Tuesday, July 26, 2016

အာဆီယံအနေနဲ့ စည်းလုံးညီညွတ်ဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

အာဆီယံအနေနဲ့ စည်းလုံးညီညွတ်ဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

Tuesday, July 26, 2016
 
အာဆီယံအနေနဲ့ အဖွဲ့ဝင်နိုင်ငံများအားလုံး စည်းလုံးညီညွတ်ဖို့ လိုကြောင်း၊ စည်းလုံး ညီ ညွတ်မှသာ အာဆီယံ၏ ပုံရိပ်ဟာ ကမ္ဘာ့နိုင်ငံများနဲ့ ဆက်ဆံတဲ့အခါမှာ လေးစားမှုကို ခံယူ ရရှိမှာဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပနေသည့် (၄၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး များအစည်းအဝေးမှာ ပြောဆိုကြောင်း အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။
...
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူလိုက်ပါသွားသည့် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် အာဆီယံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက “ကျွန်တော်တို့ ရဲ့ ပြည်ထောင်စုဝန်ကြီးအနေနဲ့ အာဆီယံ အစည်းအဝေးကိုတက်တဲ့အထဲမှာ သူ့ရဲ့ ပထမ ဦးဆုံး အစည်းအဝေးဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် အာဆီယံရဲ့ အနာဂတ်ကို သူဘယ် လိုမြင်တယ် ဆိုတာကို အဓိကထားပြီး ပြောသွား ပါတယ်” လို့ ဆိုပါတယ်။
ထိုအစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံခြားရေးဝန်ကြီး တဦးအနေဖြင့် အာဆီယံ အပေါ်အမြင်၊ အာဆီယံအသိုက်အ၀န်း ထူထောင်ရေးမှာ ဘယ်လိုပါဝင်မယ် ဆို တာတွေကို ပြောကြားခွင့် ရတဲ့ အတွက် အကျိုးရှိကြောင်းလည်း ဦးအောင်လင်းက ဆိုပါတယ်။
တောင်တရုတ်ပင်လယ်အရေးဟာ အာဆီယံနှင့် တရုတ်ဆက်ဆံရေးမှာ အဓိကမကျကြောင်း၊ အစိတ်အပိုင်း လေးတခုသာဖြစ်ကြောင်း၊ မြန်မာအနေနဲ့ တောင်တရုတ်ပင်လယ်ကိစ္စကို ငြိမ်း ချမ်းစွာ ဖြေရှင်းဖို့ အာဆီယံနိုင်ငံ တွေနဲ့ အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အနာဂတ်မှာလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးကို ပြောကြားကြောင်းလည်းသိရပါတယ်။
တရုတ်နိုင်ငံကလည်း မြန်မာနဲ့ တရုတ်ဟာ အိမ်နီးနားချင်းနိုင်ငံဖြစ်ကြောင်း၊ ဆွေမျိုးပေါက် ဖော်ဆက်ဆံရေးကို သူတို့အနေနဲ့ အလေး ထားကြောင်း၊ တရုတ်နိုင်ငံဝန်ကြီးချုပ် လီခချန်းက လည်း နိုင်ငံတော်၏အ တိုင်ပင်ခံ ပုဂ္ဂိုလ် ကို တရုတ်နိုင်ငံကို အလည်အပတ်လာရောက် ဖို့ ထပ်မံဖိတ်ခေါ်ကြောင်း တရားဝင် ပြောတယ်လို့သိရပါတယ်။
ဧရာဝတီ

No comments: