Monday, August 22, 2016

ဖျက်သိမ်းထားသည့် ကော်မတီရှစ်ခုကို ပြန်လည်ဖွဲ့စည်းမည်ဟု ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဆို

ဖျက်သိမ်းထားသည့် ကော်မတီရှစ်ခုကို ပြန်လည်ဖွဲ့စည်းမည်ဟု ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဆိုMonday, August 22, 2016
 
ဒီချုပ်ပါတီ ပြန်ကြားရေး ကော်မတီအပါအ၀င် ဖျက်သိမ်း ထားသည့် ကော်မတီရှစ်ခုကို စက်တင်ဘာတွင် ပြန်လည်ဖွဲ့ စည်းမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုအ လုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင် ရှင်က ပြောသည်။
...
ဒီချုပ်အနေဖြင့် အစိုးရသစ် မဖွဲ့မီ မတ်လ ၁၂ ရက်က ပါတီမှ ဖွဲ့စည်းထားသည့် ကော်မတီ ၁၂ ခုကို အသစ်ပြန်လည်ဖွဲ့စည်းရန် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ လွှတ် တော်ရေးရာကော်မတီအပါအ ၀င် ပြန်ကြားရေး၊ ပညာရေး၊ကျန်း မာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တောင်သူလယ် သမားအရေး၊ အလုပ်သမားအ ရေး၊ အမျိုးသမီးရေး၊ စီးပွားရေး၊ ဥပဒေရေးရာ၊ တိုင်းရင်းသားအဖွဲ့ အစည်းများနှင့်ဆက်ဆံရေး၊ အ ခြားအဖွဲ့အစည်းများနှင့် ဆက်ဆံ ရေး စသည့်ကော်မတီများဖြစ် သည်။
ယခုပြန်လည်ဖွဲ့စည်းမည့် ကော်မတီများမှာ ပြန်ကြားရေး၊ စီးပွားရေး၊ အလုပ်သမားအရေး၊ တောင်သူလယ်သမားအရေး၊ အမျိုးသမီးအရေး၊ ပညာရေး၊ လူ မှုအထောက်အကူပြု၊ ဥပဒေ အ ထောက်အကူပြု စသည့်ကော်မ တီ ရှစ်ခုဖြစ်ကြောင်း ဦးအောင်ရှင် က ပြောသည်။
‘‘အစိုးသစ်ထဲမှာ ကော်မတီ ၀င်တော်တော်များများက ပါသွား တယ်လေ။ အဲဒီတော့ ကော်မတီ တွေ ယာယီဖျက်လိုက်ပြီးတော့မှ အခုပြန်ပြီး ဖွဲ့တာပေါ့။ လော လောဆယ်က လူလစ်လပ်နေတဲ့ နေရာတွေမှာ ပြန်ပြီးဖြည့်တင်းတဲ့ အလုပ်တွေ လုပ်နေရတာ အဲဒါ ပြီးရင်တော့ အကုန်ပြန်ဖွဲ့လိမ့် မယ်ထင်တယ်’’ဟု ဦးအောင်ရှင် က ပြောသည်။
ဇန်န၀ါရီကတည်းက ဒီချုပ် ပါတီ ပြန်ကြားရေးကော်မတီအ စား ပါတီ၏ မူဝါဒများ၊ အသွင် ကူးပြောင်းရေးကိစ္စများနှင့်ပတ် သက်၍ ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်တစ်ဦးတည်းသာ ပြောရေးဆိုခွင့်ရှိကြောင်း ဒီချုပ် က ကြေညာချက်ထုတ်ပြန်ခဲ့ သည်။ ထို့နောက် မတ်လ ၈ ရက် တွင် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင် အား ပါတီပြောရေးဆိုခွင့်ရှိသူအ ဖြစ် တိုးချဲ့တာဝန်ပေးခဲ့သည်။
7Day

No comments: