နေပြီး တစ်ဦး ချင်းစီ၏ တွေးခေါ်မှုအလေ့အထ များ ပြောင်းလဲချိန်တန်ပြီ ဖြစ် ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့ကြောင်း ကိုဇော်ချေက ပြောသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများသည် ဇူလိုင် ၁၉ ရက်နှင့် ၂၀ ရက်တွင် အမ်းမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့နှင့် ကျောက်တော်မြို့များသို့ သွား ရောက်ကာ ပြည်သူများ၏ မေး မြန်းချက်များကို ဖြေကြားခြင်းများဆောင်ရွက်ခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့မှ သတင်းရရှိသည်။
7Day
ကျောက်တော်မြို့ခံများနှင့် တွေ့ဆုံနေသည့် ရခိုင်ဝန်ကြီးချုပ် (ဓာတ်ပုံ − ရခိုင်ပြည်နယ်အစိုးရအဖွဲ့)

No comments: