Friday, August 26, 2016

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်တို့ ဆွေးနွေး

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်တို့ ဆွေးနွေး

သီလ၀ါစီးပွားရေးဇုန်ဖွံ့ ဖြိုးတိုးတက်ရေး၊ ရန်ကုန်မြို့ပြမ ဟာစီမံကိန်းအပါအ၀င် ဂျပန်နိုင် ငံနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို နိုင်ငံခြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ် အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေ သည့် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အ ထူးအကြံပေးပုဂ္ဂိုလ် Mr.Hiroto Izumiသည် သြဂုတ် ၂၅ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား လာရောက်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး
ဌာန၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုသို့တွေ့ဆုံရာတွင် ရန် ကုန်မြို့ပြမဟာစီမံကိန်း၊ စိုက်ပျိုး ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊သီ လ၀ါစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက် ရေး၊ ရေသုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးစသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်းသတင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ဂျပန်နိုင်ငံသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ရာတွင် နှစ်ဦးနှစ် ဖက်   အကျိုးဖြစ်ထွန်းရေးအ တွက်သာမက မြန်မာနိုင်ငံအ တွက် ရေရှည်အကျိုးရှိရေး၊ ပြည် သူများအား အလုပ်အကိုင်ဖန်တီး ပေးနိုင်ရေး၊ နိုင်ငံအတွင်းရှိ ဒေသ များအားလုံးမျှတစွာဖွံ့ဖြိုးတိုး တက်နိုင်မည့်အစီအစဉ်များချ မှတ်ဆောင်ရွက်နိုင်ရေးစသည့်အ ချက်များ ထည့်သွင်းစဉ်းစားရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်ကဆိုသည်။
ယခုနှစ်မေလအတွင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့လာရောက်ကာ နိုင် ငံတော်သမ္မတဦးထင်ကျော်၊ ပြည် ထောင်စုဝန်ကြီးဒေါ်အောင်ဆန်း စုကြည်တို့နှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။

http://www.7daydaily.com/story/73806

No comments: