Thursday, July 28, 2016

ဒေါ်အောင်ဆန်းစုကြည်ကို မြောက်ကိုရီးယားနိုင်ငံက ဖိတ်ကြား

ဒေါ်အောင်ဆန်းစုကြည်ကို မြောက်ကိုရီးယားနိုင်ငံက ဖိတ်ကြား

Thursday, July 28, 2016
 
နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကို ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ(မြောက်ကို ရီးယား)သို့ လာရောက်လည်ပတ် ရန် မြောက်ကိုရီးယားနိုင်ငံခြား ရေးဝန်ကြီးက တရားဝင်ဖိတ်ကြား ထားကြောင်းသတင်းရရှိသည်။
...
ဒေါ်အောင်ဆန်းစုကြည် သည် လာအိုနိုင်ငံ၌ လေးရက် ကြာကျင်းပခဲ့သော (၄၉) ကြိမ် မြောက်အာဆီယံနိုင် ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက် ရောက်စဉ်မြောက်ကိုရီးယားနိုင်ငံ ခြားရေးဝန်ကြီးနှင့် သီးသန့်တွေ့ ဆုံခဲ့ပြီး ယင်းကဲ့သို့ တွေ့ဆုံစဉ် ဖိတ်ကြားခြင်းခံရကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။
‘‘ကမ္ဘာ့နိုင်ငံခေါင်းဆောင် တွေနဲ့ တွေ့ဆုံတိုင်း ဖိတ်ခေါ်လေ့ ရှိတယ်။ လက်ခံတယ်။ ဖိတ်ခေါ် တဲ့အတွက် ၀မ်းသာတယ်။ ကြို ဆိုတယ်။ ဒါပေမဲ့ သွားဖို့ဆိုတာက သူ့အစီအစဉ် ကိုယ့်အစီအစဉ် ညှိ ပြီးမှသွားရတာ။ အဲဒီလိုဖိတ်ခေါ် တာကို လက်ခံတိုင်းသွားမယ်ဆို တာမဟုတ်ဘူး’’ဟု ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။
အာဆီယံနိုင်ငံခြားရေးဝန် ကြီးများအစည်းအဝေးသို့တက် ရောက်ခဲ့သော နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ၀န်ကြီးဒေါ်အောင်ဆန်းစုကြည် ကို အမေရိကန်၊ တရုတ်၊ စင်ကာပူ၊ မွန်ဂိုလီးယားစသည့်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများက လည်း လာရောက်လည်ပတ်ရန် ဖိတ်ကြားထားသည်။
အာဆီယံနိုင်ငံခြားရေးဝန် ကြီးများအစည်းအဝေးအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဘရူနိုင်း၊ ဗီယက်နမ်၊ နော်ဝေး၊ တောင်ကိုရီးယား၊ တရုတ်၊ သြစ တြေးလျ၊ ရုရှား၊ မြောက်ကိုရီး ယားစသည့်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးသန့်တွေ့ဆုံသကဲ့သို့ အိန္ဒိယပြည်ပရေးရာဝန်ကြီး နှင့်လည်းတွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များ ဆွေးနွေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၂၆ရက် ညနေတွင် လာအိုနိုင်ငံဆိုင်ရာမြန်မာသံရုံး၌ သံရုံးဝန်ထမ်း မြန်မာမိသားစုများနှင့် တွေ့ဆုံပြီး ဇူလိုင် ၂၇ရက် ညနေ၌ မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိလာသည်။
7Day
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်ကို လေဆိပ်တွင်တွေ့ရစဉ်(ဓာတ်ပုံ−MOFA)

No comments: