Saturday, August 27, 2016

အခွင့်အလမ်းဆိုတာ လူ တစ်ယောက်ရဲ့ဘ၀မှာ နှစ်ခါပြန် မလာပါဘူး ( ဒေါ်အောင်ဆန်းစုကြည် )

အခွင့်အလမ်းဆိုတာ လူ တစ်ယောက်ရဲ့ဘ၀မှာ နှစ်ခါပြန် မလာပါဘူး ( ဒေါ်အောင်ဆန်းစုကြည် )

‘‘အခွင့်အလမ်းဆိုတာ လူ တစ်ယောက်ရဲ့ဘ၀မှာ နှစ်ခါပြန် မလာပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကြောင်းက အင်မတန် ရှည်ပါတယ်။ အခွင့်အရေးတစ်ခါ လွတ်သွားမယ်ဆိုရင် ပြန်လာနိုင် ပါတယ်။ ဒါပေမဲ့ အဲဒီကြားထဲမှာ အဟောသိကံ မဖြစ်သွားစေချင် ဘူး။ ပြည်သူလူထု၊ ငြိမ်းချမ်းရေး မှာ ပါတဲ့သူတွေ အရည်အချင်း တွေ အဟောသိကံမဖြစ်စေချင် ဘူး။ ဒါကြောင့် ကျွန်မတို့က အောင်မြင်အောင် လုပ်ချင်ပါ တယ်။
အောင်မြင်အောင် လုပ် နိုင်ခဲ့ရင် ကျွန်မတို့နိုင်ငံအတွက် အများကြီး အကျိုးရှိပါတယ်။ ဒီ တစ်ခေါက် မအောင်မြင်ရင်နောင် ဘယ်လောက်အထ...ိ စောင့်ရမလဲ။ အဲဒီစောင့်နေတဲ့အချိန်အတွင်းမှာ ကျွန်မတို့နိုင်ငံ ဘယ်လောက်ထိ ခိုက်နစ်နာမလဲဆိုတာကို ကျွန်မတို့ စဉ်းစားစေချင်ပါတယ်။ အခုဆိုရင် အားလုံးသိကြတဲ့အတိုင်း ကျွန်မတို့နိုင်ငံဟာ ကမ္ဘာကြီးနဲ့ တောင် မပြောပါဘူး။ ကျွန်မတို့ ဒေသမှာတင် နောက်ကျကျန်နေခဲ့ ပြီ။ ဒီနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ အရည် အချင်း ဘယ်လောက်ဆုံးရှုံးခဲ့ကြ လဲ။ နောက်တစ်ခါ အဲဒီလိုဆုံးရှုံး မှုတွေ မဖြစ်စေချင်တော့ပါဘူး’’
ဒေါ်အောင်ဆန်းစုကြည်
သြဂုတ် ၂၄၊ ၂၀၁၆။

No comments: