Tuesday, August 23, 2016

လေးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ ဖေ့စ်ဘွတ်ခ်တွင် သတင်းမှားတင်သူများကို အရေးယူမည်ဟုဆို

လေးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ ဖေ့စ်ဘွတ်ခ်တွင် သတင်းမှားတင်သူများကို အရေးယူမည်ဟုဆို
Tuesday, August 23, 2016
 
မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သော လေးလောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်၍ သတင်း မှားများလူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် ပေါ်ရေးသားဖော်ပြနေသူများကို စိစစ်အရေးယူမည်ဖြစ်ကြောင်းရဲ တပ်ဖွဲ့မှ သတင်းရရှိသည်။
...
မင်္ဂလာဒုံမြို့နယ် ပတ္တမြား မြို့သစ် ရွှေနံ့သာကျေးရွာအုပ်စု မြအေးချမ်းသာလမ်းသွယ်တွင် နေထိုင်သူ ရဲအရာရှိဟောင်းနှင့် ၎င်း၏ဇနီး၊ သားနှစ်ဦးမှာ သြဂုတ် ၂၀ရက်က အသတ်ခံခဲ့ရမှုအပေါ် လူထုကစိတ်ဝင်စားနေချိန်၌ လူမှု ကွန်ရက်အသုံးပြုသူအချို့က သ တင်းအမှားများဆက်တိုက်ရေး သားနေသည်ကို တွေ့ရှိရကြောင်း မင်္ဂလာဒုံမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
အမှုဖြစ်ပြီး တစ်ရက်အကြာ သြဂုတ် ၂၁ရက်က အဆိုပါအမှု သည် ၂၀၁၄ကဖြစ်ပွားခဲ့ဖူးသည် ဆိုသော မူးယစ်ဆေးဝါးအမှု ကြောင့် ရန်ငြိုးထားသတ်ဖြတ်ခံရ ခြင်းဖြစ်ကြောင်း လူမှုကွန်ရက် တွင် ကျယ်ကျယ်ပြန့်ပြန့်ထွက် ပေါ်လာခဲ့သည်။ ယင်းသတင်းအ ပေါ် မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ကနေ့ချင်းလိုက် လံစိစစ်ခဲ့ပြီး မဟုတ်မှန်ကြောင်း အတည်ပြုခဲ့သည်။
သြဂုတ် ၂၂ရက်တွင်လည်း ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ်ဦးက ယ ခင်းအငြိုးအတေးတစ်ခုကြောင့် သူကိုယ်တိုင်သတ်ဖြတ်ခဲ့သည်ပုံ စံရေးသားထားသည်။ ထို့အပြင် ရဲတပ်ဖွဲ့က တရားဝင်မထုတ်ပြန် သေးသည့် သံသယရှိသူအချို့၏ ဓာတ်ပုံများလူမှုကွန်ရက်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။
လူအများစိတ်ဝင်စားနေ သော ယင်းအမှုကို အမှုမှန်မပေါ် ပေါက်စေရန် အာရုံလွှဲခြင်းဖြစ်နိုင် သောကြောင့် သတင်းအမှားတင် သူများနှင့် လျှို့ဝှက်ဓာတ်ပုံများလူ မှုကွန်ရက်ပေါ်စတင်ဖော်ပြသူများကို စိစစ်အရေးယူမည်ဖြစ် ကြောင်း မင်္ဂလာဒုံမြို့နယ်ရဲစခန်း မှ ရဲအရာရှိတစ်ဦးကပြောသည်။
အဆိုပါအမှုအတွက် ရဲချုပ် ဦးဆောင်ပြီး မှုခင်းဆရာဝန်၊ မှု ခင်းရဲတပ်ဖွဲ့(CID)တပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးပါဝင်သောအစည်းအဝေးကို နေပြည်တော်ရုံးချုပ်၌ သြဂုတ်၂၂ရက်က ပြုလုပ်ခဲ့ကြောင်း ရဲ တပ်ဖွဲ့အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။
မှုခင်းရဲတပ်ဖွဲ့(CID)တပ်ဖွဲ့ မှူးနှင့် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှူးတို့ကို ဆက်သွယ်မေးမြန်းရာ အလုပ်များနေ၍မဖြေနိုင်သေး ကြောင်း ပြောသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှူး ကြီး၏ ဖုန်းသို့ဆက်သွယ်မေးမြန်း သော်လည်း သင်တန်းပြနေ၍ လောလောဆယ် မအားလပ် ကြောင်း ဖုန်းကိုင်သည့်ရဲအရာရှိ တစ်ဦးကပြောသည်။
အဆိုပါလူသတ်မှုကို မှုခင်း ရဲတပ်ဖွဲ့(CID)၊ ရန်ကုန်တိုင်းဒေ သကြီးမြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ နှင့် အထူးရဲတပ်ဖွဲ့မှ ရဲအရာရှိအ ချို့ ဦးဆောင်စစ်ဆေးနေပြီးအ တည်မပြုနိုင်သေးသော သတင်း များအရ သံသယရှိသူအချို့ကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေ ကြောင်းသတင်းရရှိသည်။
7Day

No comments: