Sunday, August 14, 2016

ငါးနှစ်အတွင်း ငွေကြေး ဖောင်းပွမှု ငါးဆကျော်မြင့်တက်

ငါးနှစ်အတွင်း ငွေကြေး ဖောင်းပွမှု ငါးဆကျော်မြင့်တက်

ယခင်အစိုးရက ဗဟို ဘဏ်မှ ချေးယူထားသည့် ကျပ်ငွေပမာဏသည် ဘီလီယံ ၁၀,၀၀၀ကျော်အထိရှိခြင်းကြောင့် ငွေ ကြေးဖောင်းပွမှု ငါးဆကျော်မြင့် တက်ခဲ့ရကြောင်း စီးပွားရေးပညာ ရှင်များက ပြောသည်။
ဗဟိုဘဏ်သည် အစိုးရလို အပ်နေသော ငွေကို ချေးပေးနိုင်ရန် ငွေစက္ကူများရိုက်ထုတ်ရသဖြင့် လှည့်လည်သုံးစွဲနေသည့် ငွေကြေးဈေးကွက် အတွင်းသို့ ယင်းငွေများဝင်ရောက်လာချိန်တွင် ဖောင်းပွမှုဖြစ်ပေါ်ပြီး ကုန်ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း စီးပွားရေးပညာရှင်များက ပြောသည်။
‘‘ဗဟိုဘဏ်က ငွေရိုက်ထုတ် လို့ ဖောင်းပွမှုမြင့်တက်လာတာ အသေအချာပဲ’’ဟု စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြောသည်။
မြန်မာနိုင်ငံတွင် ငွေကြေး ဖောင်းပွမှုသည် ယခင်အစိုးရ စတင်တာဝန်ယူသည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၂ဒသမ၀၂ ရာခိုင်နှုန်းရှိပြီး ငါးနှစ်ကြာမြင့်ချိန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ ၁၁ဒသမ၄၄ ရာခိုင်နှုန်းသို့ မြင့်တက်လာကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဗဟို စာရင်းအင်းအဖွဲ့စာရင်းများအရ သိရသည်။ ငွေကြေးဖောင်းပွမှုသည် ငါးနှစ်အတွင်း ငါးဆမြင့်တက်ခဲ့ခြင်း ဖြစ်သည်။
‘‘ဒီနိုင်ငံငွေကြေးဖောင်းပွမှု က နည်းမျိုးစုံနဲ့ တက်လာတယ်။ ဗဟိုဘဏ်က လယ်သမားတွေ ငွေချေးဖို့အတွက် ငွေရိုက်ထုတ်မယ် လို့ ပြောတာနဲ့ အပြင်မှာကုန်ဈေး နှုန်းတက်နေတာ ဒီနေ့အထိပဲ။ ဒါ ကို တာဝန်ရှိသူတွေ အလေးထား သင့်တယ်’’ဟု ကမ္ဘောဇဘဏ်အ ကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးသန်း လွင်က ပြောသည်။
အစိုးရဘတ်ဂျက်လိုငွေမြင့် တက်မှုကလည်း ငွေကြေးဖောင်း ပွမှုကို ဖြစ်စေသည့် တွန်းအားတစ် ခုဖြစ်ကြောင်း စီးပွားရေးပညာရှင် များက ဆိုသည်။ ယခင်အစိုးရ သည် ဘတ်ဂျက်လိုငွေကို ဗဟို ဘဏ်ချေးငွေဖြင့် ဖြည့်ဆည်းခဲ့ သည်။ အစိုးရကို ငွေချေးရန် ဗဟိုဘဏ်က ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တွင် ကျပ် ၆,၃၀၀ ဘီလီယံကျော်၊ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၆,၇၀၀ ဘီလီယံကျော်၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၉,၀၀၀ ဘီလီယံကျော် ငွေရိုက်နှိပ်ခဲ့ကြောင်း စီးပွားရေးပညာရှင်အချို့က ပြောသည်။
ထို့ကြောင့် ဘတ်ဂျက်လိုငွေ ကို ဗဟိုဘဏ်မှ ချေးငွေဖြင့် ဖြည့် ဆည်းခြင်းမပြုဘဲ အစိုးရအနေ ဖြင့် အခွန်စနစ်ကို ပြုပြင်ပြီး စနစ် တကျကောက်ယူခြင်း၊ အစိုးရမှ ငွေတိုက်စာချုပ်၊ ငွေတိုက်လက် မှတ်များ ရောင်းချခြင်းဖြင့် ဖြည့် တင်းရန်လိုသည်ဟု စီးပွားရေး ပညာရှင်များက အကြံပြုသည်။
ယခင်အစိုးရ လက်ထက် ဘတ်ဂျက်လိုငွေသည် ကျပ်ဘီလီ ယံ ၁၀,၀၀၀ ကျော်ရှိခဲ့သည်။ ထို့ ကြောင့် လက်ရှိဒီချုပ်အစိုးရသည် ဘတ်ဂျက်လိုငွေလျှော့ချရန်ကျပ်ငွေဘီလီယံ ၄၀၀ ကျော် လျှော့ချခွင့်ပြုသင့်ပြီး အခွန် လိမ်လည်မှုကို ထိရောက်စွာ အရေးယူရန် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက သြဂုတ် ၁၂ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

http://www.7daydaily.com/story/72730
 

No comments: