Friday, July 22, 2016

"လာမည့် နှစ်ကုန်မှ စ၍ ရေဒါ စခန်း ၃ ခုဖြင့် မိုးလေဝသ အခြေအနေ များကို ပိုမို ထိရောက်စွာ တိုင်းတာနိုင်တော့မည်"

"လာမည့် နှစ်ကုန်မှ စ၍ ရေဒါ စခန်း ၃ ခုဖြင့် မိုးလေဝသ အခြေအနေ များကို ပိုမို ထိရောက်စွာ တိုင်းတာနိုင်တော့မည်"

Friday, July 22, 2016
 
လာမည့် နှစ်ကုန်ပိုင်းခန့် မှစ၍ မုန်တိုင်းနှင့် ဆိုးရွားသည့် မိုးလေဝသ အခြေအနေကို မိုး လေဝသ စောင့်ကြည့်ရေး ရေဒါ စခန်း ၃ ခုဖြင့် ထိရောက်စွာ တိုင်းတာ နိုင်တော့မည် ဖြစ် ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာန (အ ထက်မြန်မာပြည်)မှ သိရသည်။
...
”ဒီရေဒါ ၃ လုံးစလုံး တပ် ဆင်ပြီးတဲ့အခါမှာ ဘင်္ဂလားပင် လယ်အော်မှာ ဖြစ်ပေါ်တဲ့ မုန်တိုင်းတွေ မြန်မာ့ ကမ်းရိုးတန်း ကို ချဉ်းကပ် လာတဲ့အခါမှာ မုန် တိုင်းရဲ့အရွယ်အစား၊ မုန်တိုင်း ရဲ့ဦးတည်ရာ၊ မုန်တိုင်းရဲ့ပြင်း အား၊ မုန်တိုင်းကြောင့် မိုးသည်း ထန်နိုင်တဲ့ အနေ အထားတွေ ကို တိတိကျကျ သိနိုင်မယ်။ အ ရင်ကထက် ပိုပြီး တိကျတဲ့ ကြို တင် သတိပေးချက်တွေ ထုတ် ပြန် ပေးသွားနိုင်မှာပါ” ဟု အ ဆိုပါ ဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။
အဆိုပါ ရေဒါစခန်း ၃ ခု ကို ဂျပန်အစိုးရ အကူအညီဖြင့် တည်ဆောက်ခြင်း ဖြစ်ပြီး လက်ရှိ အခြေအနေအရ ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့ ရှိ ကျောက်ဖြူရေ ဒါစခန်းအား ၂ဝ၁၅ခုနှစ်၊ အောက် တိုဘာ ၉ ရက်က စတင်ဖွင့်လှစ် နိုင်ခဲ့ကြောင်း၊ ရန်ကုန်မြို့၌ တည် ဆောက် လျက်ရှိသည့် ရန်ကုန်ရေ ဒါစခန်းသည် သြဂုတ်လ အတွင်း ပြီးစီးနိုင်မည်ဟု ခန့်မှန်းထား ကြောင်း၊ ၂ဝ၁၅ နှစ်ကုန်ပိုင်းက စတင် တည်ဆောက် ခဲ့သည့် မန္တ လေး ရေဒါစခန်း ကို လာမည့်နှစ် လယ်ပိုင်းတွင် အပြီး တည်ဆောက် သွားရန် ခန့်မှန်း ထားကြောင်း သိရ သည်။
”ရေဒါတွေဟာ အထူးသဖြင့် မြန်မာ့ ကမ်းရိုးတန်းကို မုန်တိုင်း တွေ ချဉ်းကပ် လာတဲ့အခါ၊ ဝင် ရောက်လာတဲ့အခါ၊ ဖြတ်ကျော်ပြီး တဲ့အခါ မှာ မုန်တိုင်းတွေ ဘယ်ကို ဆက်ရွေ့လျားသလဲ၊ လျော့သွား မှာလား၊ မလျော့သေးတာလား သိရဖို့ အတွက်ရယ်၊ နောက်ပြီး တော့ မုန်တိုင်း ရဲ့ အကြွင်း အကျန် ကြောင့် မိုးသည်းထန်နိုင်မှု အ ခြေအနေတွေကို ဆက်လက် ခန့်မှန်းပေးနိုင်တဲ့ အနေအထား တွေရှိတယ်၊ မုန်တိုင်း ရွေ့လျား လာတယ်ဆိုရင် မုန်တိုင်းမျက်စိ ရဲ့ ဗဟိုချက်ကို အတိအကျ ရှာ ဖွေနိုင်တယ်၊ မုန်တိုင်း ခန့်မှန်း ရေး လုပ်ငန်းထဲမှာ ဂြိုဟ်တု ပုံ တွေ သုံးရတယ်၊ မြေပြင်တိုင်း တာရေး သုံးရတယ်၊ ဆိုးရွားတဲ့ မိုးလေဝသ အခြေအနေတွေ ကို တိုင်းတာတဲ့ အခါမှာ ရေဒါကို သုံးရ တာ အထိရောက်ဆုံးပဲ” ဟု ¤င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၇၉ ခုနှစ် က ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်၏ အစီအစဉ်ဖြင့် ကျောက်ဖြူမြို့၌ ရေဒါ တပ်ဆင်ခဲ့ဖူးပြီး ၁၉၉ဝ ခုနှစ် နောက်ပိုင်းတွင် သက် တမ်းကျော်လွန် လာသဖြင့် အ သုံးပြုနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
ထို့နောက်ပိုင်းတွင် ဘင်္ဂလား ပင်လယ်အော်၏ မုန်တိုင်းခန့် မှန်းရေး၌ ရေဒါဖြင့် ခန့်မှန်းနိုင် ခြင်း မရှိတော့သဖြင့် ၂ဝဝ၆ ခုနှစ် မာလာ မုန်တိုင်း၊ ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း၊ ၂ဝ၁ဝ ခုနှစ် ဂီရိမုန်တိုင်းတို့တွင် ရေဒါ ပုံရိပ်ဖြင့် မဟုတ်ဘဲ ခန့်မှန်းခဲ့ရ ကြောင်းလည်း သိရသည်။
”ဒါကြောင့်မို့လို့ မုန်တိုင်းခန့် မှန်းရေးမှာ ရေဒါ ရှိရင် အရမ်း ကောင်းတယ် ဆိုပြီးတော့ ဂျပန် နိုင်ငံက ၂ဝဝ၉ ခုနှစ်မှာ မိုးဇလ ဌာန ကို ရောက်လာပြီး လိုအပ် ချက်တွေ လေ့လာပြီး စီစဉ်ပေးခဲ့ တာပါ” ဟု ဦးကျော်လွင်ဦးက ပြောသည်။
Popular News Journal

No comments: