Saturday, August 6, 2016

မလေးရှားမှ ထိန်းသိမ်းခံ မြန်မာတစ်ရာကျော်ကို စင်းလုံးငှားလေယာဉ်ဖြင့် သြဂုတ် ၈ ရက်တွင် ပြန်လည်ပို့ဆောင်မည်

မလေးရှားမှ ထိန်းသိမ်းခံ မြန်မာတစ်ရာကျော်ကို စင်းလုံးငှားလေယာဉ်ဖြင့် သြဂုတ် ၈ ရက်တွင် ပြန်လည်ပို့ဆောင်မည်
Saturday, August 6, 2016
 
မလေးရှားနိုင်ငံရှိ အ ကျဉ်းစခန်း ၁၁ ခုတွင် ထိန်းသိမ်းခံ ထားရသော မြန်မာနိုင်ငံသားများ အနက် ၁၃၈ ဦးကို စင်းလုံးငှား လေယာဉ်ဖြင့် သြဂုတ် ၈ ရက်၌ ပြန်လည်ပို့ဆောင်မည်ဖြစ် ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်မြင့် က ပြောသည်။
...
‘‘လာမယ့် ၈ ရက်နေ့ကို ပြန် ပို့ပေးဖို့အတွက် လေယာဉ်တစ် စင်း တောင်းထားတယ်။ ၁၃၈ ယောက် ပြန်ပို့ပေးမယ်။ ကျန်တဲ့ Camp (အကျဉ်းစခန်း) တွေထဲ က လူတွေကိုလည်း အမြန်ဆုံးပြန် ပို့နိုင်အောင် စီစဉ်နေပါတယ်’’ဟု သံအမတ်ကြီး ဦးဇော်မြင့်က ပြော ကြားသည်။
စင်းလုံးငှား လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာမည့် ၁၃၈ ဦးအား ကမ္ဘောဇအနာဂတ်အ လင်းတန်း မြန်မာဖောင်ဒေးရှင်း နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း (MAI)တို့က အခမဲ့ ခေါ်ဆောင်ပေးခြင်းဖြစ် ကြောင်း အပြည်ပြည်ဆိုင်ရာ မြန် မာ့လေကြောင်းလိုင်း (MAI) ၏ ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာက ပြောကြားသည်။
‘‘မလေးရှား Camp တွေထဲ မှာရှိတဲ့ မြန်မာတွေ အကုန်လုံးကို ပြန်ခေါ်ဖို့ စီစဉ်နေတာပါ။ ပြန် ခေါ်လို့ရမယ့်သူတွေကို အကုန် ပြန်ခေါ်ပါမယ်’’ဟု ဒေါ်အေးမရ သာက ပြောသည်။
အကျဉ်းစခန်းများတွင် ထိန်း သိမ်းခံရသူများအနက် လေယာဉ် စရိတ်မရှိသော မြန်မာနိုင်ငံသား ၈၀ ဦးကို အလှူရှင်များ၏ ကူညီမှု ဖြင့် သြဂုတ် ၅ ရက်ကလည်း ပြန် လည်ပို့ဆောင်ပေးခဲ့ကြောင်း သံအမတ်ကြီး ဦးဇော်မြင့်ကပြောသည်။
‘‘Camp တွေထဲမှာ မြန်မာ နိုင်ငံသားတွေ ဘယ်လောက်ရှိ တယ်ဆိုတာ အတိအကျတော့ မ သိရသေးဘူး။ လူတွေက အမြဲ တမ်း အ၀င်အထွက်တွေရှိနေ တယ်။ အခုက ဖမ်းဆီးနေတဲ့ကာလဖြစ်လို့ Camp ထဲကို ရောက်လာတဲ့သူတွေရှိတယ်။ ပြန်ထွက် လာတဲ့သူတွေရှိတယ်။ အခု ကျွန်တော်တို့ စစ်ဆေးပြီးအရဆို Camp တွေထဲမှာ မြန်မာ ၁,၂၀၀ ကျော်လောက် ရှိနေတယ်’’ဟု ၎င်းကဆက်လက်ပြောသည်။
ထို့အပြင် မလေးရှားနိုင်ငံ ပီနန်ဘာတာဝပ် နယ်မြေတွင် မြန်မာလုပ်သားသုံးဦး အသတ်ခံ ရမှုနှင့်ပတ်သက်၍ ၎င်းတို့၏ လုံ ခြုံရေးနှင့် သက်သေအဖြစ် ထိန်း သိမ်းခံရပြီး ဇူလိုင် ၂၅ ရက်က ပြန်လွှတ်ပေးလိုက်သော မြန်မာ လုပ်သား ၁၅ ဦးကိုလည်း မြန်မာ နိုင်ငံသို့ ပြန်ပို့ပေးရန် စီစဉ်နေ ကြောင်း သံအမတ်ကြီး ဦးဇော် မြင့်က ပြောသည်။
မလေးရှားရှိ အကျဉ်းစခန်း ၁၁ ခုတွင် အကြောင်းအမျိုးမျိုး ကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရ သော မြန်မာနိုင်ငံသားများအနက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ၂၀၁၆ ဇွန်လအထိ ၁၀,၉၁၄ ဦး ပြန်လည်ပို့ဆောင်ပေး ခဲ့သည်။
7Day Daily

No comments: