Saturday, August 13, 2016

နိုင်ငံရေးဆွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး

နိုင်ငံရေးဆွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး
တတိယနေ့ကို ကျင်းပ
 
13 August 2016

----- ----- -----
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနNRPC တွင် ပြုလုပ်သည့် ၂၁ရာစုပင်လုံညီလာခံအတွက် နိုင်ငံရေးဆွေးနွေး ပွဲမူဘောင် ပြန်လည်သုံးသပ်သည့် အစည်းအဝေးမှရရှိလာသည့် ရလဒ်များ...
ကို သြဂုတ် ၁၅ ရက်တွင် ပြုလုပ်မည့် "ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေး
မှု ပူးတွဲကော်မတီ" အစည်းအဝေးသို့တင်ပြသွားမည်ဖြစ်ကြောင်း
သိရသည်။
နိုင်ငံရေးဆွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး
တတိယနေ့ကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်
သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တွင်သြဂုတ်၁၃ရက်က
ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၂၁ရာစုပင်လုံညီလာခံအကြိုပြင်ဆင်ရေး
ကော်မတီနှင့်နိုင်ငံရေးပါတီ အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
တို့သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
“လက်ရှိနိုင်ငံတော်မှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ
ချုပ်ငြိမ်းပြီး ဒီလက်နက်ကိုင် ပဋိပက္ခတွေကို ဖြစ်ပွားစေတဲ့
အရင်းခံပြသ၁နာကို လက်နက်ကိုင်နည်းနဲ့ မဆောင်ရွက်ဘဲနဲ့
တွေ့ဆုံဆွေးနွေးအဖြေရှာမယ်ဆိုတဲ့ သဘောတူညီချက်ကို
ကျွန်တော်တို့ အကောင်အထည်ဖော်နေခဲ့ပါတယ်”ဟု
ပဒိုစောကွယ်ထူးဝင်းက ဆွေးနွေးပွဲအဖွင့်တွင်ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေး
ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊တိုင်းရင်းသားလက်နက်ကိုင်
များအစုအဖွဲ့မှ ပဒိုစောကွယ်ထူးဝင်းနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ဦးသုဝေတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဇော်မင်းထွန်း
ဓာတ်ပုံ - ( ဦး ) လှမောင်ရွှေဖေ့စ်ဘုတ်
The Ladies News

No comments: