Wednesday, July 27, 2016

VIVO စမတ်ဖုန်းကုမ္ပဏီမှ ဝန်ထမ်းများ ယာယီထိုင်သပိတ်ဖြင့် ဆန္ဒပြခြင်း ယနေ့ညှိနှိုင်းမည်

VIVO စမတ်ဖုန်းကုမ္ပဏီမှ ဝန်ထမ်းများ ယာယီထိုင်သပိတ်ဖြင့် ဆန္ဒပြခြင်း ယနေ့ညှိနှိုင်းမည်

Wednesday, July 27, 2016
 
Vivo ဖုန်းကုမ္ပဏီ(ပြည်ရုံးခွဲ)မှ ဝန်ထမ်းများ ယာယီထိုင်သပိတ် ပြုလုပ်ခြင်းနှင့် ပတ်သက်၍ အလုပ်ရှင်၊ အလုပ်သမားနှင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တို့ ဧပြီ ၂၇ ရက်တွင် စုပေါင်းတွေ့ဆုံညှိနှိုင်း သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။
...
Vivo ဖုန်းကုမ္ပဏီ(ပြည်ရုံးခွဲ)တွင် လစာနည်းပါးခြင်း၊ ပိတ်ရက်များ မရရှိခြင်းနှင့် ဖိအားပေး စာချုပ်ချုပ်ဆိုခြင်းတို့ကြောင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အဆင်ပြေမှုမရှိသောကြောင့် ဇူလိုင် ၂၅ ရက်၊ ညပိုင်းက ကုမ္ပဏီရုံး ရှေ့တွင် ဝန်ထမ်းများက ထိုင်သပိတ်ပုံစံပြုလုပ်ခဲ့ကြသည်။
အဆိုပါ ယာယီထိုင်သပိတ် ပြုလုပ်ရာနေရာသို့ လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များမှ ဝန်ထမ်းများအား လာရောက်ဖျောင်းဖျခဲ့ပြီး ဇူလိုင် ၂၇ ရက်တွင် လာရောက် ဖြေရှင်းပေးမည်ဟု ကတိပေးခဲ့သောကြောင့် ဝန်ထမ်းများလူစုခွဲခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၅ ရက်၊ ရုံးအစည်းအဝေးတွင် စာချုပ်ချုပ်ခိုင်းရာမှ ပြသ၁နာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး စာချုပ်တွင် လစာများနည်းခြင်း၊ ပိတ်ရက်များမမှန်ခြင်း၊ ယခင်က ရပိုင်ခွင့်များမရတော့ခြင်း၊ ရောင်းအားကျလျှင် ပိုက်ဆံဖြတ်မည့် ဒဏ်ကိစ္စများကြောင့် ဝန်ထမ်းများက ညှိနှိုင်းပေးရန် တောင်းဆိုသော်လည်း လိုက်လျောပေးခြင်း မရှိခဲ့သောကြောင့် ဖြစ်ကြောင်း ဝန်ထမ်းတစ်ဦးကပြောသည်။
“ကျွန်တော်တို့ကို စာချုပ်ချုပ်ခိုင်းတာမှာ အရင်ကရပိုင်ခွင့်တွေလည်း မရတော့ဘူး။ အဲဒါကြောင့် စာချုပ်ကိုဖတ် ကြည့်ဦးမယ်ဆိုတော့ စဉ်းစားချိန်တစ်မိနစ်ပဲပေးမယ်။ တစ်မိနစ်ပြီးရင် လက်မှတ်ထိုးတဲ့သူတွေက အလုပ်ဆက် ဆင်း၊ မထိုးတဲ့သူတွေက မဆင်းနဲ့တော့၊ ထွက်သွားလည်း ဘာမှမဖြစ်ဘူး၊ အလုပ်သမား ပြန်ရှာလို့ရတယ်ဆိုတဲ့ ပုံစံတွေက ဘယ်သူမှ လက်မှတ်မထိုးဘဲ ထွက်ခဲ့ကြတာ”ဟု ဝန်ထမ်းဖြစ်သူ ကိုမျိုးဆွေဦးကပြောသည်။
အဆိုပါကိစ္စကို မကျေနပ်သဖြင့် ပြည်ခရိုင် အလုပ်သမားရုံးသို့ သွားရောက်တင်ပြမှုများ ပြုလုပ်ခဲ့သော်လည်း ဖြေရှင်းပေးခြင်းမျိုး မရှိသေးကြောင်းနှင့် စည်ပင်ဌာနမှ လုပ်ငန်းလိုင်စင်စစ်ဆေးခြင်း၊ ရဲတပ်ဖွဲ့ဝင်များကလည်း မှတ်တမ်းလာယူခြင်းများနှင့် လက်ရှိ Vivo ၏ ပြည်တာဝန်ခံမှာ နိုင်ငံခြားသားဖြစ်သဖြင့် တရားဝင်နေထိုင်မှုရှိ၊ မရှိကိုလည်း လူဝင်မှုကြီးကြပ်ရေးဌာနမှ စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်။
“လောလောဆယ်တော့ ရုံးမှာခေါ်ပြီး သတိပေးမယ်။ နေဖို့ထိုင်ဖို့ပေါ့။ နိုင်ငံခြားသားရဲ့နေခွင့်ပေါ့။ လောလောဆယ်တော့ အကြမ်းဖျဉ်းပြောထားပြီးပြီ။ ဒီလိုမျိုး နေအိမ်တွေမှာနေမယ်ဆိုရင် စည်းမျဉ်းစည်းကမ်းအတိုင်း နေဖို့ပေါ့”ဟု ပြည်မြို့နယ်လ.ဝ.ကမှူး ဦးအောင်မျိုးထွန်းကပြောသည်။
Vivo ဖုန်းကုမ္ပဏီ(ပြည်ရုံးခွဲ)မှတာဝန်ခံ တရုတ်နိုင်ငံသား ရွှီးကောကလည်း ယင်းကိစ္စနှင့်ပတ်သက်၍ ၎င်းအနေဖြင့် မဖြေရှင်းပေးနိုင်သောကြောင့် ဇူလိုင် ၂၆ ရက်တွင် Vivo ရုံးချုပ်မှ တာဝန်ရှိသူ လာရောက်ဖြေရှင်းပေးမည် ဖြစ်ကြောင်း စကားပြန်မှတစ်ဆင့်ပြောသည်။
The Ladies News

No comments: