Monday, August 15, 2016

မြန်မာနိုင်ငံအနှံ့တွင် လက်ရှိဖြစ်ပေါ်နေသည့် ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ်သန်းပေါင်းခြောက်ရာခန့် ရှိလာပြီဟု ဆို

မြန်မာနိုင်ငံအနှံ့တွင် လက်ရှိဖြစ်ပေါ်နေသည့် ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု
တန်ဖိုး ကျပ်သန်းပေါင်းခြောက်ရာခန့် ရှိလာပြီဟု ဆို
Monday, August 15, 2016
 
တိုင်းဒေသကြီး နှင့် ပြည်နယ်ရှစ်ခုတွင် လက်ရှိဖြစ် ပေါ်နေသော ရေဘေးကြောင့် ပျက် စီးဆုံးရှုံးမှုတန်ဖိုး မှာ ငွေကျပ်သန်း ပေါင်း ၆၀၀ နီးပါးရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှ င့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်ကပြောသည်။ သြဂုတ် ၁၄ ရက်က ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား... ရေးဦးစီးဌာန တွင်ပြုလုပ်သော ဇူလိုင် လလယ်ခန့်မှစတင်၍ သြဂုတ် ၁၃ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုတွင်ဖြစ်ပွားခဲ့သည့် ရေကြီး ရေလျှံမှုများနှင့် စပ်လျဉ်းပြီး အသိပေးရှင်းလင်းပွဲတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးစိုးအောင်က " ပျက်စီးဆုံးရှုံး မှုတန်ဖိုးကတော့ အမျိုးမျိုးရှိပါတယ်။ လက်ရှိအချိန်မှာတော့ ကျပ်သန်း ပေါင်း ၆၀၀ နီးပါးလောက်ရှိပါတယ်။ ဒါက ရရှိတဲ့အချက်အလက်အပေါ် မူတည်ပြီးပြော တာပေါ့နော်။ ဒါကလည်းနည်းပါသေးတယ်။ သက်ဆိုင်ရာဦးစီးဌာနတွေကနေပြီး တွက်ချက်မှုတွေလုပ်ဆောင်နေပါတယ်။ ဒါ ကြောင့် ပြောင်းလဲမှုတွေရှိလာနိုင်ပါတယ်" ဟုပြောသည်။ လက်ရှိအချိန် တွင် ယာယီဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းများကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် ရုပ်သိမ်းပြီးဖြစ်ကာ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ကျန်ရှိနေသေးကာ ဧရာဝတီတိုင်းဒေသကြီးသည် ကယ်ဆယ်ရေးစခန်းအများဆုံးကျန် ရှိနေသည့်ဒေသဖြစ်ကြောင်း သိရသည်။
ဦးစိုးအောင်က " ရေဘေးနဲ့ပတ်သက်ပြီး နိုင်ငံတကာက ၀င်မလာတာကများသောအားဖြင့် ဘေး ကျရောက်တဲ့ဒေသ အဖြစ် ကြေညာမှ ဘာအကူအညီပေးရမလဲဆိုပြီး ၀င်လာတာဖြစ်ပါတယ်။ လက်ရှိ အနေအထားမှာ ကျွန်တော်တို့က ကိုယ့်အစိုးရနဲ့ ကိုယ့်ပြည်သူအားနဲ့ ပူးပေါင်း ဆောင်ရွက်လို့ရနိုင်တဲ့အနေအထား ပဲရှိပါသေးတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီး ရှစ်ခုလို့ပြောပေမယ့်လည်း တချို့နေ ရာတွေ မှာ ရေပြန်ကျနေပါ ပြီ" ဟုပြောသည်။
ရေဘေးဖြစ်ပွားရာဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အတွက် ရေဘေးသင့် ဧရာဝတီတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူး တိုင်းဒေသကြီးတို့တွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ပျက်စီးဆုံးရှုံးမှုအခြေအနေ သတင်းအချက် အလက်များကောက်ယူခြင်း၊ ပျက်စီးသွားသောနေအိမ်များ၊ စာသင်ေ ကျာင်း များ၊ ဆေးရုံ၊ ဆေးခန်း၊ လမ်း၊ တံတား၊ တာတမံများ၊ သောက်သုံးရေ ကန်များ ပြုပြင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ပျက်စီးသွားသော လယ်ယာ ၊ ဥယျာဉ် ခြံမြေများ ပြန်လည် စိုက်ပျိုးနိုင်ရေး နှင့် သီးနှံမျိုးစေ့နှင့် ဓာတ်မြေသြဇာများထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ခြင်း၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ထူထောင်ပေး နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်း၊ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ထိခိုက်လွယ်အုပ်စုများအတွက် ထောက်ပံ့ပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ အလှူရှင်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။
AA
Democracytoday

No comments: