Friday, August 19, 2016

တော်လှန်ရေး လက်နက်ကိုင်ဘ၀ နဲ. ခေါင်းဆောင်လုပ်သူတွေ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှု။

တော်လှန်ရေး လက်နက်ကိုင်ဘ၀ နဲ. ခေါင်းဆောင်လုပ်သူတွေ ရင်ဆိုင်ရတဲ့
စိန်ခေါ်မှု။
 
19 August 2016

 ဥပဒေမဲ့ နယ်မြေ ထစ်ကနဲဆို လိုရင်လိုသလို မလိုရင်မလိုသလို ကျွန်းပင်အောက် အသက်ပျောက်တတ်တဲ့ ရေကြမ်းမြေကြမ်း။ အနယ်နယ်အရပ်ရပ်က ရောက်လာတဲ့ ဇ ရှိတဲ.လူငယ်တွေ၊ အဲဒီကြားတည်း နယ်စပ်တလျှောက် ပျံကျလုပ်စားနေတဲ့ လူတွေ။ တော်လှန်ရေးထဲမှာ မ တရာသားတွေ အကုန်ပါလာတယ်။ ဒီကြားတည်း အချင်းချင်းကြား သွေးကွဲအောင် လုပ်တတ်တဲ့ ရန်သူ.လူ လို့ ထင်ရတဲ့သူတွေရဲ့ ထိုးခွဲမှုကလည်း ရင်ဆိုင် ရပြန်တယ်။ အုပ်စု တိုကိပွဲတွေကလည်း တမှောင့်။
စားရေးနေရေး အလွန်ဆင်းရဲ၊ ငှက်ဖျားဒဏ်နဲ. လုံးလယ်လိုက်ချိန်မှာ ခေါင်းဆောင်မှု အတွေ့အကြုံနုတဲ့ ကျနော်တို့အားလုံး ပြသနာတွေကို ဖြေရှင်းဘို့ ဧရာမ
စိန်ခေါ်မှုကြီးတွေ ရင်ဆိုင်ခဲ့ရတယ်။ ဒီလို အခြေအနေမျိုးကြားမှာ တသွေးတသံ
တမိန်. နာခံတဲ့ လက်နက်ကိုင် တော်လှန်ရေးတပ် တည်ဆောက်ရတာ
ထင်ထားတာထက် အများကြီး ခက်ပါတယ်။ ပြောမယုံ ကြုံဘူးမှ သိပါလိမ့်မယ်။
နားလယ်ပေးဘို. မပြောလိုပေမဲ. သင် ကိုယ်တိုင် အဲဒီလို နေရာမျိုးရောက်နေရင်
ဘယ်လို ဦးဆောင်မှုမျိုးဟာ အကောင်းဆုံးဖြစ်မလည်းဆိုတာ စဉ်စား ကြည့်ပေးပါ။ သမရိုးကျ စစ်တပ်တည်ဆောက်တဲ့ နည်းနဲ. သွားလို. မရဘူးဆိုတာ
ရှင်းပါတယ်။
လစာတွေ၊ ခံစားပိုင်ခွင့်တွေ မရှိတဲ့ လက်နက်ကိုင်တော်လှန်ရေး လုပ်တာပါ။ ဇ ရှိတဲ့ ယောကျားတွေချည်းဘဲ။ လူတိုင်း လက်နက် ကိုင်ထားတယ်။ ဘာ ခံစားပိုင်ခွင့်မှ မရှိဘူး။ သေရင် လျော်ကျေးမရဘူး။ ကံကောင်းရင် အလောင်းမြေမြှပ်ပြီး
ဆွမ်းကျွေးနိုင်မယ်။
အသက်ပေးဆပ်သွားသူတွေကို အလေးပြုပါတယ်။
ပြည်ချစ်တွေလို နယ်စပ်တကျောမှာ အဖျောက်ဖျက် မခံရဘဲ အောက်ခြေရဲဘော်တွေ အပါအ၀င် နိုင်ငံတကာရောက်သွားအောင် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်မှုတွေကို လေးစားတယ်။ ဒီကနေ.လက်နက်ကိုင် တော်လှန်ရေး မလုပ်နိုင်တော့ပေမဲ့ ဒီမိုကရေစီအရေးနဲ. နိုင်ငံ ပြန်လည်တည်ထောင်အရေး အတွေးအခေါ်နဲ့
အသိပညာပိုင်းဆိုင်ရာ တိုက်ပွဲတွေမှာ ကျနော်တို. ရဲဘော် ညီအကိုတွေ
ရှိနေပါသေးတယ်။
 

No comments: