Monday, August 15, 2016

ကျောက်စိမ်းနယ်မြေအတွင်းသို့ ကုမ္ပဏီဝန်ထမ်းများမှအပ ပျံကျလုပ်သားများ ဝင်ခွင့်မပြုရန် ဝန်ကြီးပြောကြား

ကျောက်စိမ်းနယ်မြေအတွင်းသို့ ကုမ္ပဏီဝန်ထမ်းများမှအပ ပျံကျလုပ်သားများ ဝင်ခွင့်မပြုရန် ဝန်ကြီးပြောကြား

Tuesday, August 16, 2016
 
ရေမဆေးကျောက်ရှာဖွေသူများကို ထိန်းချုပ်ဖယ်ရှားနိုင်ရေး အတွက် ဒေသ အတွင်းသို့ ကျောက်စိမ်းကုမ္ပဏီဝန်ထမ်းများမှ အပပျံကျလုပ်သားများအား ဝင်ခွင့်မပြုရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။
...
တရားမဝင် ကျောက်စိမ်းရိုင်းရှာဖွေသူ ရေမဆေးသမားများကို ထိန်းချုပ် ဖယ်ရှားနိုင်ရန် ဆောင်ရွက်ရမည့် ကိစ္စများကို သြဂုတ် ၁၅ ရက်က ကျင်းပသော အမျိုး သားလွှတ်တော်၌ ဝန်ကြီးကပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ဒေသအတွင်းသို့ ဒေသခံ များနဲ့ ကျောက်စိမ်းကုမ္ပဏီဝန် ထမ်းများကိုသာ မှတ်ပုံတင်ပြီး စနစ်တကျ ဝင်ခွင့်ပြုခြင်းနဲ့ နေ ထိုင်ခွင့်ပေးခြင်းကို ဆောင်ရွက် သွားရမှာဖြစ်ပါတယ်’’ဟု ဝန်ကြီး က ပြောသည်။
ထို့ပြင် ဒေသတွင်းရှိ ရေမ ဆေးသမားများကို ရှင်းလင်းခြင်းနှင့်အခြားဒေသမှ လာရောက်သူများအား နေရပ်သို့ပြန်ပို့ခြင်း တို့ကို ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ သို့သော် ဝန်ကြီးဌာန၏အချက် အလက်များ အရ ရေမဆေးသမားများကို ဖမ်းဆီး၍ ခံဝန်ထိုးစေ ကာ နေရပ်ပြန်ပို့ခဲ့သည့် အရေအတွက်မှာ သုံးနှစ်အတွင်း ၄,၆၀၀ ကျော် ရှိခဲ့ပြီဖြစ်သည်။
‘‘ပြန်လွှတ်ပေမယ့်လည်း ရေမဆေးအင်အားက မလျော့သွား ဘူး’’ဟု ဝန်ကြီးက ပြောသည်။ ယင်းမှာ စားဝတ်နေရေးကြောင့် ဖြစ်၍ အခြားဒေသများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း ကို နိုင်ငံတော်အ ဆင့်ဖြင့် ဆောင်ရွက်ရမည်ဟု ဝန်ကြီးက ပြောသည်။
လွန်ခဲ့သည့် တစ်နှစ်ခွဲကာလ အတွင်း လုံးခင်းနှင့် ဖားကန့်ရတ နာနယ်မြေတွင် ရေမဆေးများ တရားမဝင်ကျူးကျော်ဝင်ရောက် မှုအကြိမ် ၄၀ နှင့် ကျူးကျော်တဲ များဆောက်လုပ်ရန် မြေနေရာဦး မှု ၁၅ ကြိမ်ဖြစ်ပွားခဲ့သည်။
လုပ်ကွက်များအတွင်း ကျောက်စိမ်းရိုင်းရှာဖွေခြင်း၊ ကျူးကျော်နေထိုင်ခြင်းနှင့် ဖျက်ဆီးလုယက်ခြင်းတို့ကို ကာကွယ်တားဆီးပေးရန် မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်းက တပ်မတော်နှင့် ရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာသို့ ၁၄၁ ကြိမ်အကြောင်းကြားခဲ့ကြောင်း ဝန်ကြီးက ပြောသည်။
၁၉၉၅ မြန်မာ့ကျောက်မျက် ရတနာဥပဒေပြဋ္ဌာန်းပြီးနောက် ကျောက်မျက်ရ တနာကုမ္ပဏီများ ထူထောင်ခွင့်ပြုပြီး လုပ်ငန်းရှင် များကို တူးဖော်ခွင့်ပြုခဲ့ သည်။ ကျောက်စိမ်းရိုင်းတူးဖော်ရာတွင် စက်ယန္တရားကြီးများ အသုံးပြုကာတူးဖော်ကြပြီး မြေစာများကို စွန့် ပစ်ကြသည်။
စွန့်ပစ်မြေစာများမှ ရောနှောပါရှိသွားသော ကျောက် စိမ်းရိုင်းအချို့ကို ရှာဖွေရောင်းချ ကြသော လူတန်းစားတစ်ရပ်ပေါ် ပေါက်ခဲ့သည်။ စွန့်ပစ်မြေစာပါ ကျောက်စိမ်းရိုင်းများကို ရေမဆေးမီရောင်းချကြသည့်အတွက် ရေမဆေးဟု အမည်တွင်လာကြောင်း ဝန်ကြီးက ရှင်းပြသည်။
တရားမဝင် ကျောက်စိမ်း ရိုင်းရှာဖွေခြင်းသည် ဥပဒေအရ ထောင်ဒဏ်သုံးနှစ် ခုနစ်နှစ်အ ထိ ချမှတ်နိုင်သော ပြစ်မှုဖြစ် သည်။ ပြည်ခိုင်ဖြိုးအမတ် ဦးကျော်နီနိုင်က ကျောက်မျက်ရတနာတူး ဖော်ရေးလုပ်ကွက်များတွင် ဥပဒေမဲ့အုပ်စုဖွဲ့ ကျူးကျော်၍ ရေမဆေးရှာဖွေသူများနှင့်ပတ်သက်ပြီး ကုမ္ပဏီများ ရင်ဆိုင်ကြုံတွေ့နေရ သော ပြဿနာများအား မည်သို့ ဆောင်ရွက်ပေးမည်နည်း ဟူ သော မေးခွန်းကို ဝန်ကြီးက လာ ရောက်ဖြေကြားခဲ့ခြင်းဖြစ်သည်။
7 Day

No comments: