Wednesday, August 24, 2016

ရထားလမ်းနှင့် ကားလမ်းနှစ်မျိုးပါဝင်သည့် ဧရာဝတီတံတား(ဟင်္သာတ) တည်ဆောက်မည်

 
 ရထားလမ်းနှင့် ကားလမ်းနှစ်မျိုးပါဝင်သည့် ဧရာဝတီတံတား(ဟင်္သာတ) တည်ဆောက်မည်
 
 
 
မန်းဂျော်နီ's photo.
 
 
 

 ===================================
ရထားလမ်းနှင့် ကားလမ်းနှစ်မျိုးပါဝင်သည့် ဧရာဝတီတံတား(ဟင်္သာတ) တည်ဆောက်မည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
နေပြည်တော် သြဂုတ် ၂၂
ဧရာဝတီတံတား(ဟင်္သာတ) စီမံကိန်းတည်ဆောက်ရေးအတွက် စီမံကိန်းအ ကောင်အထည်ဖော်နိုင်စွမ်းလေ့လာမှုကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အောက်ရှိ မြန်မာ့မီးရထားဌာနနှင့်ညှိနှိုင်းပြီး ရထားလမ်းနှင့်ကားလမ်းနှစ်မျိုး ပါဝင်သည့် တံတားအမျိုးအစားတည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ စီမံကိန်းအဆိုပြု လွှာ တင်ပြလျှောက်ထားပြီး ဂျပန်နိုင်ငံ၏ ချေးငွေရရှိနိုင်ရန် ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရရှိပြီးပါက စီးပွားရေးရာကော်မတီမှ တစ်ဆင့် နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြအတည်ပြုချက်ရယူပြီး ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်း အဝေး ၁၈ ရက်မြောက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း၏ “ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နှင့် ပဲခူးတိုင်းဒေသကြီး လက်ပံတန်း မြို့နယ် သာရဝေါကျေးရွာတို့ကို ဆက်သွယ်ပေးမည့် ဧရာဝတီမြစ်ကူးတံတား တည် ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တံတားကြီးတည်ဆောက်ပြီးပါက အချိန်အခါမရွေး အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်မည့်အပြင် ဟင်္သာတခရိုင်၊ ပုသိမ်ခရိုင်အပါအ၀င် ဧရာဝတီတိုင်းဒေသကြီးမှ လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များ၊ ကြံခင်းမှဘိလပ်မြေများကို ဟင်္သာတမှ တစ်ဆင့် တံတားကြီးကိုဖြတ်သန်း၍ သာရဝေါ-လက်ပံတန်း-ပြည်မှတစ်ဆင့် မြန်မာပြည် အထက် ပိုင်းသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဘက်သို့လည်းကောင်း၊ မင်းလှ-စိန်ကန့် လန့်လမ်းမှ ပဲခူးရိုးမကိုကျော်ဖြတ်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်း ကျောက်တံခါးမြို့သို့ ရောက်ရှိနိုင်ပြီး မြန်မာပြည်တစ်ဝန်းသို့ ပို့ဆောင် ဆက်သွယ်သွားလာနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်၏ လူမှုစီးပွားရေးဘ၀ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း။
ယခုအချိန်တွင် ကုန်တင်ယာဉ်ကြီးများ အသုံးပြုသယ်ယူပို့ဆောင်နေသည့် အခြေအနေမှ မီးရထားလမ်းထည့်သွင်း တည်ဆောက်ခြင်းအားဖြင့် ကုန်ပစ္စည်းများ ကို မီးရထားဖြင့်သယ်ယူပို့ဆောင်မည်ဆိုပါက ကုန်စည်ဈေးနှုန်းများလည်း လျော့နည်း သက်သာနိုင်မည်ဖြစ်ပါကြောင်း၊ ဧရာဝတီ(ဟင်္သာတ)တံတားကြီးကို အတိုးနှုန်းသက် သာသော နိုင်ငံခြားချေးငွေဖြင့်တည်ဆောက်ခြင်းဖြင့် နိုင်ငံတကာအဆင့်မီ တံတားကြီး တစ်စင်း ရရှိမည်ဖြစ်သည့်အပြင် မြန်မာအင်ဂျင်နီယာများလည်း နိုင်ငံတကာအဆင့်မီ နည်းပညာများ ရရှိလာမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဖြေကြားသည်။
Ref: MOI Webportal Myanmarhttps://www.facebook.com/MOIWebportalMyanmar/posts/950933868367813

မန်းဂျော်နီ's photo.
မန်းဂျော်နီ's photo.
 
 

No comments: