Friday, August 12, 2016

နိုငံရေးဆွေးနွေးပွဲမူဘောင်ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို စတင်

နိုငံရေးဆွေးနွေးပွဲမူဘောင်ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို စတင်

12 August 2016

နိုငံရေးဆွေးနွေးပွဲမူဘောင်ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ယနေ့( သြဂုတ်လ ၁၂ရက်)နံနက်ပိုင်းမှစတင်ပြီး ရန်ကုန်မြို့ ၊အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန( NRPC) တွင်ကျင်းပလျက်ရှိသည်။ အဆိုပါအစည်းအဝေးသို့ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံအကြိုပြင်ဆင်ရေးဆပ်ကော်မတီအဖွဲ့ဝင်များနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ ၈ဖွဲ့ ၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှကိုယ်စားလှယ်၂ဦး၊အထူးဒေသ(၄)မိုင်းလားအဖွဲ့ တို့တက်ရောက်ခဲ့ကြသည်။
ဓာတ်ပုံ - ကျော်ဇင်သန်း


7Day News Journal

 

No comments: