Thursday, July 28, 2016

Vivo ဖုန်းကုမ္ပဏီ အလုပ်သမားပြဿနာညှိနှိုင်းမှု အစိုးရရုံးပိတ်ရက်များတွင် အလုပ်ပိတ်ပေးရန်အချက်အပါအ၀င် အချက် ၄ ချက်သဘောတူ

Vivo ဖုန်းကုမ္ပဏီ အလုပ်သမားပြဿနာညှိနှိုင်းမှု အစိုးရရုံးပိတ်ရက်များတွင် အလုပ်ပိတ်ပေးရန်အချက်အပါအ၀င် အချက် ၄ ချက်သဘောတူ

Thursday, July 28, 2016
 
Vivo ဖုန်းကုမ္ပဏီ(ပြည်ရုံးခွဲ)တွင် ဖြစ်ပွားခဲ့သော အလုပ်ရှင်အလုပ်သမား ပြသ၁နာအား ဇူလိုင် ၂၇ ရက်က ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများသည် ပြည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ ညှိနှိုင်းမှုများပြုလုပ်ခဲ့ရာ အလုပ်သမားများ တောင်းဆိုထားသည့် အချက် ၅ ချက်အနက် ၄ ချက်အား သဘောတူညီမှုရရှိခဲ့ကြောင်း သိရှိရသည်။
...
အဆိုပါ သဘောတူညီခဲ့သည့် အချက်များမှာ အခြေခံလစာဖြစ်သည့် တစ်ရက်လုပ်ခ ၃၆၀၀ ကျပ်ပေးရန်၊ အလုပ်ချိန် ၈ နာရီသတ်မှတ်ရန်၊ တစ်ပတ်လျှင်တစ်ရက် ရုံးပိတ်ရက် အပါအဝင် အစိုးရရုံးပိတ်များတွင် ပိတ်ပေးရန်နှင့် အငြင်းပွားမှု ဖြစ်နေစဉ်အတွင်း အလုပ်သမားများအား လုပ်ခလစာပေးရန်တို့ဖြစ်သည်။
“ဥပဒေအတိုင်း တောင်းထားတဲ့ အချက် ၄ ချက် သဘောတူခဲ့တယ်။ နောက်တစ်ချက်ကတော့ ဆက်ညှိမယ်ပေါ့နော်။ အဲဒါက Percentage ကိစ္စ အရင်ကပေးတဲ့ Percentage အတိုင်း မပေးရင်တော့ ကျွန်တော်တို့အတွက် မနည်းတဲ့ Percentage လေး ပေးဖို့ပေါ့နော်။ အဲဒါကို ဆက်ညှိမယ်။ အဆင်ပြေမယ်လို့တော့ ထင်တယ်။ အဆင်ပြေ ရင်တော့ ကျွန်တော်တို့လည်း အလုပ်ဆက်ဆင်းမယ်ပေါ့နော်”ဟု Vivo ကုမ္ပဏီဝန်ထမ်း ကိုမျိုးဆွေဦးက ပြောသည်။
ဆက်လက်ညှိနှိုင်းရန် ကျန်နေသောအချက်မှာ ဖုန်းတစ်လုံးချင်းစီ၏ အမျိုးအစားအလိုက် ရာခိုင်နှုန်းခံစားခွင့်ပေးရန် ကိစ္စဖြစ်ပြီး အဆိုပါကိစ္စအား အလုပ်ရှင်နှင့် အလုပ်သမား သဘောတူညီချက် ထပ်မံရယူ၍ သက်ဆိုင်ရာ အလုပ်သမားဥပဒေများနှင့်အညီ စာချုပ်ချုပ်ဆိုရန် သဘောတူခဲ့ကြောင်းသိရသည်။
“ဥပဒေတော့ အချက် ၄ ချက်ကို သဘောတူညီခဲ့တယ်။ ကျန်တဲ့ ၁ ချက်ကတော့ ကျွန်တော်တို့ ရုံးတွင်းပိုင်းပေါ့ နော်။ အဲကိစ္စကို အသေးစိတ် ညှိနှိုင်းအဆင်ပြေအောင် လုပ်သွားမယ်”ဟု ယခုဖြေရှင်းမှုတွင် ကုမ္ပဏီဖက်မှ တာဝန်ယူ ညှိနှိုင်းပေးသော အထွေထွေမန်နေဂျာ၏ စကားပြန်ဖြစ်သူ ကိုဝင်းကျော်ကပြောသည်။
အဆိုပါညှိုနှိုင်းမှုတွင် ကုမ္ပဏီမှတာဝန်ရှိသူ၊ ဝန်ထမ်း ၅၀ ခန့်၊ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန စသည့်တို့ဖြင့် မျက်နှာစုံညီ ညှိနှိုင်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
Vivo ဖုန်းကုမ္ပဏီ(ပြည်ရုံးခွဲ)တွင် ဇူလိုင် ၂၅ ရက် ညပိုင်းက အလုပ်ရှင် အလုပ်သမား အစည်းအဝေးတွင် စာချုပ်ချုပ်ခိုင်းရာမှ လစာနည်းပါးခြင်း၊ ပိတ်ရက်များမရရှိခြင်းနှင့် ဖိအားပေးစာချုပ် ချုပ်ဆိုခြင်းတို့ကြောင့် ယာယီထိုင်သပိတ်ကို ဝန်ထမ်းများက ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ မျက်နှာစုံညီ ညှိနှိုင်းနိုင်သည့် အခြေအနေထိ ရောက်ခဲ့ရခြင်းလည်း ဖြစ်သည်။
MMK
The Ladies News

No comments: