Tuesday, July 26, 2016

ပြည်သူ့လွှတ်တော်အမတ်များ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၏ ဖိတ်ကြားချက်များကို လွှတ်တော်ဥက္ကဋ္ဌအား အသိပေးရတော့မည်

ပြည်သူ့လွှတ်တော်အမတ်များ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၏ ဖိတ်ကြားချက်များကို လွှတ်တော်ဥက္ကဋ္ဌအား အသိပေးရတော့မည်
Tuesday, July 26, 2016
 
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား INGOs, NGOs, CSOs စသော ပြည်တွင်း ပြည်ပရှိ အဖွဲ့အစည်းများက အ လုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်း များ၊ လေ့လာရေးများသို့ တက် ရောက်ရန် ဖိတ်ကြားလာပါက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင် ပြကာ အတည်ပြုချက်ရယူရမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂၂ ရက်စွဲပါရှိသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသိရှိနိုင်ရန် ပန်ကြား ချက်အမည်ဖြင့် အထက်ပါသတ် မှတ်ချက်များ ပါဝင်သော စာတစ် စောင်ကို ဇူလိုင် ၂၅ ရက် လွှတ် တော်အစည်းအဝေးများပြန်လည် ပြုလုပ်သည့် ပထမနေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အား ဖြန့်ဝေထားကြောင်း ရခိုင် အမျိုးသားပါတီမှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဖေသန်း က ပြောသည်။ ဦးဖေသန်းက ပြောသည်။
အဆိုပါပန်ကြားချက်တွင် အချက်သုံးချက်ပါရှိကာ INGOs, NGOs, CSOs စသော ပြည်တွင်း ပြည်ပရှိ အဖွဲ့အစည်းများက အ လုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်း များ၊ လေ့လာရေးများတက်ရောက်ရန် ဖိတ်ကြားလာပါက ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြကာ အတည်ပြုချက်ရယူရန် ပထမ ဦးဆုံး အချက်အဖြစ် ထည့်သွင်း ထားသည်။
ဒုတိယအချက်အဖြစ် ထိုသို့ တက်ရောက်ရန် ဖိတ်ကြားခံရ သည့် ကိုယ်စားလှယ်များ၊ ကော် မတီများအနေဖြင့်လည်း မိမိတို့ ထံ တစ်ဦးချင်းဖြစ်စေ၊ ကော်မတီ ခေါင်းစဉ်ဖြင့် ဖြစ်စေ ဖိတ်ကြား လာပါက ဖိတ်ကြားသည့် အဖွဲ့ အစည်းများကို ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌထံသို့ လိပ်မူပြီး ဖိတ် ကြားပေးစေလိုကြောင်း ပြန်လည် ပြောကြားပေးပါရန်ဟု ဖော်ပြ ထားသည်။
ပန်ကြားချက်၏ နောက်ဆုံး အချက်အဖြစ် ဒုတိယအကြိမ် ပြည် သူ့လွှတ်တော် ဒုတိယပုံမှန် အ စည်းအဝေးများသို့ တက်ရောက် မည့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များ၏ ကိုယ်ရေးအရာရှိ များသည် ပြည်သူ့လွှတ်တော်အ စည်းအဝေးခန်းမတွင်းသို့ ၀င်/ ထွက်ခြင်းမပြုကြရန် ထည့်သွင်းထားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယင်းကိစ္စရပ်များတွင် သတ်မှတ်ထားသည့်အတိုင်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပန်ကြားထားသည်။
လွှတ်တော်အစည်းအဝေး ခန်းမအတွင်းသို့ လွှတ်တော်ကိုယ် စားလှယ်များမှအပ အခြားသူများ မ၀င်ရောက်ရန် ပန်ကြားခြင်း သည် နည်းလမ်းကျသော်လည်း INGOs, NGOs, CSOs စသော ပြည်တွင်း၊ ပြည်ပရှိ အဖွဲ့အစည်း များက အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ၊ လေ့လာရေးများတက်ရောက်ရန် ဖိတ်ကြားလာပါက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြကာ အတည်ပြုချက်ရယူရန် ထည့်သွင်းထားခြင်းကို ရှင်းလင်းချက်ကိုပါ ပန်ကြားလွှာတွင် ထည့်သွင်းထားလိုကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ဆိုသည်။
‘‘တချို့လွှတ်တော်ကိုယ်စား လှယ်တွေရဲ့ PSO (ကိုယ်ရေးအ ရာရှိ)တွေက လွှတ်တော်အစည်း အဝေးခန်းမထဲ ၀င်တာ၊ ထွက်တာ ရှိလို့ ဒီလိုပန်ကြားတာလို့ သိထား ပေမယ့် အဖွဲ့အစည်းတွေနဲ့ ကိစ္စ ကတော့ ဘာကြောင့်လဲဆိုတာ မသိဘူး’’ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဆို သည်။
ပြည်သူ့လွှတ်တော်တွင် သာ အထက်ပါပန်ကြားလွှာကို ထုတ်ပြန်ထားပြီး အမျိုးသားလွှတ် တော်ဘက်တွင် ဇူလိုင် ၂၅ ရက် အထိ ထုတ်ပြန်ထားမှုမရှိကြောင်း အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အချို့ထံမှ သိရသည်။
‘‘ဒါက အမိန့်တော့ မဟုတ် ပါဘူး။ ပန်ကြားလွှာဆိုတော့ ကိုယ် တွေလည်း အသိအမှတ်ပြုရမှာ ပေါ့။ အသိပေးရမယ်ဆိုတော့ အသိပေးရင် သူတို့လည်း ခွင့်ပြုပေးရမှာပါ’’ဟု ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြည်သူ့လွှတ်တော်ရုံး၏ ပန်ကြားလွှာတွင်ပါရှိသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပတ်သက်၍ ထည့် သွင်းထားသည့် အချက်အပေါ် သဘောထားကို ပြောကြားသည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲရလဒ်ကြောင့် ထွက်ပေါ်လာသော လွှတ်တော်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များနေရာအများစုရထားပြီး ပြည် ထောင်စုလွှတ်တော်ရှိ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ ၈၀ ရာခိုင်နှုန်းခန့်ကို နေရာရထားသည်။
7Day

No comments: