Wednesday, August 24, 2016

ရန်ကုန်မြို့သစ် စီမံကိန်းအား လာမည့်ပွင့်လင်းရာသီ၌ စတင်အကောင်အထည်ဖော်မည်

ရန်ကုန်မြို့သစ် စီမံကိန်းအား လာမည့်ပွင့်လင်းရာသီ၌ စတင်အကောင်အထည်ဖော်မည်
 
24 August 2016
============================================================
ယခင်အစိုးရ လက်ထက်က အကောင်အထည်ဖော်ရန် လုပ်ဆောင်ခဲ့သည့် ကြည့်မြင်တိုင် တစ်ဘက်ကမ်းရှိ ရန်ကုန်မြို့သစ် စီမံကိန်းအား လာမည့်ပွင့်လင်းရာသီမှ စတင်ကာ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရှိရသည်။
...
ယခင်အစိုးရ လက်ထက်က ကြည့်မြင်တိုင် တစ်ဘက်ကမ်းရှိ ရွာ ၉ ရွာပါဝင်သော မြေဧကသုံးသောင်း တွင် ရန်ကုန်မြို့သစ် စီမံကိန်းအား အကောင်အထည်ဖော်ရန် အတွက် မြန်မာ့စေတနာ အများပိုင် ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပြုခဲ့ပြီး၊ တိုင်းဒေသကြီး လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် အချို့၏ စီမံကိန်းပယ်ဖျက်ရန် အဆိုတင်သွင်းခဲ့သည့် နောက်ပိုင်း ပျက်ပြယ်ခဲ့သော်လည်း ၂၀၁၅ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က စီမံကိန်းအား လုပ်ဆောင်ရန် တင်ဒါခေါ်ယူခဲ့ ပြီးနောက် လျှောက်ထားသည့် ကုမ္ပဏီငါးဆယ်ကျော်အနက် ရန်ကုန် အနောက်တောင် ဒေသဖွံ့ဖြိုးရေး အများပိုင် ကုမ္ပဏီ၊ ရွှေပုပ္ပား ကုမ္ပဏီနှင့် Bussiness Capital City ကုမ္ပဏီ သုံးခုတို့အား လုပ်ကိုင်ခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိအစိုးရသစ် လက်ထက်တွင် ရန်ကုန်မြို့သစ် စီမံကိန်းအား ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်သော်လည်း ယခင်အစိုးရ လက်ထက်က တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီသုံးခုအပြင် လုပ်ကိုင်လို သည့် အခြားသော ကုမ္ပဏီများ အနေဖြင့်လည်း ယင်းမြို့သစ် စီမံကိန်းတွင် ပူးပေါင်းလုပ်ဆောင်လိုပါက ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ဦးဆောင် အနီးကပ် ကြီးကြပ်မှုနှင့်အတူ ပူးပေါင်း လုပ်ဆောင်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယင်းစီမံကိန်းအား လာမည့်ပွင့်လင်းရာသီ၌ စတင် အကောင်အထည် ဖော်နိုင်ရန် အတွက် လက်ရှိတွင် နိုင်ငံတော် အစိုးရမှ မြေသိမ်းအမိန့်ရရှိပြီး ဖြစ်ကြောင်းနှင့် သိမ်းဆည်း လယ်မြေများအား မြေယာ လျော်ကြေးပေးရန် အတွက် ဆောင်ရွက်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။
ကိုလူသစ်

No comments: