Saturday, August 20, 2016

ဒေါ်လာဈေးမြင့်တက်ခြင်းကို စီမံ/ဘဏ္ဍာဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့က မူဝါဒဖြင့် ထိန်းသွားမည်ဟုဆို

ဒေါ်လာဈေးမြင့်တက်ခြင်းကို စီမံ/ဘဏ္ဍာဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့က မူဝါဒဖြင့် ထိန်းသွားမည်ဟုဆို
20 August 2016
----- ----- -----
ဒေါ်လာဈေးမြင့်တက်နေခြင်းသည် ငွေကြေးဖောင်းပွမှုကြောင့်ဖြစ်သော
ကြောင့် ဒေါ်လာဈေးမြင့်တက်မှုကို စီမံ/ဘဏ္ဍာဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့ က မူဝါဒဖြင့် ထိန်းသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
...
ငွေကြေးဖောင်းပွခြင်းသည် ပို့ကုန်များသည့်ကာလ၊ သွင်းကုန်များ သည့်ကာလများတွင် ဖြစ်တတ်ပြီး ကုန်သွယ်မှုတွင် လိုငွေပြ ခြင်း ကြောင့် ငွေကြေးအပြောင်းအလဲဖြစ်ကာ ရမည့်ဒေါ်လာထက် သုံးရမည့်ဒေါ်လာက များနေသောကြောင့် ဒေါ်လာဈေး တက်နေ မည်ဖြစ်ကြောင်း သိရသည်။
“ငွေကြေးဖောင်းပွတာကလည်း အမှန်တော့ ဘတ်ဂျက်သုံးတာများလို့ပါ။ အစိုးရကသုံးတဲ့ငွေကြေးတွေက ပြည်သူထဲကိုပဲရောက်တဲ့အတွက်
ငွေကြေးဖောင်းပွတာတွေဖြစ်လာတာပါ။ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ် နိုင်ဖို့က အခုမြန်မာနိုင်ငံမှာStock&Shareဆိုတဲ့ငွေကြေးဈေးကွက်
ပေါ်လာပါပြီ။ ဒီငွေကြေးဈေးကွက်က ငွေကြေးဖောင်းပွမှုကို အနည်းနဲ့အများ ထိန်းချုပ်နိုင်မှာပါ” ဟု စီးပွားရေးပညာရှင် ဦးလှမောင်က The Ladies သို့ပြောကြားသည်။
ဝန်ကြီးဌာနအနေဖြင့် ဘတ်ဂျက်ရေးဆွဲရာတွင် ရစရာရှိသည်များကို မှန်းရ သလို သုံးစရာရှိသည် များကိုလည်း မှန်း၍ ရေးဆွဲရသော်လည်း တစ်ခါတစ်ရံ တွင် ပြည်ပချေးငွေကို ရမည်ဟု မှန်းထားသော်လည်း မရသည်များ ရှိတတ် သဖြင့် တစ်နှစ်တာအကောင်အထည်ဖော်နေချိန်အတွင်း မှန်းဆသကဲ့ သို့ ဖြစ်မလာသည်များလည်း ရှိတတ်သည်ဟု ဆိုသည်။
စီးပွားရေးအသိုင်းအ၀ိုင်းကလည်း မြန်မာနိုင်ငံသို့ ပြည်ပမှ ငွေကြေးအကူ
အညီများ ကူညီရာတွင်လည်း အမှန်တကယ် အသုံးပြုရာ တွင် မြန်မာကျပ်ငွေဖြင့်သာ အသုံးပြုရခြင်း ဖြစ်သောကြောင့် ဒေါ်လာ
သည် အစိုးရနှင့် ဗဟိုဘဏ်တို့တွင်သာ ရှိနေသောကြောင့် ပြည်ပမှ ၀င်ရောက်လာသော နိုင်ငံခြားငွေအကူအညီကြောင့် ဒေါ်လာဈေးတက်ခြင်း/ ကျခြင်းသည် သက်ဆိုင်ခြင်းမရှိဟု သုံးသပ်ကြသည်။
သြဂုတ်လ ၂၀ ရက်နေ့ပြည်တွင်းဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာသည် မြန်မာကျပ်ငွေ ၁,၁၈၀ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။
ဝသန်
The Ladies News

No comments: