Friday, July 29, 2016

မြန်မာဖွံ့ဖြိုးရေးအင်စတီကျု (MDI) ကို တောင်ကိုရီးယား အစိုးရ၏ ပံ့ပိုးမှုဖြင့် မကြာခင် ဖွင့်လှစ်မည်ဟု သိရ

မြန်မာဖွံ့ဖြိုးရေးအင်စတီကျု (MDI) ကို တောင်ကိုရီးယား အစိုးရ၏ ပံ့ပိုးမှုဖြင့် မကြာခင် ဖွင့်လှစ်မည်ဟု သိရFriday, July 29, 2016
တောင်ကိုရီးယား အစိုးရ၏ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံ၌ မကြာမီ ဖွင့်လှစ်ရန် စီစဉ်ထားသည့် စီးပွားရေးအကြံပေးအဖွဲ့ မြန်မာဖွံ့ဖြိုးရေး အင်စတီကျု (MDI) ၏ ပထမဆုံး ဒါရိုက်တာအဖြစ် ဦးမင်းရဲပိုင်ဟိန်း က ဒီဇင်ဘာလကုန်ခန့်တွင် စတင်တာဝန်ယူမည်ဟု ကိုရီးယား ဖွံ့ဖြိုးရေး အင်စတီကျု (KDI) က အင်္ဂါနေ့တွင် ပြောကြားသည်။
...
MDI သည် မြန်မာနိုင်ငံတွင် သုတေသန အမျိုးမျိုးပြုလုပ်ပြီး စီးပွားရေးအလားအလာကို တွက်ဆကာ ထိပ်တန်းအကြံပေးအဖွဲ့ တစ်ခုအဖြစ် ဆောင်ရွက်ရန် ရည်ရွယ်ထားသည်။
ကိုရီးယားနှင့် မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များ ၂၀၁၂ တွင် ရရှိခဲ့သည့် သဘောတူညီချက်အရ ကိုရီးယား နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီနှင့် KDI ၏ ဖွံ့ဖြိုးတိုးတက်ရေး တရားဝင် အကူအညီ အစီအစဉ်များ၏ အစိတ်အပိုင်းအဖြစ် MDI ကို တည်ထောင်ခြင်း ဖြစ်သည်။
KDI က ယင်း၏ အင်တီကျုပုံစံအား နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် ပထမဆုံးအကြိမ် တည်ထောင်ခြင်းလည်းဖြစ်သည်။ MDI အား နေပြည်တော်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။ ဦးမင်းရဲပိုင်ဟိန်းသည် MDI တွင် တာဝန်ထမ်းဆောင်ခြင်းမပြုမီက ကမ္ဘာ့ဘဏ်တွင် စီးပွားရေး ပညာရှင်နှင့် ဆင်းရဲမွဲတေမှုဆိုင်ရာ ကျွမ်းကျင်သူအဖြစ် ထမ်းဆောင်ခဲ့သည်။
သူသည် အမေရိကန်နိုင်ငံ၏ ၀စ်ကွန်ဆင်တက္ကသိုလ်မှ လူမှုသိပ္ပံနှင့် နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ရရှိခဲ့ပြီး မြန်မာ၊ အင်္ဂလိပ်နှင့် မန်ဒရင်း တရုတ်ဘာသာစကားများ ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။
KHTun
The Ladies Mews

No comments: