Thursday, July 28, 2016

ယခင်အစိုးရလက်ထက်က တည်ဆောက်ထားခဲ့သော လှိုင်သာယာနှင့် ဒဂုံဆိပ်ကမ်းရှိ အခန်းများကို ရောင်းချပေးသွားမည်

ယခင်အစိုးရလက်ထက်က တည်ဆောက်ထားခဲ့သော လှိုင်သာယာနှင့် ဒဂုံဆိပ်ကမ်းရှိ အခန်းများကို ရောင်းချပေးသွားမည်
Thursday, July 28, 2016
 
ယခင်အစိုးရလက်ထက်က တည်ဆောက်ထားခဲ့သော တန်ဖိုးနည်း အိမ်ရာစီမံကိန်းများဖြစ်သော လှိုင်သာယာနှင့် ဒဂုံဆိပ်ကမ်းရှိ အခန်းများကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
...
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း အိမ်ယာ စီမံကိန်း အပိုင်း ၃ နှင့် ယုဇန အိမ်ရာစီမံကိန်းတို့မှ ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ အခန်း အရေအတွက် ၂၀၀၀ ကျော်ကို မဲနှိုက်စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ရာ ၀ယ်ယူလိုသူများ အနေဖြင့် မိမိနှင့် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများတွင် လျှောက်လွှာများ ၀ယ်ယူနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။
“တန်ဖိုးနည်းအိမ်ရာကို ဘဏ်ချေးငွေနဲ့ ၀ယ်ယူနိုင်အောင်လဲ စီစဉ်ပေးထားပါတယ်။ ဘဏ်နဲ့ ချိတ်ဆက်ပြီး ၀ယ်ယူလိုသူများအနေနဲ့ CHD ဘဏ်မှာ စာရင်းဖွင့်ထားဖို့ လိုအပ်ပါတယ် ” ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ( CHD Bank )မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိ အစိုးရသစ်လက်ထက်တွင်လည်း မြန်မာတစ်နိုင်ငံလုံးတွင် ငွေကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ ငွေကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးရာတွင် အိမ်ရာလိုအပ်ချက် အများဆုံးဖြစ်သော ရန်ကုန်တိုင်းဒေသကြီးတွင် မင်္ဂလာဒုံ မြို့နယ် ပျဉ်းမပင်၊ သန်လျင်မြို့နယ် စက်မှု တက္ကသိုလ်အနီး၊ ဒဂုံဆိပ်ကမ်းနှင့် လှိုင်သာယာမြို့နယ်များအတွင်း ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာများကို အကောင်အထည် ဖော်မည်ဖြစ်ရာ ယင်းစီမံကိန်း လေးခုမှ တိုက်ခန်းပေါင်း ၈,၀၀၀ ကျော်ကို နှစ်နှစ်အတွင်း ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ အကောင်အထည် ဖော်ဆောင်မည့် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန်အတွက် ဆောက်လုပ်ရေး ကုမ္ပဏီများကို တင်ဒါခေါ်ယူရန်လည်း စီစဉ်ထားကြောင်း သိရသည်။
ဝသန်
The Ladies News

No comments: