Sunday, August 28, 2016

၂၁ ရာစုပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံထဲမှာ ကျင်းပပြုလုပ်

၂၁ ရာစုပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံထဲမှာ ကျင်းပပြုလုပ်
၂၈ သြဂုတ်လ ၂၀၁၆
 
၂၈ သြဂုတ်လ ၂၀၁၆ နေ့ တွင်၂၁ ရာစုပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံထဲမှာ ကျင်းပပြုလုပ်ခဲ့ပြီး စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လက်မှတ်များလည်းကောက်ခံခဲ့ကာ အခမ်းအနားသို့ လူထောင်ချီ တက်ရောက်ခဲ့ ပါသည် ။
...
၂၁ ရာစုပင်လုံညီလာခံကို ထောက်ခံကြိုဆိုကြောင်း နှင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားကြောင်း လက်မှတ်ထိုး ဆန္ဒပြုကြရာ အနုပညာရှင်များ ၊ တိုင်းရင်းသားလူမျိုးများ ၊ ပြည်သူ့ ရဲများ အပါအ၀င် ရဟန်းရှင်ကျောင်းသားပြည်သူများ မှ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြပါသည် ။
စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးလက်မှတ်ထိုး လှုပ်ရှားမှုမှ ကောက်ခံရရရှိသော ပြည်တွင်းပြည်ပမှ လက်မှတ်များကို စက်တင်ဘာလ နောက်ဆုံးပတ် ၂၀၁၆ တွင် နောက်ဆုံးထားပြီး ၂၁ရာစုပင်လုံညီလာခံကျင်းပရေး ကော်မီတီိ ၊ ပြည်သူ့ အစိုးရ နှင့်သက်ဆိုင်ရာ အဖွဲ့ အစည်းအသီးသီးသို့  တရားဝင် ပေးပို့ တင်ပြသွားမှာ ဖြစ်ပါသည် ။
စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး လက်မှတ်ထိုးလှုပ်ရှားမှု အင်အားစု
 
ဓာတ်ပုံများ Credit: လင်္ကာသစ် ၊ Yebaw Tun Aung Kyaw

*************************************************************
 
 ၂၁ရာစုပင်လုံပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ လူထုထောက်ခံပွဲကို ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဒုပန်းခြံတွင် ယနေ့( သြဂုတ်လ၂၈)ရက် မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည် ။ အဆိုပါအခမ်းအနားကို ရာဂဏန်းမျှသော ပရိသတ်များ တက်ရောက်ခဲ့ကြပြီး ဦးကိုကိုကြီး ၊ မုံရွာအောင်ရှင် ၊ ဦးထင်လင်းဦး ၊ ဗေလုဝတို့က အမှာစကားပြောကြားခဲ့ကာ အနုပညာရှင်များကလည်း တေးဂီတများဖြင့် ဖျော်ဖြေခဲ့ကြသည်။
 













 


 
 

No comments: