Sunday, July 31, 2016

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် လက်ရှိတွင် ၁၀ ရာခိုင်နှုန်း ကျော် လာပြီ ဖြစ်သဖြင့် တရားလွန် မြင့်တက်မှု မဖြစ်စေရေး ထိန်းကျောင်းရန် လို အပ် ဟု ဆို

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် လက်ရှိတွင် ၁၀ ရာခိုင်နှုန်း ကျော် လာပြီ ဖြစ်သဖြင့် တရားလွန် မြင့်တက်မှု မဖြစ်စေရေး ထိန်းကျောင်းရန် လို အပ် ဟု ဆို
Sunday, July 31, 2016
 
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် လက်ရှိ အချိန်တွင် ၁၀ ရာခိုင်နှုန်း ကျော် ရှိလာပြီဖြစ်ကြောင်း၊ တိုင်းပြည်၏ GDP တက်လာပါက ငွေကြေး ဖောင်း ပွ မှုကို ပြန်ကာမိကြောင်း၊ သို့သော်လည်း ငွေကြေး ဖောင်းပွမှု တရားလွန် မမြင့် တက်ရန် လိုအပ်ကြောင်း ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ ကျွမ်းကျင် သူ ပညာရှင် ဦးသန်းလွင်ကေ...ပြာကြားခဲ့သည်။
“ငွေကြေးဖောင်းပွမှုက တက်လာတာ မှန်တယ်။ ၁၀ ရာခိုင်နှုန်း ကျော်လာပြီ။ ငွေ ကြေးဖောင်းပွမှု တက်တိုင်း ကောင်းတယ် မကောင်းဘူး သုံးသပ်တယ်။ တိုင်း ပြည်ရဲ့ GDP တိုးတက်လာတယ်ဆို ငွေကြေး ဖောင်းပွမှုကို ပြန်ကာမိ တယ်။ GDP ရှစ်ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း တိုးတက်တယ်။ ငွေကြေးက ၁၁ ရာခိုင်နှုန်းဆို သိပ်မထောင်းသာဘူး။ ဘာလို့ဆို GDP က တက်နေတာကိုး” ဟု ဦးသန်းလွင်က ပြောကြားခဲ့သည်။
“စီးပွားရေးတက်ရင် ငွေကြေးဖောင်းပွမှု လိုက်မီအောင် လစာစရိတ်တွေ အထိုက် အလျောက် တက်ရတာ ရှိတယ်။ အထည်အလိပ် လုပ်ငန်းတွေ ဘာပဲ ပြော ပြော လစာလေးတွေ တက်တာတွေ့တယ်။ အလုပ်သမား ရှားပါး မှု ကြောင့် အလုပ်သမားတွေအတွက် ဖယ်ရီစနစ်ပါ လုပ်ပေးနေတယ်။ အများ အားဖြင့် နိုင်ငံခြား ရောက်ကုန်တာကိုး။ ပြည်ပကနေ ပြန်လာတဲ့လူတွေ ရှိ တယ်။ လစာကောင်းကောင်း ပေးခေါ်တာ ရှိတယ်။ လိုအပ်ချက်ကြောင့် တက်လာ တတ်လာတာပေါ့။ တစ်ဖက်က ဖောင်းပွမှုဖြစ်တိုင်း မကောင်းဘူး ဆိုတာ ချက်ချင်းပြောလို့ မရဘူး။ Deflation ဖြစ်ရင်တော့ ပြန်တည့်မတ်လာဖို့ ငါနှစ်လောက် ကြာတယ်။ Inflation ဖြစ်တာက ချက်ချင်း ကုစားလို့ ရတယ်။ ဗီယက်နမ်မှာ ဖြစ်တော့ အစိုးရ ဘတ်ဂျက်ကို ဇီးရိုးပြလိုက်တာ Inflation ချက်ချင်း ထိုးကျသွားတယ်။ ငွေကြေး ဖောင်းပွတာလည်း တရားလွန် မတက်ဖို့ပဲ လိုတယ်” ဟု ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် ဦးသန်းလွင်က သုံးသပ် ပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ် ဇွန်လအတွင်း တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၂ ဒသမ ၁၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၆ ခုနှစ် မေလ တစ်နှစ်ပျမ်းမျှ ငွေကြေး ဖောင်း ပွ မှုနှုန်း ၁၁ ဒသမ ၉၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ဆက်လက် မြင့် တက် ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်း အဖွဲ့မှ ထုတ်ပြန်ထားသည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေ အနေအရ သိရသည်။
ငွေကြေးဖောင်းပွမှုနှုန်းသည် ပထမ ကာလတို (၅)နှစ် စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ) ကာလတွင် တိုးတက်ခဲ့ခြင်း ကြောင့် ဒုတိယ ကာလတို ငါးနှစ် စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်)တွင် လက်ရှိ ဖြစ်ပေါ်နေသည့် ငွေကြေး ဖောင်းပွ မှု နှုန်း လျော့ကျစေရေးအတွက် ဘဏ္ဍာရေး မူဝါဒ၊ ငွေကြေး မူဝါဒ၊ ကုန်သွယ် ရေး မူဝါဒနှင့် နိုင်ငံခြားငွေထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံ၍ ငွေကြေး ဖောင်း ပွ မှုနှုန်း ထိန်းချုပ်ရေး ကိစ္စရပ်များအား မဖြစ်မနေ ဆောင်ရွက် သွား မည် ဖြစ်ကြောင်း သိရသည်။
ADB ၏ “အာရှ၏ အလားအလာ အစီရင်ခံစာ-၂၀၁၆” က မြန်မာနိုင်ငံ၏ စီးပွား ရေး တိုးတက်မှုနှုန်းမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၄ ရာခိုင်နှုန်း ခန့် ရှိ မည်ဟု ခန့်မှန်းထားသည်။
Writer: နီလာ
Eleven Media Group
ရန်ကုန်မြို့ မြို့နယ်တစ်ခု အတွင်းရှိ ညနေဈေးတန်းကို ဇူလိုင်လ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

No comments: