Sunday, August 7, 2016

မလေးရှားနယ်စပ်တွင် မြန်မာရွှေ့ပြောင်းဝင်ရောက်သူများအား ထိုင်းအာဏာပိုင်များ ဖမ်းမိ

မလေးရှားနယ်စပ်တွင် မြန်မာရွှေ့ပြောင်းဝင်ရောက်သူများအား ထိုင်းအာဏာပိုင်များ ဖမ်းမိ

Sunday, August 7, 2016
 
မလေးရှားနယ်စပ်အနီး ထိုင်းတောင်ပိုင်းတွင် နေအိမ်တစ်လုံးအတွင်း လူမှောင်ခိုသမားများ ထားရစ်ခဲ့သည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းဝင်ရောက်သူ ၆၂ ဦးအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်။
...
ထိုသူများသည် မလေးရှားနိုင်ငံအတွင်း ခိုးဝင်ရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သော်လည်း ဆွန်ခလာပြည်နယ် ပါဒန်ဘီဆာခရိုင်အတွင်းက အိမ်တစ်လုံး၌ တွေ့ရှိပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ပါဒန်ဘီဆာခရိုင်သည် ၂၀၁၅ မေလအတွင်း တောထဲ၌ ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းဝင်ရောက်သူများ၏ ရုပ်အလောင်းပေါင်းများစွာကို တွေ့ရှိခဲ့သည့် နယ်မြေဒေသလည်းဖြစ်သည်။ ထိုသို့ တွေ့ရှိပြီးနောက် ထိုင်းနိုင်ငံအတွင်း လူမှောင်ခိုကူးမှုများအား ဖြိုခွင်းလာခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်အတွင်း လူမှောင်ခိုကူးမှုများအား ထိုင်းနှင့် မြန်မာအာဏာပိုင်များ ဖြိုခွင်းလာခဲ့ချိန်မှစကာ ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းထွက်ခွာသည့် မွတ်စလင်ဦးရေက ကျဆင်းလာခဲ့သည်။
မဇ္ဈိမ

No comments: