Thursday, July 28, 2016

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး အပေါင်းလက္ခဏာဆောင်သည့် ဘက်က ညှိနှိုင်းအဖြေရှာသွားမည်ဟု ခူဦးရယ်ကပြော

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး အပေါင်းလက္ခဏာဆောင်သည့် ဘက်က ညှိနှိုင်းအဖြေရှာသွားမည်ဟု ခူဦးရယ်ကပြော

Thursday, July 28, 2016
 
ကချင်ပြည်နယ် မိုင်ဂျာယန်မြို့၌ ကျင်း ပနေသော တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့များ မျက်နှာစုံညီ အစည်းအဝေးဖြစ်မြောက် ရန်အတွက် အစိုးရနှင့် တပ်မတော်တို့မှ ပူး ပေါင်း ဆောင်ရွက်ပေးခဲ့သည့် အတွက် မိမိတို့ ဘက်ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ် သက်ပြီး အပေါင်းလက္ခဏာ ဆောင်သည့်ဘက် က ညှိနှိုင်းအဖြေရှာသွားမည်ဟု ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ခူဦးရယ်က ပြောသည်။
...
၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်က မျက် နှာစုံညီ အစည်းအဝေး ပထမရက် ကျင်းပအ ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
''ဒီနေရာမှာ ကျွန်တော် အသိပေးလိုတာ က ဒီမျက်နှာစုံညီ အစည်းအဝေး ဖြစ်မြောက် ဖို့အတွက် အစိုးရနဲ့ တပ်မတော်က ကျွန်တော် တို့ကို ပူးပေါင်းဆောင်ရွက်တယ်။ တခါ ကျွန် တော်တို့ကို ခွင့်ပြုတယ်။ အဲဒီအခြေအနေ ကြောင့်ပဲ ကောင်းကောင်းမွန်မွန် မျက်နှာစုံညီ အစည်းအဝေးကို ကျင်းပနိုင်တယ်လို့ တွက် ရင် မမှားပါဘူး။ အဲဒီတော့ ကျွန်တော်တို့ဘက် ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက် ပြီးတော့ အပေါင်းလက္ခဏာ ဆောင်သည့် ဘက်က ရှေးရှုဖို့၊ ကမ်းလှမ်းဖို့၊ ညှိနှိုင်းအဖြေ ရှာဖို့ တာစူထားပါတယ်''ဟု မျက်နှာစုံညီအ စည်းအဝေး ကျင်းပရေးကော်မတီဥက္ကဋ္ဌ ခူဦး ရယ်က ပြောသည်။
အဆိုပါ အစည်းအဝေး ပထမနေ့တွင် ၂၁ ရာစု ပင်လုံညီလာခံမတိုင်ခင် အကြိုညှိ နှိုင်း ဆွေးနွေးရန်လိုခြင်းကြောင့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများကြား၌ ဘုံသဘောထား ရပ်တည်ချက်ကို စုစည်းရန် ဆိုသည့် သဘောနှင့် ပင်လုံဆိုသည့် ၁၉၄၇ က ပြုလုပ်ခဲ့သော ကတိကဝတ်များ၊ စိတ်ဓာတ် များနှင့် ပတ်သက်ပြီး မိမိတို့ဆွေးနွေးခဲ့ကြသည် ဟု ၄င်းက ဆိုသည်။
''ရှင်းရှင်းပြောရရင် အဲဒီတုန်းက လုပ်တဲ့ ကတိကဝတ် စာချုပ်စာတမ်းတွေကို မှီပြီးတော့ ၂၁ ရာစု ပင်လုံညီလာခံမှာ အသုံးပြုဖို့ဆိုတဲ့ ဟာမျိုး မဟုတ်ပါဘူး။ ဒါက ကြားထဲမှာ အ မြင် သဘောထားတူညီတာတွေ ရှိသလို မတူ ညီတာတွေ ရှိကောင်းရှိမယ်။ ဘာကြောင့်လဲ ဆိုရင် ၁၉၄၇ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ ပင် လုံရဲ့ ကတိကဝတ်တွေ သဘောတူညီချက် တွေဟာ အခုနေခါမှာ သဟဇာတ မဖြစ်တော့ တဲ့ အနေအထားတွေ ပြောင်းလဲလာတဲ့ နိုင်ငံ ရေးအခြေအနေအောက်မှာ တိုင်းပြည်ရဲ့ ပြောင်း လဲလာသည့် လူမှုဘဝ အခြေအနေအောက် မှာ အခြေအနေ တစ်စုံတစ်ရာ ပြောင်းလဲသွား တာကို သတိပြုရမှာဖြစ်ပါတယ်''ဟု ပွဲကျင်းပ ရေးကော်မတီဥက္ကဋ္ဌ ခူဦးရယ်က ဆက်ပြော သည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး အကျယ်တ ဝင့် ဆွေးနွေးပြီးပြတ်ကြောင်း မိမိတို့ ပင်လုံ နှင့်ဆက်စပ်ပြီး စနစ်တကျဖြစ်ရန် ပြုစုရေး အဖွဲ့တစ်ဖွဲ့ကို ပြန်လည်ပြင်ဆင်ရေးသားရန် သဘောထား ချမှတ်ကြောင်း လက်စွဲစာတမ်း တစ်ခုကို ထိုလေးရက်တာ အစည်းအဝေးမပြီး ဆုံးခင်တွင် ပြန်လည်သုံးသပ် လက်စွဲစာစောင် အဖြစ် ရယူနိုင်လိမ့်မည်ဟု မျှော်လင့်ထား ကြောင်း ¤င်းက ဆိုသည်။
မိုင်ဂျာယန်၌ ကျင်းပနေသော မျက်နှာ စုံညီ အစည်းအဝေးကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါ မျက်နှာစုံညီ အစည်းအဝေးကို NCA လက်မှတ်ထိုးထားသော RCSS/SSA, KNU, DKBA, KNU/KNLA-PC, CNS, PNLO, ABSDF, ALP တို့မှ ကိုယ်စားလှယ်များ တက်ရောက်လာခဲ့ကြပြီး လက်မှတ်မထိုးရသေးသည့် ၁၃ ဖွဲ့ထဲမှ KIO/ KIA, NMSP, KNPP, SSPP/SSA, NDAA, LDU, WNO, AA, ANC စသည့် လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်လာခဲ့ကြကြောင်း သိရသည်။

No comments: