Thursday, August 4, 2016

ထိုင်းမှပြန်လာသော တရားဝင် လုပ်သားတို့၏ သတင်းစာရှင်းလင်းပွဲတွင် အေဂျင်စီအချို့နှင့် အလုပ်သမားများ အချေအတင် ဖြစ်ပွား

ထိုင်းမှပြန်လာသော တရားဝင် လုပ်သားတို့၏ သတင်းစာရှင်းလင်းပွဲတွင် အေဂျင်စီအချို့နှင့် အလုပ်သမားများ အချေအတင် ဖြစ်ပွား
 
4 August 2016
×××××××××××××××××××××××××××××××××××××××××××××××××××××××××××
ရန်ကုန်၊ သြဂုတ်
ထိုင်းမှပြန်လာသော တရားဝင် MoU အလုပ်သမားများ၏ သတင်းစာရှင်းလင်းပွဲတွင် အေဂျင်စီများနှင့် အလုပ်သမားများ အချေအတင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုင်းသို့ MoU စနစ်ဖြင့်သွားရောက်စဉ် အခက် အခဲ ဒုက္ခများကြုံတွေ့ခဲ့ရသော အလုပ်သမားများ ကိုယ်တိုင်ရှင်းလင်းသည့် မီဒီယာရှင်းလင်းပွဲကို သြဂုတ် ၂ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိ ရွှေဂုံတိုင်ရှိ ယုဇနဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

အလုပ်သမားများအရေးအကူအညီပေးနေသော ထိုင်းနိုင်ငံအခြေစိုက် MAT နှင့် AAC အဖွဲ့တို့က ဦးဆောင်၍ ယင်းသတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခြင်းဖြစ် ပြီး MoU ဖြင့်သွားရောက်ခဲ့စဉ် အခက်အခဲများဖြစ်ပွားခဲ့ သည့် MoU အလုပ်သမားများက ၎င်းင်းတို့သွားရောက်ခဲ့စဉ် ချုပ်ဆိုခဲ့ရသည့် စာချုပ်၊ ပေးချေခဲ့ရသည့် ငွေကြေး နှင့် ထိုင်းတွင်ကြုံတွေ့ခဲ့ရသည့်အတွေ့အကြုံ၊ အလုပ် ပြုတ်၍ပြန်လာရခြင်း၊ MoU အလုပ်သမားများ သေ ဆုံးခြင်း၊ ထိခိုက်ခြင်းများတွင် နစ်နာ ကြေးမရခြင်းစသည့် အခြေအနေများကိုတင်ပြခဲ့ရာ အဆိုပါရှင်းလင်း ပွဲသို့တက်ရောက်လာသည့် အေဂျင်စီများက အပြန်အလှန်မေးမြန်းပြောဆိုရာမှ နှစ်ဖက်အချေအတင်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ အဆိုပါရှင်းလင်းပွဲနှင့်ပတ်သက်၍ AAC အဖွဲ့ဒါရိုက်တာ ဦးခိုင်ကြီးက " ကျွန်တော်တို့ကတော့ အခုနစ်နာတဲ့ကလေးတွေ အတွက် ဖြေရှင်းပေး စေချင်တယ်။ ဖြေရှင်းပေးဖို့လည်း တောင်းဆိုချင် တယ်" ဟု ပြောသည်။

ယခု ရှင်းလင်းပွဲတွင် မေ၀င့် ပြည်ပအလုပ်အကိုင်အေဂျင်စီ၏ ပို့ ဆောင်မှုဖြင့် ထိုင်းတွင်သွားရောက် အလုပ်လုပ်ကိုင်စဉ် အကြောင်းအမျိုးမျိုးကြောင့် အမိနိုင်ငံသို့ အ ထောက်အထားမဲ့အဖြစ် ပြန်လာခဲ့ရသည့် MoU အလုပ်သမား ၂၃ ဦးပါဝင်ပြီး အခြားအေဂျင်စီများက ပို့ ဆောင်ခဲ့သည့် MoU အလုပ်သမားများကလည်း ၎င်းင်းတို့၏အခက်အခဲများကိုလာရောက် ရှင်းလင်းခဲ့သည်။ " စက်ရုံကနေအလုပ်ထုတ်ခံခဲ့ရတာပါ။ ပြီးတော့ နှစ်ကြိမ်အဆောင် မှူးကမောင်းထုတ်တယ်။ သမီးတို့ အပြင်ရောက်သွားတယ်။ အလုပ်အထုတ်မခံရခင် သူတို့ဆီကို (မြန်မာ အေဂျင်စီ)ဖုန်းအကြိမ်ကြိမ်ဆက်တယ်။ လာခဲ့မယ်ပြောပြီး ပါးစပ်ပဲလာခဲ့တယ်။ ဒါကြောင့်ဖြစ်ပျက်ခဲ့တာ တွေရယ်၊ ပြီးတော့သမီးတို့က မိန်းကလေးတွေဖြစ်တဲ့အတွက်ရယ် ဒုက္ခ ရောက်နေတာရယ်ကြောင့် AAC အဖွဲ့ကိုအကူအညီတောင်းခံခဲ့တယ်။ အဲဒီနောက် မြန်မာပြည်ပြန်ပြီး တရားစွဲချင်တဲ့ အတွက် မိဘတွေဆီပြန်ပြီး ပိုက်ဆံတောင်းခံခဲ့တာပါ။ ကျွန်မတို့မှာပတ်စ်ပို့တွေလည်း ဘာမှမရှိတော့ပါဘူး။ အဲ့ဒီလိုနဲ့ပြန်လာခဲ့ရတာပါ။ ကျွန်မတို့ကုန်ကျခဲ့တဲ့စရိတ်တွေကို ပြန်လိုချင်ပါတယ်"ဟု မေ၀င့်ကုမ္ပ ဏီ ဖြင့်သွားရောက်ခဲ့သည့် လုပ်သား မအေးအေးခိုင်က သတင်းစာရှင်း လင်းပွဲတွင်ပြောသည်။

အခြားအေဂျင်စီများဖြင့်ထိုင်း သို့သွားခဲ့သည့်အလုပ်သမားများကလည်း ၎င်းင်းတို့ကြုံတွေ့ခဲ့သည်များကိုရှင်းလင်းခဲ့ရာ သက်ဆိုင်ရာပို့ဆောင်ခဲ့သည့် အေဂျင်စီတို့က ပြန်လည်၍မေးမြန်းပြောဆိုခြင်း တို့ပြုလုပ်ရာမှ နှစ် ဖက် အချေအတင်ဖြစ်ကာ ပဋိ ပက္ခအသွင်ဆောင်ခဲ့ပြီး ရှင်းလင်းပွဲ ပြီးဆုံးခဲ့သည်။ အဆိုပါအလုပ်သမားများပြဿ နာနှင့်ပတ်သက်၍ သက်ဆိုင်ရာအေဂျင်စီတို့က အလုပ်သမားများသတင်းစာရှင်းလင်းပွဲမပြုလုပ်မီ သြဂုတ် ၂ ရက် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ရန်ကုန်မြို့တော်ဝင်နှင်းဆီ၌သတင်းစာရှင်းလင်းပွဲ ကြိုတင်ပြုလုပ်ခဲ့သည်။ ထိုသို့ ရှင်းလင်းမှုပြုလုပ်ရာတွင်" ဒီအလုပ်သမားတွေက လုပ်ငန်းရှင်က အလုပ်မရှိလို့ အလုပ်ဖြုတ် တာ မဟုတ်ပါဘူး။ လုပ်ငန်းရှင်က ဒီစက်ရုံသည် ကုန်ကြမ်းကြောင့်သော်လည်းကောင်း၊ သန့်ရှင်းရေးကြောင့် သော်လည်းကောင်း ရပ်နားတဲ့အချိန်မှာ သူ့ရဲ့စာချုပ်ပါစက်ရုံ နှစ်ရုံကို သူရွှေ့ပြောင်းတာကို ဒီအလုပ်သမား က လက်မခံခဲ့တာပါ။ စုစုပေါင်းအလုပ်သမား ၄၈ ဦးမှာ ကျန်တဲ့သူတွေက လက်ခံခဲ့ပြီး သူတို့ကလက်မခံခဲ့ဘဲ တားမြစ်နေတဲ့ကြားက ခိုးထွက်သွားခဲ့တယ်" ဟု မေ၀င့် အေဂျင်စီ၏ ထိုင်းတာဝန်ခံ ကိုဇော် ထိုက်အောင်က ပြောသည်။

အဆိုပါစက်ရုံတွင် လက်ရှိအချိန် ထိအလုပ်လုပ်နေသည့် အလုပ်သမားတချို့ လည်း အေဂျင်စီသတင်းစာရှင်းပွဲသို့ တက်ရောက် လာကြောင်း သိရသဖြင့် ဒီမိုကရေစီတူဒေးမှမေး မြန်းခဲ့ရာ စိုင်းမင်းထွန်း(ခ)အစိုင်းက "အလုပ်သမားကမှားတာလား၊ အလုပ်ရှင်က မှားတာလားဆိုတာ ကျွန်တော်တို့လည်း သေချာမသိပါ ဘူး" ဟု ပြောသည်။ အဆိုပါအလုပ်သမား ၂၃ ဦးသည် MoU အရစာချုပ်ပါ အခွင့်အရေးများကို အပြည့်အ၀ခံစားရ မည်ဖြစ်သော်လည်း အလုပ်ရှင် မသိဘဲထွက်ပြေး ခဲ့ခြင်းကြောင့် လျော် ကြေးတစ်စုံတစ်ရာ တောင်းဆိုခွင့် မရှိကြောင်း၊ ပေးသွား မည်မဟုတ် ကြောင်း မေ၀င့်အေဂျင်စီ ကမီဒီယာရှင်းလင်းရာတွင် တရားဝင်ပြော ဆိုထားသည်။

No comments: