Monday, August 15, 2016

"စီးပွားရေး ဘယ်လောက် တိုးတက် တိုးတက် ငြိမ်းချမ်းရေး မရရင် ပြန်ပြိုလဲ သွားနိုင်တယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော"

"စီးပွားရေး ဘယ်လောက် တိုးတက် တိုးတက် ငြိမ်းချမ်းရေး မရရင် ပြန်ပြိုလဲ သွားနိုင်တယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော"

15 August 2016

 ================================================...
===
နေပြည်တော် သြဂုတ် ၁၅။ ။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က စီးပွားရေး ဘယ်လောက်ပဲ တိုးတက် တိုးတက် တိုင်းပြည် ငြိမ်းချမ်းရေး မရှိရင် ပြန်ပြိုလဲ သွားနိုင်တယ် လို့ ပြောပါတယ်။
အစိုးရသစ်ရဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု နှေးကွေးနေတယ် လို့ ဝေဖန်သံတွေ ထွက်ပေါ်နေချိန်မှာပဲ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် က" ရေရှည်မှာ ငြိမ်းချမ်းရေး မရှိပဲ နဲ့ ဘယ်လို စီးပွားရေး တိုးတက်မှုမျိုးကိုမှ ကျွန်မတို့ ထိန်းသိမ်းထားနိုင်မှာ မဟုတ်ပါဘူး ၊ စီးပွားရေး ဘက်က ဘယ်လောက်ပဲ တိုးတက် တိုးတက် ငြိမ်းချမ်းရေး ဆိုတာ မရှိဘူး ဆိုရင် တိုးတက်မှုတွေက ပြိုသွားနိုင်ပါတယ် ၊ အဲ့တော့ ကျွန်မတို့ အတွက် အဓိက အရေးကြီးတာ ငြိမ်းချမ်းရေး ဖြစ်ပါတယ် " လို့ ပြောတာပါ။
နေပြည်တော်မှာ ကျင်းပပြူလုပ်တဲ့ ဒုတိယ အကြိမ်မြောက ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UDPJC အစည်းအဝေးမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးက အရေးကြီးတယ် ဆိုလို့ စီးပွားရေးတွေ ၊ လူမှု ဖွံဖြိုးရေးတွေကို လစ်လျူရှုထားတာမျိုး မလုပ်ဘူး လို့လည်း သူမက ပြောပါတယ်။
Author\photo ဖေသက်ထက်ခင်
ကုမုဒြာ


Min Kyaw Thu Htay's photo.
Min Kyaw Thu Htay's photo.
 

No comments: