Tuesday, August 9, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ASEAN Lifetime achievement award ချီးမြှင့်ခံရ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ASEAN Lifetime achievement award ချီးမြှင့်ခံရ
+++++++++++++++++++++++++++++++++++++++++++++++++++++++++++

နေပြည်တော်၊ သြဂုတ် ၈ ၊၂၀၁၆
...
လာအို နိုင်ငံ၊ ဗီယန်ကျင်းမြို့ Don Chan Palace Hotel ၌ သြဂုတ် ၆ ရက်တွင် ASEAN Strategy & Leadership Institute က ဦးစီးကျင်းပသည့် The 13th ASEAN Leadership Forum တွင် မြန်မာနိုင်ငံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတရုံးဝန်ကြီးဌာနနှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား ASEAN Lifetime achievement award ကို ချီးမြှင့်ကြောင်း သတင်းရရှိသည်။

အဆိုပါဆုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်လက်ခံခဲ့သည်။ အခမ်းအနား တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် Mr. Samdech Techo Hun Sen နှင့် မလေးရှား ဒုတိယ၀န်ကြီးချုပ် H.E Dato’ Seri Dr. Ahamd Zahid Hamidi တို့ကိုလည်း အလားတူဆုချီးမြှင့်ခဲ့သည်။ သြဂုတ် ၆ ရက်မှ ၇ ရက်အထိ ကျင်းပသည့် The 13th ASEAN Leadership Forum သို့ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်ခဲ့ပြီး Leading ASEAN Towards 2025 – Making ASEAN Community Work ခေါင်းစဉ်ဖြင့် ကျင်းပသော ၀န်ကြီးအဆင့်စားပွဲ ၀ိုင်းဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးခဲ့သည်။ အဆိုပါစားပွဲ ၀ိုင်းဆွေးနွေးပွဲသို့ လာအိုနိုင်ငံ၊ မလေး ရှားနိုင်ငံ၊ ကမ္ဘောဒီး ယား နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့မှ စက်မှုနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
MOI
‪#‎democracytoday‬

No comments: