Tuesday, July 26, 2016

နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော်ကို ပထမအကြိမ်အဖြစ် ကျင်းပမည်

နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော်ကို ပထမအကြိမ်အဖြစ် ကျင်းပမည်
----- ----- -----
26 July 2016
 
ပထမအကြိမ်အဖြစ် ကျင်းပသော နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော်ကို သိမ်ဖြူလမ်းရှိ ပုံနှိပ်ထုတ်ဝေရေး ဦးစီးဌာန၊ ဗဟိုပုံနှိပ်စက်ရုံ၌ ဇူလိုင် ၂၉ ရက်(သောကြာနေ့) မှ ၃၁ ရက်(တနင်္ဂနွေနေ့)အထိ ကျင်းပသွားမည်ဖြစ်သည်။
...
အဆိုပါ စာတမ်းဖတ်ပွဲကို နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပြုလုပ်သွား မည်ဖြစ်ကာ မောင်ခင်မင်(ဓနုဖြူ)၊ ဒေါက်တာတင်လှိုင်(ဘိုးလှိုင်)၊
ဒေါက်တာကျော်ဝင်း၊ မုံရွာအောင်ရှင်၊ မောင်ဇေယျာ အစရှိသည့် စာတမ်းရှင်
၁၈ ဦးက စာတမ်း ၁၈ စောင်ကို ဖတ်ကြားသွားမည်ဖြစ်သည်။
စာတမ်းဖတ်ပွဲနှင့် တစ်ပါတည်းခင်းကျင်းရောင်းချမည့် စာအုပ်ဈေးရောင်း ပွဲတော်တွင် ဆိုင်ခန်းပေါင်း တစ်ရာကျော်က သုတ၊ ရသ စာအုပ်များ ကို လျှော့ဈေးဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
The Ladies News

No comments: