Tuesday, August 30, 2016

ကုလအတွင်းရေးမှူးချုပ်ဘန်ကီမွန်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာတွေ့

ကုလအတွင်းရေးမှူးချုပ်ဘန်ကီမွန်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာတွေ့
30 August 2016
~~~~~~~~~~~~
■ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီး ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီကနေ့ ညနေ ၆ နာရီလောက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မစ္စတာဘန်ကီမွန်းဟာ မနက်ဖြန်မှာစတင်မယ့် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ ဖွင့်ပွဲမှာ တက်ရောက်မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။ မစ္စတာဘန်ကီမွန်းဟာ သမ္မတဦးထင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မ...ှူးကြီးမင်းအောင်လှိုင်နဲ့ လွှတ်တော်ဥက္ကဋ္ဌတွေကိုလည်း တွေ့ဆုံမယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာခရီးစဉ်မတိုင်ခင် မနေ့က စင်္ကာပူနိုင်ငံက ဆွေးနွေးပွဲတခုမှာ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက… မြန်မာအစိုးရသစ်အနေနဲ့ လူ့အခွင့်အရေးကို အပြည့်အဝ လေးစားမှု နဲ့ ခွဲခြားဆက်ဆံမှုကို ကျော်လွှားပြီး၊ အားလုံးပါဝင်နိုင်ရေးကို မြှင့်တင်ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ဘာသာရေး လူမျိုးရေးတင်းမာမှုတွေ ပေါ်ပေါက်နေတဲ့ ရခိုင်ပြည်နယ်အရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးအဖွဲ့ ဖွဲ့စည်းလိုက်တာဟာ အားတက်စရာ ကောင်းတဲ့ ခြေလှမ်းတရပ် ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
 
 

No comments: