Tuesday, July 26, 2016

လေထန်ခြင်းတွေနဲ့  ရွက်လွှင့်ခဲ့တယ်

လေထန်ခြင်းတွေနဲ့  ရွက်လွှင့်ခဲ့တယ်

25 July 2016

လူကောင်းတွေနဲ့  သင့်တင့်စွာနေထိုင်မှုဗေဒ
ငါ..မသင်ယူခဲ့တာ အမှန်ပါ..
ဘာလို့လဲဆို.....

ငါ...လူရိုင်းတစ်ယောက်မို့ ပါ ပျဉ်းမပြာ....

ငါ့ မိသားစုက စွန့် ပစ် စာရင်း သွတ်သွင်းခဲ့တဲ့
လေလွှင့်ခဲ့သူပါ ပျဉ်းမပြာ..

သို့ပေသော်လည်း...
.ပြန်လာမှာပေါ့  ပျဉ်းမပြာ
နူးညံ့ မှုတွေကတော့ ထွက်ပြေးသွားခဲ့ပေါ့
လေထန်ခြင်းတွေနဲ့  ရွက်လွှင့်ခဲ့တယ် ပျဉ်းမပြာ
အဲဒါတွေကြောင့်. ..မှားသွားခဲ့တာပေါ့...

ရာစုနှစ်မကုန်သည်အထိ..
ငါတို့  ချီတက်ရဦးမယ်ကွယ်
လိုနေတဲ့အရပ်.. မပြည့်စုံသူတွေဆီ..
မိုးခေါင်ဒေသ...ခြေဗလာတွေဆီ..
မင်း...နေချင်တဲ့အရပ်မှာ နေပါ..
မင်း..မလာချင်တဲ့ အရပ်ကို စွန့် ပါ..
ငါ.. ဘုရားသခင် သတ်မှတ်ပေးသလောက်
နေရမယ့် လူတစ်ယောက်မို့ ပါ..
ပြီး..မင်း နားလည်နိုင်သလောက်သာ
နားလည်ပေးလိုက်ပါ...
မင်းသိခဲ့တဲ့ ငါ..
ထာဝရ သေဆုံးခဲ့ပြီ...။

ဇူလိုင် အမှတ်တရများ..(၂၀၁၆ ခုနှစ်)

Poe Ziwa


No comments: