Sunday, August 28, 2016

၂၁ ရာစုပင်လုံ ထောက်ခံပွဲ ရန်ကုန်တွင် လူထောင်ချီတက်

၂၁ ရာစုပင်လုံ ထောက်ခံပွဲ ရန်ကုန်တွင် လူထောင်ချီတက်

 
 
၂၁ ရာစုပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံထဲမှာ ဒီကနေ့မွန်းလွဲပိုင်းက စတင်ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားကို လူထောင်ချီ တက်ရောက်ခဲ့ ပါတယ်။
ညီလာခံကြိုဆိုထောက်ခံပွဲကို ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌ၊ မြို့တော်ဝန်နဲ့ တိုင်းအစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် အရပ်ဘက်အဖွဲ့အစည်းတွေ ဖြစ်တဲ့ (၈၈) မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ နိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်တွေနဲ့ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
အလားတူ ကြိုဆိုထောက်ခံပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် သံလွင်ဥယျာဉ်ပန်းခြံဝင်းရှိ ဗိုလ်ချုပ်ရင်ပြင်မှာလည်းကောင်း၊ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ဗိုလ်ချုပ်ပန်းခြံမှာလည်းကောင်း ဒီနေ့မနက်ပိုင်းက အသီးသီး ပြုလုပ်ခဲ့ပါတယ်။
နေပြည်တော်မှာ သြဂုတ် ၃၁ ရက်နေ့ စတင်ပြုလုပ်မယ့် ၂၁ ရာစုငြိမ်းချမ်းရေးပင်လုံညီလာခံကို အစိုးရသစ်လက်ထက် ပထမဆုံးပြုလုပ်မှာဖြစ်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၁၈ ခုက ကိုယ်စားလှယ်များ စုစုပေါင်း ၇၀၀ ကျော် တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ – မောင်သိန်း (ဒဿနိက)
 
 











 
 
 

No comments: