Tuesday, August 23, 2016

သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် အိန္ဒိယပြည်ပရေးရာဝန်ကြီးကို သီးခြားစီတွေ့ဆုံ

သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် အိန္ဒိယပြည်ပရေးရာဝန်ကြီးကို သီးခြားစီတွေ့ဆုံ

သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီး မစ္စ ဆူရှမာဆွာရာရ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်က သမိုင်းဝင်ခရီးစဉ်အဖြစ် အိမ်နီး ချင်း တရုတ်နိုင်ငံသို့ သွားရောက် ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ၍ နောက်တစ်ရက်အ ကြာတွင် အိန္ဒိယအစိုးရအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
 သမ္မတ ဦးထင်ကျော်နှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီးတို့ သြဂုတ် ၂၂ ရက်က တွေ့ဆုံ၍ ကုန်သွယ်မှုတိုးမြှင့်ရေး၊ ပို့ဆောင် ရေး၊ ကျန်းမာရေး၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပဲစိုက်တောင်သူများအတွက် အိန္ဒိယမှလည်း နည်းပညာအကူအညီပေးရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်သည်။

ထို့အပြင် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် အိန္ဒိယ၀န်ကြီးတို့ တွေ့ဆုံပြီး ပညာရေး၊ ကျန်းမာ ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးကိစ္စရပ် များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သ တင်းထုတ်ပြန်ခဲ့သည်။


http://www.7daydaily.com/story/73518

No comments: