Monday, August 22, 2016

ပြည်ပခရီးစဉ် လုပ်ငန်းလိုင်စင်မရှိသော ခရီးသွားကုမ္ပဏီများ တရားဝင်ကြော်ငြာ ထည့်ခြင်းအား တိုင်ကြားပါက အရေးယူမည်

ပြည်ပခရီးစဉ် လုပ်ငန်းလိုင်စင်မရှိသော ခရီးသွားကုမ္ပဏီများ တရားဝင်ကြော်ငြာ ထည့်ခြင်းအား တိုင်ကြားပါက အရေးယူမည်
Monday, August 22, 2016
 
မြန်မာနိုင်ငံတွင် ပြည်ပခရီးစဉ် လုပ်ငန်းလိုင်စင်မရှိသော ခရီးသွားကုမ္ပဏီများ တရားဝင်ကြော်ငြာ ထည့်ခြင်းအား ခိုင်လုံသည့် အချက်အလက်များဖြင့် တိုင်ကြားလာပါက အရေးယူသွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရှိရသည်။
...
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းလိုင်စင်မရှိသည့် ခရီးသွားကုမ္ပဏီများကို သြဂုတ် လမှစတင်၍ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေ၊ မြန်မာနိုင်ငံခရီးသွားလာရေး ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူသွားမည်ဖြစ်ကာ လုပ်ငန်းများကို ဥပဒေအရ ဒဏ်ငွေဖြစ်စေ၊ လုပ်ငန်းပိတ် သိမ်းခြင်းဖြင့်ဖြစ်စေ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။
“လုပ်ငန်းစဉ်တွေထဲမှာ တရားမဝင်လုပ်နေတယ် ဆိုတာမျိုးကို တိတိကျကျ သိရှိမှ ဆောင်ရွက်လို့ရတာပါ။ ဥပမာ-သတင်းစာထဲကနေ နာမည်မရှိတဲ့ ကုမ္ပဏီတစ်ခုက ကြော်ငြာနေတယ်။ ခရီးစဉ်ပို့ဆောင်ဖို့ လုပ်နေတယ် ဆိုရင် အရေးယူလို့ရပြီ”ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်တွင်း ပြည်ပဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောသည်။
မြန်မာနိုင်ငံ၌ Outbound Tour လုပ်ငန်းလိုင်စင်မရှိသည့် ကုမ္ပဏီ(၆၉)ခုအား လုပ်ငန်းလုပ်ငန်းလိုင်စင် လျှောက်ထားရန် သတိပေးသော်လည်း ကုမ္ပဏီ(၆)ခုသာ ပြန်လည်လျှောက်ထားကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်ပခရီးစဉ် (Outbound Tour)လုပ်ငန်းလိုင်စင်ပေါင်း (၂၅၅)ခု ထုတ်ပေးထား ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
MMK
The Ladies News

No comments: