Saturday, August 13, 2016

ဘေဂျင်း-နေပြည်တော်ဆက်ဆံရေး စာမျက်နှာသစ်ဖွင့်လာမလား

ဘေဂျင်း-နေပြည်တော်ဆက်ဆံရေး စာမျက်နှာသစ်ဖွင့်လာမလား

တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အကြား ဆက်ဆံရေးသည် နိုင်ငံ ရေး၊ စီးပွားရေးအရ လမ်းဆုံလမ်း ခွတစ်ခုကိုရောက်နေပြီဟု ဆိုနိုင် သည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့အနေဖြင့် အခွင့်ကောင်းများ၊ အားသာချက်များကို အမိအရဖမ်း ဆုပ်လျက် အစိုးရ-အစိုးရချင်း ဆက်ဆံရေးပုံစံဟောင်းကို ပြည်သူ-ပြည်သူချင်း ဆက်ဆံရေးပုံစံသစ်နှင့် အစားထိုးပြင်ဆင်နိုင်ရန် သော့ချက်ကျသည်။ ဘေဂျင်းနှင့် နေပြည်တော်အကြား မဟာဗျူဟာ ဆက်ဆံရေးကွန်ရက်တွင် စာမျက်နှာသစ်များ ဖွင့်လှစ်လာနိုင်မည်ဆိုလျှင် မြန်မာ့ဒီမိုကရေစီအပြောင်းအလဲနှင့် ဆက်စပ်လျက် နှစ်နိုင်ငံအကြား သူနိုင်ကိုယ်နိုင်၊ သူမနာ ကိုယ်မနာအခင်းအကျင်းသစ်များ ရုပ်လုံးပေါ်လာနိုင်ခြေရှိသည်။
 နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ သြဂုတ် ၁၇ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည် ရေး အလည်အပတ် ခရီးသွား ရောက်မည် ဖြစ်သည်။ အဆိုပါ ခရီးစဉ်သည် နိုင်ငံရေး၊ စီးပွားရေး နှင့် ငြိမ်းချမ်းရေး ရှုထောင့်များအ ရ နှစ်နိုင်ငံ ဆက်ဆံရေးတွင် ဗျူ ဟာမြောက် အရေးပါနိုင်ဖွယ်ရှိ သည်။ ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်လာပြီးနောက် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အရှေ့ဘက်အိမ်နီးချင်းနိုင်ငံများကို ဦးစားပေး အလည်အပတ်သွား ရောက်ခဲ့သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ခရီးစဉ်သည် အာဆီယံမဟုတ်သော နိုင်ငံများဆီဦးတည်သွားရောက်မည့် ပထမဆုံးခြေလှမ်းဟု ကောက်ချက်ပြုနိုင်သည်။

 သြဂုတ် ၁၇ ရက် ခရီးစဉ် တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကို အစိုးရအကြီးအကဲ တစ်ဦးအ ဖြစ် နိုင်ငံတော်အခမ်းအနားနှင့် ကြိုဆိုမည်ဖြစ်သည့်အပြင် တရုတ် နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖိတ်၊ ၀န်ကြီးချုပ်မစ္စတာလီခဲ့ချန် အပါ အ၀င် တရုတ်အစိုးရခေါင်းဆောင် များအနေဖြင့် ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံလျက် နှစ်နိုင်ငံ ဆက်ဆံရေး၏ စိန်ခေါ်ချက်များ၊ အကျပ်အတည်းများကို အကြိတ် အနယ်ဆွေးနွေး၊ အဖြေရှာကြဖွယ် ရှိသည်။ နှစ်နိုင်ငံအကြား ပေါက် ဖော်ဆက်ဆံရေးကို ပိုမိုအား ကောင်းမောင်းသန်ရေး ရှေးရှုပြင် ဆင်နိုင်ရန် ရည်မှန်းချက်ထားရှိ နိုင်သည့်အပြင် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို ကိုင်စွဲလျက် အိမ်နီးချင်းကောင်းပီ သစွာ ရပ်တည်ရေးသည်လည်း ဦး တည်ချက်ဖြစ်လာနိုင်သည်။

တရုတ်နိုင်ငံ ခရီးစဉ်အတော အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်အစိုးရခေါင်းဆောင်များအ ကြား တွေ့ဆုံဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ်သည် အရေးကြီး သည့် အစီအစဉ်တစ်ခုဖြစ်လာနိုင် ဖွယ် ရှိသည်။ ငြိမ်းချမ်းသော၊ စစ် ပွဲများကင်းမဲ့သော မြန်မာနိုင်ငံ သည် တရုတ်နိုင်ငံအတွက် အကျိုး များသည်ကို ငြင်းဆန်မရလင့်က စား မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး နှင့် အပစ်အခတ်ရပ်စဲရေး လုပ် ငန်းစဉ်များသည် ပြည်တွင်းရေးရာ ကိစ္စများဖြစ်သည့် အားလျော်စွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေ ဖြင့် လေ့လာသူ အသိသက်သေ ထက် မပိုသည့်နေရာတွင်သာ ပါ ၀င်နိုင်ဖွယ်ရှိသည်။ ခေတ်ပြိုင်နှစ် နိုင်ငံဆက်ဆံရေးသည် ၁၉၅၄ ဇွန် လ ၁၉ ရက်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ မြန်မာနိုင်ငံအစိုးရ ခေါင်းဆောင်များနှင့် တရုတ်နိုင်ငံ အစိုးရခေါင်းဆောင်များအကြား သဘောတူ လက်မှတ်ရေးထိုးခဲ့ သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေးမူကြီး ငါးချက်အပေါ် အ ခြေပြုမည်သာ ဖြစ်သည်။ တရုတ် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည် တွင်းငြိမ်းချမ်းရေးနှင့် အပစ်အ ခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွင် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတ ကာ အသိုင်းအ၀ိုင်းနှင့် တစ်ပြေး ညီ ရပ်တည်ပါဝင်မည် ဖြစ်သည်။
သြဂုတ်လလယ်ခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွား ရေး၊ စစ်ရေးအပါအ၀င်ကဏ္ဍ ပေါင်းစုံဆက်ဆံရေးကို တန်းတူ ရည်တူရှိရေး အခြေခံအပေါ်၌ ပြောင်းလဲတည်ဆောက်နိုင်ရန် ဆွေးနွေးအဖြေရှာသင့်သည်။ အ ပေးအယူသဘောဆန်ခဲ့သော၊ ပြည်သူချင်းဆက်ဆံရေးအားနည်း လွန်းခဲ့သော၊ အစိုးရနှင့် အစိုးရ ချင်း၊ တပ်မတော်ချင်း ဆက်ဆံ ရေးသာအားကောင်းခဲ့သော နှစ်နိုင်ငံဆက်ဆံရေးခေတ်ပြိုင် သမိုင်းဟောင်းကို ပြန်လည်သုံးသပ်လေ့ လာပြီး ပိုမိုကောင်းမွန်သည့် မဟာ ဗျူဟာပေါက်ဖော်ဆက်ဆံရေးပုံစံ သစ်အား ဖော်ဆောင်နိုင်ရေး ဆွေး နွေး ညှိနှိုင်းအဖြေရှာသင့်သည်။ တရုတ်-မြန်မာပေါက်ဖော်ဆက် ဆံရေးကို သူလည်းနိုင်၊ ကိုယ်လည်းနိုင် သူမနာကိုယ်မနာမှုများအပေါ် အခြေပြုလျက် မဟာဗျူဟာ ဆက်ဆံရေးပုံစံသစ်အဖြစ် ရေရှည်အ မြင်ရှိရှိ ထူထောင်နိုင်ရေးဦးတည်နိုင်မည့် နည်းနာကောင်းများအား သြဂုတ် ၁၇ ရက် ခရီးစဉ်အတွင်း ဆွေးနွေးအတည်ပြုလျက် ပေါက်ဖော်ဆက်ဆံရေး၏ စာမျက်နှာ သစ် ဖွင့်လှစ်နိုင်ရေး မဖြစ်မနေ နည်းလမ်းရှာဖွေသင့်သည်။
မြန်မာ-တရုတ်ဆက်ဆံရေး သည် မြန်မာ-အမေရိကန်ဆက် ဆံရေးနှင့်လည်း ဆက်စပ်နေသည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမ တိုင်မီ တရုတ်နိုင်ငံသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအစိုးရလက်ထက် မြန်မာ-အမေရိကန်ဆက်ဆံရေးကို ပြန်လည်ရင်ကြားစေ့ပေးနိုင်ရေးတွင် အဓိကပံ့ပိုးခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အမေရိကန် -တရုတ်-မြန်မာသုံးပွင့်ဆိုင် ဆက်ဆံရေး ပုံစံသစ်ကို ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုနှင့်အတူ ဖော်ဆောင်လာနိုင်မည်ဆိုလျှင် ဒေသတွင်း နိုင်ငံရေးဇာတ်ခုံတွင် သာမက ကမ္ဘာ့နိုင်ငံရေး စင်္ကြံလမ်းတွင် လည်း သေနင်္ဂဗျူဟာမြောက်အ ခင်းအကျင်း ဖြစ်လာနိုင်ဖွယ်ရှိ သည်။ နိုင်ငံတိုင်းသည် မိမိတို့၏အ မျိုးသားလုံခြုံရေးနှင့် အမျိုးသားအ ကျိုးစီးပွားကို ရှေ့တန်းတင်ကြ သည့် အားလျော်စွာ မြန်မာအစိုးရ ခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံနှင့် နိုင်ငံသားများ၏ အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်နိုင်ရန် သော့ချက်ကျမည် ဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မဟာဗျူဟာဆက် ဆံရေးကို ကျောထောက်နောက်ခံ ပြုလျက် အမေရိကန်ပြည်ထောင် စုနှင့် မဟာဗျူဟာမြောက်ဆက် ဆံနိုင်ရန် လိုအပ်သည့်နည်းတူ အမေရိကန်ပြည်ထောင်စုနှင့် မဟာဗျူဟာ ဆက်ဆံရေးကိုကျော ထောက်နောက်ခံပြုလျက် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်ဆံ နိုင်ရန် အရေးကြီးသည်။ မြန်မာ့ ဒီမိုကရေစီအပြောင်းအလဲတွင် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ကျားကန်မှု၊ ၀န်းရံမှုသည် ဗျူဟာ မြောက် သော့ချက်ကျနေဆဲ  ဖြစ် သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုနှင့်အတူ မြန်မာ နိုင်ငံအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံ သားများ၏ အမျိုးသားလုံခြုံရေး နှင့် အမျိုးသားအကျိုးစီးပွားကို ရှေးရှုလျက် အမေရိကန်ပြည် ထောင်စု၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့နှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ပိုမိုအားကောင်း မောင်းသန်အောင် တည်ဆောက် ကြရမည် ဖြစ်သည်။
နှစ်နိုင်ငံအကြား ကုန်သွယ်မှု  နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စိန်ခေါ် ချက်များကလည်း ဒေါ်အောင် ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီး စဉ်တွင် ထိပ်တန်းရောက်လာမည် မှာ ဧကန်မုချဖြစ်သည်။ မြစ်ဆုံရေ ကာတာစီမံကိန်း၊ လက်ပံတောင်း တောင်ကြေးနီစီမံကိန်း၊ သံလွင် ရေကာတာ စီမံကိန်းများ၊ ကျောက်ဖြူ-ကူမင်းရေနံနှင့် ဓာတ်ငွေ့ပိုက်  လိုင်း၊ ကျောက်ဖြူ-ကူမင်းကား လမ်းနှင့် ရထားလမ်းအပါအ၀င် နှစ်နိုင်ငံအကြား စီမံကိန်းကြီးများ နှင့်ပတ်သက်သည့် အကျပ်အ တည်းများကို ထိထိရောက်ရောက် အဖြေရှာနိုင်မည့် မဟာဗျူဟာစီမံ ချက်များအား ရေးဆွဲအတည်ပြု နိုင်ရေး ညှိနှိုင်းဆွေးနွေးနိုင်ရန် လို အပ်မည် ဖြစ်သည်။ ဒေသခံပြည် သူလူထုသာမက မြန်မာပြည်သူ လူထုတစ်ရပ်လုံးက ပြင်းပြင်းထန် ထန် ကန့်ကွက်နေသည့် မြစ်ဆုံစီ မံကိန်းနှင့် သံလွင်ရေကာတာ စီမံ ကိန်းများကို အမြန်ဆုံးရပ်ဆိုင်းနိုင် ရေး ညှိနှိုင်းအဖြေရှာသင့်သည့်အ ပြင် ဒေသခံပြည်သူလူထု၏ ဆန့် ကျင်မှုမြင့်မားနေသည့် စီမံကိန်း များကိုလည်း ပြန်လည်လေ့လာ၊ သုံးသပ်လျက်  ညှိနှိုင်းဆွေးနွေး ပြင်ဆင်နိုင်ရေး ရည်မှန်းချက်ထား သင့်သည်။
တရုတ်နိုင်ငံ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရများနှင့် ဒေသဆိုင်ရာ အစိုးရများအနေဖြင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်မှု များပြုလုပ်သည့် တရုတ်ကုမ္ပဏီ များအား တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရှိ ဆောင်ရွက်နိုင်ရေးကို ထိထိ ရောက်ရောက် ကြပ်မတ်ထိန်း ကျောင်းနိုင်ရန် ဆွေးနွေး အဖြေ ရှာသင့်သည်။ မြန်မာနိုင်ငံအစိုးရ အနေဖြင့် တရုတ်နိုင်ငံ အစိုးရနှင့် ပူးပေါင်းလျက် ယခင်အစိုးရများ နှင့် တရုတ်ကုမ္ပဏီများအကြား လက်မှတ်ရေးထိုးခဲ့သည့် ရင်းနှီး မြှုပ်နှံမှုစီမံကိန်းများနှင့်ပတ်သက် သည့် စာချုပ်စာတမ်းများ၊ သဘောတူညီချက်များကို ပြန်လည်စိစစ်သုံးသပ်ပြီး ပြင်ဆင်သင့်ပါက ပြင် ဆင်နိုင်ရေး မဖြစ်မနေနည်းလမ်း ရှာဖွေရမည် ဖြစ်သည်။ ရင်းနှီးမြှုပ် နှံမှုများ၊ ကုန်သွယ်မှုများနှင့် စီမံ ကိန်းကြီးများနှင့် စပ်လျဉ်း၍ နှစ် နိုင်ငံအကြား ပူးပေါင်းဆောင်ရွက် မှုများ၊ သဘောတူညီမှုများ၊ ရှေ့ လုပ်ငန်းစဉ်များ၊ ဗျူဟာများ၊ နည်းနာများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူလူထုအများစု၏ ဆန္ဒသဘောထားနှင့် တစ်ထပ်တည်းကျနိုင်မှသာ ပြည်သူချင်းဆက်ဆံရေးသည် ပိုမိုရုပ်လုံးပေါ်လာနိုင်ပြီး အစိုးရ-အစိုးရချင်းဆက်ဆံရေးပုံစံဟောင်းမှ ပြည်သူ-ပြည်သူချင်းဆက်ဆံရေးပုံစံသစ်သို့ နိုင်ငံရေးထုံကူးနိုင်မည်ဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီနှင့် အစိုးရခေါင်းဆောင်များသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီကတည်းက ဒေါ်အောင် ဆန်းစုကြည်နှင့် ဆက်ဆံရေးကို အထူးအလေးအနက်ထားခဲ့သည် ဟု သုံးသပ်နိုင်သည်။ တရုတ်ကွန် မြူနစ်ပါတီ၏ ဖိတ်ကြားမှုအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္က ဋ္ဌဒေါ်အောင်ဆန်းစုကြည် ခေါင်း ဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ ၂၀၁၅ ဇွန်လ ၁၀ ရက်မှ ၁၄ ရက်အတွင်း ငါးရက်ကြာအလည် အပတ် ခရီးသွားရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ သမ္မတနှင့် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး မစ္စ တာရှီကျင့်ဖိန်၊ တရုတ်နိုင်ငံဝန်ကြီး ချုပ်နှင့် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအမြဲတမ်း ကော်မ တီဝင်မစ္စတာလီခဲ့ချန် အပါအ၀င် တရုတ်ကွန်မြူနစ်ပါတီနှင့် အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေး နွေးခဲ့သည်။
 နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် အိမ်နီးချင်းတရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ဆက်ဆံရေးကို သတိကြီးကြီးထား ဖော်ဆောင်လျက်ရှိနေသည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်းတွင် တရုတ်နိုင်ငံခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားပြောင်းလဲလာသည်ဟုသုံးသပ်နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပြီး နောက်ပိုင်းတွင်တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့်ပတ်သက်၍ အကောင်းမြင်၊ အပြုသဘော ချဉ်းကပ်သုံးသပ်လေ့ရှိပြီး တရုတ်စီမံကိန်းများနှင့် ဆက်စပ်သည့် ပြဿနာများကိုလည်း လက်တွေ့ကျကျ သဘောထားမှတ်ချက်ပြုခဲ့သည့် အားလျော်စွာ တရုတ်အ စိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ကို တရုတ်နိုင်ငံ၏ မိတ်ဆွေ ကောင်းအဖြစ် သတ်မှတ်လာခဲ့ပုံ ရသည်။ သို့ဖြစ်၍ ပါတီဥက္ကဋ္ဌနှင့် လွှတ်တော်ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၅ တရုတ်နိုင်ငံခရီးစဉ်သည် ထင် ထားသည်ထက် အလွန်အမင်းအောင်မြင်ခဲ့သည်ဟု မှတ်ချက်ပြုနိုင်သည်။
အချုပ်အားဖြင့် ဆိုသော် လာမည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံချစ်ကြည်ရေး ခရီးစဉ်အလွန် ကာလတွင် နှစ်နိုင်ငံဆက်ဆံရေး သမိုင်း၌ မှတ်ကျောက်တင်နိုင်မည့် နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး ကဏ္ဍများနှင့် ဆက်စပ်သည့် အောင်မြင်မှုမှတ်တိုင်များကို တိုင်းသိပြည် သိ စိုက်ထူလာနိုင်ရန် ပဓာနကျ သည့်အပြင် တိုင်းရင်းသားပြည်သူ လူထုအများစုက သဘောမတူ သည့် မြစ်ဆုံစီမံကိန်းအပါအ၀င် စီမံကိန်းအများစုကို ရပ်ဆိုင်းနိုင် မည့် လမ်းကြောင်းပေါ်ဦးတည်နိုင်  ပြီး တရုတ်ကုမ္ပဏီများအနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိရှိ ပွင့် လင်းမြင်သာစွာ ရင်းနှီးမြှုပ်နှံမှုပြု ရေးအား ထိန်းညှိဆောင်ရွက်လာ နိုင်မည်ဆိုပါက နိုင်ငံတော်၏အ တိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်၏ သြဂုတ်လ တရုတ်နိုင်ငံ ခရီးစဉ်သည် ဆယ်စုနှစ်ပေါင်းများ စွာတွင် မြန်မာပြည်သူလူထုတစ် ရပ်လုံးအတွက် အထူးခြားဆုံး၊ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး နိုင်ငံရပ်ခြားခရီးစဉ်အဖြစ် သမိုင်း တွင်ရစ်မည်ဖြစ်ကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။

http://www.7daydaily.com/story/72648

No comments: