Friday, August 19, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင်းပင်တို့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင်းပင်တို့ တွေ့ဆုံဆွေးနွေး

 ပေကျင်း သြဂုတ် ၁၉


 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင်းပင်တို့သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ပေကျင်းမြို့ ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာ Villa 18 ၌ တွေ့ဆုံ ကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင်းပင်က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
...
နံနက်ပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (Asia Infrastructure Investment Bank-AIIB) ဥက္ကဋ္ဌ Mr. Jin Liqun နှင့် အဖွဲ့အား ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်ကွန်မြူနစ်ပါတီနိုင်ငံ တကာရေးရာ လူငယ်အဖွဲ့အား ခင်မင်ရင်းနှီးစွာ တွေ့ဆုံ၍ နှုတ်ဆက်စကား ပြောကြား ပြီး လူငယ်အဖွဲ့၏ မေးမြန်းချက်များကို ဖြေကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဝန်ကြီး H.E. Mr. Song Tao တည်ခင်း ဧည့်ခံသည့် တရုတ်ရိုးရာ လက်ဖက်ရည်ပွဲသို့ တက်ရောက်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပေကျင်းမြို့ အခြေစိုက် နိုင်ငံတကာ သတင်းဌာနများမှ သတင်းမီဒီယာများနှင့် တွေ့ဆုံပြီး မေးမြန်းချက်များကို ဖြေကြားသည်။
အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်နိုင်ငံတော်ကောင်စီဝင် Mr. Yang Jiechi တို့သည် ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံဆွေး နွေးသည်။
ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် National People’s Congress (NPC) ဥက္ကဋ္ဌ H.E. Mr. Zhang Dejiang တို့သည် ပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Myanmar State Counsellor Office





 

No comments: