Friday, August 12, 2016

" ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင် ဖွဲ့စည်း "

" ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင် ဖွဲ့စည်း "
 
 13 August 2016
 
ကချင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကို ဆက်လက် ဆောင်ရွက်ရန် သင့်-မသင့် နှင့်စပ်လျဉ်း၍ လေ့လာ စိစစ် သုံးသပ်တင်ပြနိုင်ရန် “ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်“ ကို ဖွဲ့စည်းလိုက်ကြောင်း နိုင်င်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်သည်။
ကော်မတီတွင် စုစုပေါင်းအဖွဲ့ဝင် ၂၀ ဦး ပါဝင...
်ပြီး ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဥက္ကဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးပြည်ထောင်စုဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားခြင်း ဖြစ်သည်။
လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်သည် ဧရာဝတီ- မြစ်ဆုံမြစ် ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း များနှင့်စပ်လျဉ်း၍ အမျိုးသား အကျိုးစီးပွားတိုးတက်ရေးကို အခြေခံလျက် နိုင်ငံတော်နှင့် ပြည်ပ ရင်းနှီးမြှုပ်နှံ သူတို့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် သင့်လျော်သောနည်းလမ်းများ ရရှိစေရန် အောက်ပါ အချက်များကို လေ့လာစိစစ်ပြီး သုံးသပ်ချက်၊ အကြံပြုချက်များနှင့်အတူ အစီရင်ခံ တင်ပြရမည် ဖြစ်ပြီး
ပထမအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့အရောက် အစီရင်ခံ တင်ပြရမည်ဟု နိုင်ငံတော်သမ္မတလက်မှတ်ထိုး၍ ယနေ့သြဂုတ် ၁၂ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
 
 
 

No comments: