Wednesday, August 17, 2016

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁) ရာစုပင်လုံ၌ သတင်းရယူကြ မည့် ပြည်တွင်း/ ပြည်ပ မီဒီယာသမားများ မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁) ရာစုပင်လုံ၌ သတင်းရယူကြ မည့် ပြည်တွင်း/ ပြည်ပ မီဒီယာသမားများ မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်
18 August 2016
 
×××××××××××××××××××××××××××××××××××××××××××××
နေပြည်တော် သြဂုတ်
...
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံကို သြဂုတ်(၃၁) ရက်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်းဗင်းရှင်းဗဟိုဌာန(၂)(MICC-2)၌ ကျင်းပမည် ဖြစ်သည်။ အဆိုပါအခမ်းအနားသို့ တက်ရောက် သတင်းရယူလိုသည့် ပြည်တွင်း/ ပြည်ပသတင်းထောက်များအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ Website ဖြစ်သော www.moi.gov.mm တွင် Union Peace Conference – 21st Century Panglong ကို နှိပ်ကာ MEDIA REGISTRATION FORM တွင် ပြည့်စုံစွာ ဖြည့်စွက်ပြီး Go ပြုလုပ် မှတ်ပုံတင်ခြင်းကို သြဂုတ် (၂၈)ရက် ညနေ(၄)နာရီ နောက်ဆုံးထား ဆောင်ရွက်ရန်နှင့် ဝင်ထွက်ခွင့် ကတ်များ ကို သြဂုတ် (၃၀) ရက်တွင် နံနက် (၁၀)နာရီမှ ညနေ(၄) နာရီထိ ပြန်ကြားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၌ ထုတ်ပေးမည် ဖြစ်သည်။

နိုင်ငံတကာ သတင်းထောက်များ အနေဖြင့် နီးစပ်ရာ သံရုံးများမှ တစ်ဆင့် ဗီဇာ လျှောက်ထားကြရမည် ဖြစ်ပြီး ပြည်တွင်း/ ပြည်ပအခြေစိုက် နိုင်ငံခြားသတင်းဌာနများနှင့် ပြည်တွင်း သတင်းထောက်များ ဝင်ထွက်ခွင့် ရရှိရေးအတွက် သိရှိလိုပါက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ၊ သုတေသန နှင့် သတင်းအချက်အလက်ဌာနခွဲ ဖုန်း ၀၆၇-၄၁၂၀၀၂ သို့ လည်းကောင်း၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဖုန်း ၀၆၇-၄၁၂၁၂၅ နှင့် ၄၁၂၁၂၆ တို့သို့ လည်းကောင်း ဆက်သွယ် မေးမြန်း နိုင်သည်။ ညီလာခံသို့ တက်ရောက် သတင်းရယူကြမည့် ပြည်တွင်း/ ပြည်ပမီဒီယာများ တည်းခိုမှု လွယ်ကူစေရန် Sky Palace Hotel တွင် ဈေးနှုန်း သက်သာစွာဖြင့် တည်းခိုနိုင်ရေး စီစဉ်ထားကြောင်းနှင့် Sky Palace Hotel မှ ညီလာခံ ကျင်းပရာ နေရာ (MICC-2) သို့ Shuttle Bus များဖြင့် ပို့ဆောင်ပေးရန် စီစဉ်ထား ရှိကြောင်း သိရှိရသည်။

No comments: