Friday, August 5, 2016

အရေးပေါ်ကာလအခြေအနေတွင် ပြည်သူများဘေးကင်းရေးကို ဦးစားပေးဆောင်ရွက်ရန် ဒုသမ္မတ ပြောကြား

အရေးပေါ်ကာလအခြေအနေတွင် ပြည်သူများဘေးကင်းရေးကို
ဦးစားပေးဆောင်ရွက်ရန် ဒုသမ္မတ ပြောကြား

Thursday, August 4, 2016
 
အရေးပေါ်ကာလအခြေအနေတွင် ပြည်သူများဘေးကင်းလုံခြုံရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို အလေးထား ကာကွယ်စောင့်ရှောက်ရန်ဆိုသော မူဝါဒကို အမြင့်ဆုံးဦးစားပေးအဖြစ် လက်ကိုင်ထားဆောင်ရွက်ကြရန် ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူက ပြောသည်။
...
“အရေးပေါ်ကာလ မဟာဗျူဟာတွေရေးဆွဲမယ်ဆိုရင် ပြည်သူ့တွေ
ဘေးကင်းလုံခြုံရေးကို အဓိက ဦးတည်ချက်ထားဆောင်ရွက်ရမှာဖြစ်ပါတယ်၊ ဒါက ကျွန်တော်တို့ အားလုံးရဲ့ လိုလားချက်ပါ”ဟု ဒုတိယသမ္မတက ဆိုသည်။
သြဂုတ်လ ၄ရက်နေ့က နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီးရုံးတွင် ကျင်းပသော အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ဒုတိယသမ္မတမှ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အရေးပေါ်အခြေအနေနှင့် ပတ်သက်ပြီး ကြိုတင်စီမံမှုမပြုလုပ်ထားပါက လက်တွေ့ဖြေရှင်းရာတွင် အခက်အခဲများ ကြုံတွေ့ရမည်ဟု ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူက ပြောသည်။
“ဘယ်မှာဘာဖြစ်တော့မယ်၊ ဘယ်နေရာမှာ ဘယ်လိုအန္တရာယ်တွေကျရောက်တော့မယ်ဆိုတဲ့ ကြိုတင်သတင်း ရရှိဖို့အရေးကြီးပါတယ်။ ဒါမှသာ သတင်းအချက်အလက်တွေကို သက်ဆိုင်ရာလူထုဆီ အရေးပေါ်အခြေအနေမှာရောက်ရှိနိုင်မှာပါ။”ဟု ၎င်းက ထပ်ပြောသည်။
ထို့အပြင် ၎င်းက ပြည်သူများထံတွင် မိုဘိုင်းဖုန်းကိုယ်စီရှိသဖြင့် မိုဘိုင်းဖုန်းအော်ပရေတာများနှင့် ပူးပေါင်းညှိနှိုင်းကာ အရေးပေါ်အခြေအနေများကို အသိပေးနိုင်ရန်လည်းလိုအပ်ကြောင်း ထပ်မံပြောဆိုသည်။
စိုင်းလမင်း
Popular

No comments: